• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Monday, May 5, 2014

CD ထက် အချက်လက် အဆပေါင်းများစွာ ပိုစုနိုင်မယ့် ကက်ဆက်ခွေသစ်



Blu-ray disc ထက် အချက်အလက်သိုလှောင်နိုင်မှု
အဆပေါင်း ၃၇၀၀ ပိုများတဲ့ ကက်ဆက်ခွေမျိုးဆက်သစ်ကို Sony ချပြ

CD ခွေတွေ စတင်ပေါ်ထွက်လာပြီးကတည်းက နေရာပျောက်ခဲ့ရတဲ့ ကက်ဆက်ခွေတွေရဲ့ အခန်းကဏ္ဍကို ပြန်လည်အ
သက်သွင်းဖို့ အတွက် Sony ကော်ပိုရေးရှင်းရဲ့ ကြိုးပမ်းချက်ပါ။

ဂျပန်စီးပွားရေးလုပ်ငန်းစုဖြစ်တဲ့ Sony ဟာ ၁၈၅ TB ( Gb ၁၈၉၄၄၀) ပမာဏ အချက်အလက်သိုလှောင်နိုင်တဲ့ ကက်ဆက်
ခွေမျိုးဆက်သစ်ကို စတင်ဖန်တီးလိုက်ပါပြီ။
တစ်ကိုယ်ရည်သုံးသာမက အချက်အလက် ပမာဏအမြောက်အများကိုသိုလှောင်ထားဖို့ လိုအပ်တဲ့ စီးပွားရေးလုပ်ငန်းတွေ
နဲ့ အဖွဲ အစည်းတွေအတွက် အထူးဒီဇိုင်းပြုလုပ်ထားတာဖြစ်ပါတယ်။

သံလိုက်အမှုန့်တွေ ဖုံးအုပ်ထားတဲ့ ဒီ သံလိုက်တိပ်ခွေတွေကို လက်ရှိ လူထုဆက်သွယ်ရေးလမ်းကြောင်းတွေမှာ တွင်တွင်
ကျယ်ကျယ်အသုံးပြုနေကြပြီး ဒေတာပမာဏ ၂.၅ TB ကို မှတ်သားထားနိုင်ပါတယ်။
အရင်တုန်းကတော့ ဒီလောက်များပြားတဲ့အချက်အလက်ပမာဏကို သိုလှောင်နိုင်ဖို့အတွက်နည်းပညာကုမ္ပဏီတွေဟာ ဒေ
တာတွေကို သိမ်းထားမယ့် သံလိုက်ဓာတ်အမှုန်တွရဲ့ အရွယ်အစားကို ချုံ့ပစ်ဖို့လိုအပ်ပြီး ဒါဟာ တော်တော်ခက်ခဲပြီး ငွေကုန်
ကြေးကျများတဲ့ လုပ်ငန်းစဉ်တစ်ခုပါ။ ဒီလုပ်ငန်းစဉ်တော်တော် များများကလည်း ထင်သလောက်အကျိုးမဖြစ်ခဲ့ပါဘူး။

Sony ရဲ့ တိပ်ခွေသစ်တွေမှာ နည်းပညာသစ်တစ်ခုကို အသုံးပြုထားပြီး အာဂွန်အိုင်းယွန်းတွေကို ပေါ်လီမာဖလင်ပြားပေါ်
ပစ်လွှတ်ခြင်းအားဖြင့် အပြည့်အ၀ကောင်းမွန်တဲ့ ခရစ္စတယ်အမှုန်တွေကို တိကျတဲ့တစ်သမတ်ပုံစံအတိုင်း ရရှိပြီး အထူအား
ဖြင့် ၅ မိုက်ခရိုမီတာ သာ ရှိပါတယ်။ ဒီ အမှုန်သုတ်ကပ်ခြင်းနည်းပညာနဲ့ ချောမွေ့နူးညံ့တဲ့ သံလိုက်အလွှာတစ်ခုကို ပြုလုပ်
နိုင်ခြင်းကြောင့် Sony ဟာ ခရစ္စတယ်အမှုန်တွကို သူတို့ ရဲ့ပုံစံမပျက် အရွယ်အစားချုံ့နိုင်မှာ ဖြစ်ပါတယ်။

ဒီ Sony တိပ်ခွေတွေဟာ FujiFilm နဲ့ IBM တို့ ၂၀၁၀ ခုနှစ်က ထုတ်ခဲ့တဲ့ ဒေတာသိုလှောင်နိုင်မှု ၃၅ TB ရှိတဲ့ တိပ်ခွေတွေ
ထက် ငါးဆ ပိုပြီး သိုလှောင်နိုင်မှု များပါတယ်။
ဒီမျိုးဆက်သစ်တိပ်ခွေတွေကို ရောင်းချနိုင်ဖို့အတွက် ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပြီး ဒီနည်းပညာကို ပိုမိုထိရောက်အ
သုံးတည့်အောင် လုပ်ဆောင်သွားမှာဖြစ်တယ်လို့ Sony က ပြောကြားခဲ့ပါတယ်။

Ref: Dailymail.co.uk

Copy from http://www.trend.com.mm/2014/05/06/tech-2944