• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Friday, May 9, 2014

တရုတ်နှင့် အာရှနိုင်ငံအချို့ အခြေအနေ


တရုတ်နှင့် အာရှနိုင်ငံအချို့ အခြေအနေ

(ကူးယူတင်ပြခြင်း ဖြစ်သည်)

ထိုင်ဝမ်အား အမေရိကန်လက်နက်ရောင်းချမှု
တရုတ် ပြတ်ပြတ်သားသားဆန့်ကျင်

2014-04-10

မကြာမီက အမေရိကန်အောက်လွှတ်တော်သည် ထိုင်ဝမ်နှင့်ဆက်ဆံရေးဥပဒေ၏ အရေးကြီးမှုကို အတည်ပြုရန်နှင့် ထိုင်
ဝမ်အား ရေတပ်သင်္ဘောများလွှဲပြောင်းပေးအပ်ခြင်း ဆိုင်သော အဆိုပြုချက်မူကြမ်းကို အတည်ပြုခဲ့ပါသည်။
၎င်းကိုရည်စူးပြီး တရုတ်ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကင်ယိန့်ရှိန်က တရုတ်သည် အမေရိကန်က ထိုင်
ဝမ်အား ခေတ်မီလက်နက်များရောင်းချမှုကို ပြတ်ပြတ်သားသားဆန့်ကျင်ကြောင်း ၉ ရက်နေ့က ပြောကြားခဲ့သည်ဟု သိရ
ပါသည်။

Copy from http://myanmar.cri.cn/666/2014/04/10/1s30472.htm

တျောက်ယွီကျွန်းအား ဂျပန်-အမေရိကန်လုံခြုံမှုထိန်းသိမ်းရေးစာချုပ်နှင့်
ဆက်စပ်ရာအဖြစ် ထည့်သွင်းမည်ဆိုခြင်း တရုတ်ပြတ်သားစွာဆန့်ကျင်

2014-04-24

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှပြောရေးဆိုခွင့်ရှိသူ ချင်ကန်းက ယမန်နေ့၂၃ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် အမေရိ
ကန်သမ္မတအိုဘားမားက တျောက်ယွီကျွန်းသည် ဂျပန်အမေရိကန်လုံခြုံမှုထိန်းသိမ်းရေးစာချုပ်ပါ သတ်မှတ်ချက်နှင့် ကိုက်
ညီသည်ဟုဆိုခဲ့ကြောင်း၊ ထည့်သွင်းရေးနှင့်ပတ်သက်၍ တရုတ်အနေနှင့် ပြတ်သားစွာဆန့်ကျင်ကြောင်း တစ်ချိန်တည်း
တွင် အမေရိကန်သည် ပိုင်နက်နယ်မြေအချုပ်အခြာပိုင်ခွင့်ပြဿနာအပေါ် ရပ်တည်ချက်မထားသည့် သက်ဆိုင်ရာ ကတိခံဝန်
ချက်ကို လိုက်နာသင့်ကြောင်းပြောကြားခဲ့သည်ဟု တရုတ်သတင်းဌာနမှသတင်းအရ သိရပါသည်။

Copy from http://myanmar.cri.cn/666/2014/04/24/1s30696.htm


ဖိလစ်ပိုင်အား ရန်စမှုကိုရပ်ပြီး တောင်ပင်လယ်ဒေသငြိမ်းချမ်းရေုးထိန်းသိမ်းရန် တရုတ်ပန်ကြား

2014-04-25

တရုတ်နိုင်ငံတော် ကာကွယ်ရေးဝန်ကြီးဌါနမှပြောရေးဆိုခွင့်ရှိသူ ယန်ယူကျွန်းက ရင်အက်ကျွန်းသည် တရုတ်ပြည်နန်ဆား
ကျွန်းစု၏အစိတ်အပိုင်းဖြစ်၍ တရုတ်အနေနှင့် ဖိလစ်ပိုင်၏ရင်အက်ကျွန်းကို မည်သည့်နည်းလမ်းနှင့်မဆို ကျူးကျော်သိမ်း
ပိုက်ထားခြင်းကို လက်ခံမည်မဟုကြောင်း၊ ဖိလစ်ပိုင်အား ရန်စမှုကိုရပ်ပြီး တောင်ပင်လယ်ဒေသ၏ငြိမ်းချမ်းရေးကို ထိန်း
သိမ်းပန်ကြားကြောင်း ယမန်နေ့၂၄ရက်နေ့က ပြောကြားခဲ့သည်ဟု တရုတ်သတင်းဌါနမှ သတင်းအရသိရပါသည်။

Copy from http://myanmar.cri.cn/666/2014/04/25/1s30718.htm




ဘာသာတရားကိစ္စဖြင့် တရုတ်ပြည်တွင်းရေး
အမေရိကန် ဝင်ရောက်စွက်ဖက်ခြင်းကို ရပ်ဆိုင်းရန် တရုတ်တိုက်တွန်း

2014-05-05

ယမန်နေ့၎ရက်နေ့တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ချင်ကန်သည် အမေရိကန်နိုင်ငံတ ကာဘာ
သောတရား လွတ်လပ်စွာ ကိုးကွယ်ရေးကော်မတီက ထုတ်ပြန်ခဲ့သည့် ၂၀၁၄ခုနှစ် အစီရင်ခံစာထဲတွင် တရုတ်နိုင်ငံအား
အထူးအလေးထား စောင့်ကြည့်ရမည့်နိုင်ငံဟု ဆက်လက်သတ်မှတ်ထားခြင်းနှင့်ပတ်သက်၍ သတင်းထာက်၏မေးမြန်း
ချက်ကို ဖြေကြားရာတွင် တရုတ်အစိုးရအနေနှင့် ဥပဒေအရ တရုတ်ပြည်သူများ၏လွတ်လပ်စွာ ဘာသာတရားကိုးကွယ်
ခြင်းအခွင့်အရေးကို ကာကွယ်ကြောင်း၊ ယခုနှစ်များအတွင်း ယင်းကော်မတီကထုတ်ပြန်သော အစီရင်ခံစာထဲတွင် တရုတ်
နှင့်ပတ်သက်သည့်အကြောင်းအရာမှာ မမှန်ကန်ကြောင်း၊ တရုတ်အနေနှင့် အမေရိကန်အား တဖက်သတ်အမြင်ကိုစွန့်
လွှတ်ရန်တိုက်တွန်းကြောင်း၊ ဘာသာတရားကိစ္စဖြင့် တရုတ်ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်ခြင်းကိုရပ်ဆိုင်းရန် တိုက်
တွန်းကြောင်း ပြောပါသည်။

Copy from http://myanmar.cri.cn/666/2014/05/05/1s30880.htm


ဖိလစ်ပိုင်-အမေရိကန်လှုပ်ရှားမှု
ဒေသတွင်းငြိမ်းချမ်းတည်ငြိမ်မှုအတွက် အကျိုးပြုရန် တရုတ်မျှော်လင့်

2014-05-06

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌါနမှ ပြောရေးဆိုခွင့်ရှိသူ ဟွာချွင်းယင်သည် ယမန်နေ့၅ရက်နေ့က ပုံမှန်သတင်းစာရှင်းလင်းပွဲ၌
ဖိလစ်ပိုင်နှင့်အမေရိကန်နှစ်နိုင်ငံတို့ စစ်ရေးပူးတွဲလေ့ကျင့်ပွဲကျင်းပခြင်းနှင့်ပတ်သက်၍ ပြောကြားခဲ့ရာတွင် အာရှပစိဖိတ်ဒေ
သ၏ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးသည် ဒေသတွင်းဘက်အသီးသီးတို့၏ အကျိုးစီးပွားနှင့်ကိုက်ညီကြောင်း၊ တရုတ်အနေ
နှင့် ဖိလစ်ပိုင်နှင့်အမေရိကန်တို့၏ လှုပ်ရှားမှုသည် ဒေသတွင်းနိုင်ငံများအကြားအပြန်အလှန်ယုံကြည်မှုနှင့် ဒေသတွင်းငြိမ်း
ချမ်းတည်ငြိမ်ရေးအတွက် အကျိုးသက်ရောက်မှုရှိနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်ဟု တရုတ်သတင်းဌါနမှသ
တင်းအရ သိရပါသည်။

Copy from http://myanmar.cri.cn/666/2014/05/06/1s30894.htm



ဂျပန်ခေါင်းဆောင်များ တရုတ်-ဂျပန်ဆက်ဆံမှုပြန်လည်ပုံမှန်ဖြစ်စေဖို့ကြိုးစားရန် တရုတ်ပန်ကြား

 2014-05-06

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူဟွာချွင်းယင်က တရုတ်ပြည်သည် ဂျပန်အာဏာလက်မဲ့ပါတီအပါအဝင်
ပြည်သူပြည်သားများအား တရုတ်-ဂျပန်ဆက်ဆံမှု ကောင်းမွန်စေရေးအတွက် အပြုသဘောဆောင်သောအခန်းကဏ္ဍမှ ပါ
ဝင်ရန်ကြိုဆိုကြောင်း၊ ဂျပန်ခေါင်းဆောင်များအား လက်တွေ့ဆောင်ရွက်မှုများနှင့် တရုတ်-ဂျပန်ဆက်ဆံမှု ပြန်လည်ပုံမှန်ဖြစ်
စေရန် ပန်ကြားကြောင်း၊ ၅-ရက်နေ့က ကျင်းပသောပုံမှန်သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအ
ရ သိရပါသည်။

Copy from http://myanmar.cri.cn/666/2014/05/06/1s30898.htm



ဖိလစ်ပိုင်အား တရုတ်ရေလုပ်သားများအား ပြန်လွှတ်ပေးရန် တရုတ် တောင်းဆို

2014-05-08

ဖိလစ်ပိုင်နိုင်ငံက တရုတ်ငါးဖမ်းသင်္ဘောကို ချုပ်နှောင်ခဲ့ခြင်းနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆို
ခွင့်ရှိသူ ဟွာချွင်ယင်က၊ တရုတ်နိုင်ငံသည် ပန့်ယွဲ့ကျော အပါအဝင် နန်ဆားကျွန်းစုနှင့် အနီးတဝိုက် ကျွန်းငယ်များအပေါ်
မငြင်းသာသော အချုပ်အခြာ အာဏာပိုင်ခွင့် ရှိကြောင်း၊ ဖိလစ်ပိုင် အနေနှင့် ချုပ်နှောင်ထားသော တရုတ်သင်္ဘောနှင့် ရေ
လုပ်သားများအား အမြန်ဆုံးလွှတ်ပေးရန် တောင်းဆိုကြောင်း၊ ဖိလစ်ပိုင်သည် ရန်စမှုမှန်သမျှ ဆက်မပြုလုပ်ရန် သတိပေး
လိုကြောင်း ၇ ရက်နေ့က ပြောကြားခဲ့သည်ဟု ဆင်ဟွာ သတင်းအရ သိရပါသည်။
ဖိလစ်ပိုင်အစိုးရသည် ၈ ရက်နေ့ နံနက်ပိုင်းက သတင်းထုတ်ပြန်ရာ၌ တရုတ် ရေလုပ်သား ၁၁ ဦးတို့အား ဖိလစ်ပိုင်တောင်
ပိုင်း ပရင်စေစာမြို့သို့ ပို့ဆောင်ခဲ့ပြီ ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

Copy from http://myanmar.cri.cn/666/2014/05/08/1s30931.htm


တရုတ်ရေနံတူးဖော်မှု ဗီယက်နမ်မနှောင့်ယှက်ရန် တရုတ်တောင်းဆို

2014-05-09

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန နယ်စပ်ပင်လယ်ရေးရာဦးစီးဌာနဒုညွှန်ကြားရေးမှူးချုပ် ယိရှိန်လျန်နှင့် တရုတ် CNOOC
ရေနံမြေဝန်ဆောင်မှုကော်ပိုရေးရှင်းလီမီတက် ပထမ-CEO လီယုန်တို့သည် တရုတ်ပြည်၏ နန်ဟိုင်ပင်လယ်၌ ရေနံတူး
ဖော်ရေးဆောင်ရွက်ခြင်းကို ရည်းစူးပြီး ၈-ရက်နေ့က သတင်းစာရှင်းလင်းပွဲကျင်းပခဲ့ရာတွင် ဗီယက်နမ်အား တရုတ်သက်
ဆိုင်ရာလုပ်ငန်းများကို မနှောင့်ယှက်ရန် တောင်းဆိုခဲ့ကြောင်း၊ စီအာအိုင် သတင်းအရ သိရပါသည်။

Copy from http://myanmar.cri.cn/666/2014/05/09/1s30955.htm