ကာတွန်း ဂျော်ဒီး – မပြီးဆုံးသေး ငြိမ်းချမ်းရေး
မေ ၆၊ ၂၀၁၄
Copy from http://moemaka.com/archives/37504
ကရင်တွေ ကရင်စကားတတ်အောင် သင်ကြပါ
May 07 2014
By မင်းစိုးစံ
စကား၊ စကား၊ ပြောပါများ၊ စကားထဲက ဇာတိပြ ဆိုတဲ့စကားလုံးကို ကြားဖူးကြသလို ကိုယ်တိုင်လည်း
ပြောဆိုသုံးနှုန်းဘူးမယ်လို့ ထင်ပါတယ်။
စာရေးသူတဦးက စကားဆိုတာ စလိုက်ရင် ကားသွားတတ်ပါတယ် တဲ့။
ဒါကြောင့် လူတွေရဲ့ ပါးစပ်ဖျားမှာ စကားနည်း ရန်စဲ ဆိုတဲ့ စကားလုံးကိုတွင်တွင်သုံးနေကြတာ ဖြစ်ပါလိမ့်
မယ် တဲ့။
အဲ စကားဆိုတာကလည်း စကားပြောတိုင်း ကောင်းကျိုးနှင့် ဆိုးကျိုးတို့ကို ဆင်ခြင်ကြရပါမယ် တဲ့။
တချို့ အင်မတန်ကို စကားပြောကောင်းကြပါတယ်။ နားထောင်လို့ကောင်းပါတယ်။
ဘာကြောင့် သူတို့စကားပြောကောင်းကြပါသလဲ။
ပြောပြီးပြီးရော ဆိုသူတွေရှိကြသလို ပြောတဲ့အတိုင်း လုပ်ကိုင်ဆောင်ရွက် အကောင်အထည်ဖေါ်ကြသူများ
လည်းရှိကြပါတယ်။
ဒါကတော့ စကားပြောကောင်းသူတွေ ကိုရည်ညွှန်းတာပါ။
စကားပြော မတတ်သူတွေလည်း အများမပြားရှိမှာပါ။
ဘာကြောင့် စကားပြော မတတ်ရတာလဲ။ အကြောင်းအမျိုးမျိုးရှိနိုင်ပါတယ်။
ဘုရားရှင်က စကားခြောက်ခွန်း၊ လူဝယ်ထွန်း၊ လေးခွန်းကိုပယ်၊ နှစ်ခွန်းတယ် လို့ ရှေ့ပညာရှိများရဲ့ လင်္ကာ
စကားနှင့်အညီ မပြောတတ်လို့များလားပေါ့လေ။
စကားပြောတတ်တာနဲ့ စကားပြောမတတ်တာ လို့ဆိုရာမှာ အပြောကောင်းတဲ့လူ အပြောမကောင်းတဲ့လူ လို့ ခွဲခြားထားဟန်တူပါတယ်။
ဗမာစကားပုံရှိပါတယ် နှုတ်ချို လျှိုတပါး ဆိုတာ။ အပြောကောင်းတဲ့လူတွေက လူချစ်လူခင်ပေါများသလောက်
စကားပြောမတတ်တဲ့ လူတွေကျတော့ အပြောကောင်းသူလောက် အပေါင်းအသင်းမများတာကို တွေ့ရနိုင်ပါ
တယ်။
စကားမတတ်သူဆိုတာ ရှိပါတယ်။ စကားမတတ်သူတွေထဲမှာ တဘက်လူက ဘာပြောတယ်ဆိုတာကို နား
မလည်လို့ ဘာပြန်ပြောရမှန်း မသိသူနဲ့ တဘက်ကပြောတာကို နားလည်ပေမယ့် ဘာပြန်ပြောရမလဲဆိုတာ
မတတ်တဲ့သူ ဆိုပြီးရှိမယ်လို့ထင်ပါတယ်။ (ဆွံ့ အ နားမကြား မပါ)
ရန်သူကို တိုက်လျင် ရန်သူ့စကားကို နားလည်ဘို့ လိုအပ်တယ် လို့ တော်လှန်ရေးနယ်မြေက ရဲဘော်တဦးရဲ့
စကားကို ကြားဘူးပါတယ်။ မှန်တာပေါ့။ တဘက်ရန်သူရဲ့ စကားကိုနားမလည်နိုင်ပဲနဲ့ ထိရောက်တဲ့ ခုခံစစ်
တန်ပြန်ထိုးစစ်စတာတွေ လုပ်နိုင်မှာမဟုတ်ပါဘူး။ နောက်ဆုံးမှာ မိမိစခန်းကို လက်လွှတ်ဆုံးရှုံးရတာမျိုးအ
ထိ ဖြစ်ရတတ်ပါတယ်။
(လူအင်အား၊ လက်နက်အင်အား၊ စည်းရုံးရေးအင်အား စစ်ဆင်ရေးနည်းဗျူဟာ အားလုံး တူညီသည်။)
အဲဒီတော့ ကျုပ်တို့ကရင်တွေ ဗမာစကားကိုတတ်အောင် သင်ကြပါတော့တယ်။ ရယ်(ရီ)စရာကြီးလို့ ပြောဘို့
ပြင်နေပြီမဟုတ်လား။ တကယ်ပြောတာပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်းခြောက်ဆယ်ကျော်လောက်က သထုံခရိုင်အ
တွင်းမှာရှိတဲ့ ကရင်ရွာလေးတရွာမှာ ကရင်ဘုန်းတော်ကြီးတပါးဟာ သူ့ကျောင်းမှာရှိနေတဲ့ ဦးဇင်း၊ ကိုရင်၊
ကျောင်းသား အားလုံးကို အဖွဲ့လေးတွေဖွဲ့ပြီး ဗမာစကားကို စသင်ပေးပါတော့တယ်။
သူဖွဲ့လိုက်တဲ့အဖွဲ့တွေကတော့ ထောက်လှမ်းရေးအဖွဲ့နဲ့၊ ပုလိပ်အဖွဲ့ ဖြစ်ပါသတဲ့။
ထောက်လှမ်းရေးအဖွဲ့ဝင်က ဦးဇင်းတွေ ကိုရင်တွေ ကျောင်းသားတွေ ဗမာစကားပြောနေသလား၊ ကရင်လို
ချည်း သက်သက်ပြောနေသလား၊ ကရင်နဲ့ ဗမာညှပ်ပြီးပြောသလား စသည်ဖြင့် ထောက်လှမ်းရင်း ပုလိပ်အ
ဖွဲ့ကို သတင်းပို့ရပါတယ်။ ပုလိပ်အဖွဲ့က ဗမာစကားမပြောသူတွေကိုခေါ်ပြီး ဘုန်းကြီးရှေ့အရောက် ပို့ရပါ
တယ်။
ပြီးတော့မှ ဘုန်းတော်ကြီးက ဒါဏ်ပေးတဲ့အနေနဲ့ ကျောင်းဝင်းထဲမှာ သန့်ရှင်းရေးလုပ်ခိုင်းပါသတဲ့။
ဒီလိုနဲ့ အကောင်အထည်ဖေါ်လာလိုက်တာ တလ နှစ်လအတွင်းမှာ အစီအစဉ်တွေ ရပ်သွားပါတော့တယ်။
မရပ်လို့ မဖြစ်ပါဘူး။ ထောက်လှမ်းရေးလုပ်တဲ့လူကို ပုလိပ်ဆီသတင်းပို့ရမလားဆိုပြီး ရိုက်ပုတ်ကြပါတယ်။
ပုလိပ်ကိုလည်း ဘုန်းကြီးဆီပို့ရမလား ဆိုပြီး ချိန်းခြောက် ရိုက်ပုတ်ကြတာမို့ နောက်ဆုံးတော့ဘုန်းတော်ကြီး
ရဲ့ ဗမာစကားပြောဆိုရေး လုပ်ငန်းဟာ ပျက်ပြယ်သွားပါတော့တယ်။
အခုတော့ ကရင်တွေထဲမှာ ကရင်စကားပြောတဲ့လူ အရမ်းနည်းသွားပါပြီ။
ဗမာပြည်ထဲက ကရင်တွေက ဗမာစာသင်၊ ဗမာစကားပြော၊ ထိုင်းရောက်နေတဲ့ ကရင်တွေက ထိုင်းစာသင်၊
ထိုင်းစကားပြော၊ အမေရိကန်ရောက်နေတဲ့ကရင်တွေက အင်္ဂလိပ်စာသင်၊ အင်္ဂလိပ်စကားပြော၊ နော်ဝေး၊ ကနေဒါ၊ နယူးဇီလန်၊ နယ်သာလန်၊ စတဲ့စတဲ့ နိုင်ငံက ကရင်တွေလည်း အတူတူပဲဆိုတော့ ကရင်တွေ က
ရင်စကားကို ပြန်သင်ရမယ့်အနေအထားကို ရောက်မှန်းမသိရောက်လာနေပါပြီ။
ပိုဆိုးတာကတော့ ကရင်အများစုဟာ မိမိရောက်နေတဲ့ မိမိနေထိုင်နေတဲ့နိုင်ငံကယဉ်ကျေးမှုတွေကို လုံးလုံး
လျားလျား အတုယူလက်ခံကျင့်သုံးကြတဲ့အပြင် မိမိယဉ်ကျေးမှုထုံးစံတွေကို ပစ်ပယ်လိုက်ကြလေတော့ကာ
ရန်သူကို တိုက်ချင်တဲ့ကရင်တွေ ကိုယ့်စကားကို ကိုယ်တတ်အောင်လုပ်ကြ လို့သာပြောရတော့မယ်ထင်
ကြောင်းပါ။
ကျန်းမာချမ်းသာကြပါစေ။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုကခြသည်တဦး)