မေ ၅ ရက်က မြောင်းမြမြို့တွင် ကရင်လူထုနှင့် ကေအင်န်ယူတို့ တွေ့ဆုံပွဲကို တွေ့ရစဉ်
၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်ရာတွင်
ကရင်အမျိုးသား အားလုံးသာမက
တိုင်းရင်းသားအားလုံး ပါဝင်ရန်လိုအပ်ကြောင်း
ကေအင်န်ယူ ပြောကြား
May 6, 2014
Written by: မင်းသူဝင်းထွဋ်(မြောင်းမြ)
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကြောင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် အခက်အခဲဖြစ်နေကာ အခြေခံဥပဒေ
ကို ပြင်ဆင်ရန် လိုအပ်ကြောင်း၊ အခြေခံဥပဒေကို ပြင်ဆင်ရာတွင် ကရင်အမျိုးသား အားလုံးသာမက တိုင်းရင်းသားအား
လုံး ပါဝင်ရန် လိုအပ်ကြောင်း ကေအင်န်ယူ ဗဟိုကော်မတီဝင် ဖဒိုစောသမိန်ထွန်းက ပြောကြားခဲ့ပါသည်။
ဖဒိုစောသမိန်ထွန်းက အဆိုပါဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရန် လိုအပ်ကြောင်းကို မြောင်းမြမြို့ ရေတွင်းရေကန် ကျေး
ရွာရှိ ဦးစောဖူးကျမ်းစာ ကျောင်းခန်း၌ မြောင်းမြမြို့နယ်တွင်းရှိ ကရင်လူထုနှင့် ကရင်အမျိုးသား အစည်းအရုံး ဒုဥက္ကဋ္ဌနော်စီ
ဖိုးရာစိန် ဦးဆောင်သော ဗဟိုကော်မတီဝင်များ၏ တွေ့ဆုံပွဲနှုတ်ခွန်းဆက်စကားတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
"၂၀၀၈ဖွဲ့စည်းပုံအရ သမ္မတကလည်း ကာကွယ်ရေး ဦးစီးချုပ်ကို လွှမ်းမိုးလို့မရဘူး၊ ကာကွယ်ရေး ဦးစီးချုပ်ကလည်း သမ္မတ
ကို လွှမ်းမိုးလို့မရဘူး။
နိုင်ငံက ခေါင်းနှစ်လုံးနဲ့ မြွေဖြစ်နေတယ်။
သမ္မတကြီးက ကောင်းမွန်တဲ့ စကားတွေအမိန့်တွေ ထုတ်ပြန်လိုက် ကာကွယ်ရေးက ဖျက်လိုက်နဲ့ ၂၀၀၈ဖွဲ့စည်းပုံကို ဥပ
ဒေအရ တပ်မတော်က အသက်ပေး ကာကွယ်ပါ့မယ်လို့ ဆိုတာမှာ ဖျက်ပစ်တာကိုသာ ပြောတာ ဥပဒေအရ ပြင်လို့ရတယ်။
ကမ္ဘာကသိတဲ့ ခေါင်းဆောင်ကြီးဒေါ်အောင်ဆန်းစုကြည်တောင်မှ အရင်က လက်သီးလက်မောင်းတန်းပြီး ပြင်မယ်လို့ပြော
ခဲ့တာကနေ အခုတော်တော် အားလျော့လာတယ်။
ကျွန်တော်တို့ ကရင်အမျိုးသား တွေကလည်း စည်းလုံးစွာနဲ့ ပြင်ဆင်ဖို့ကြိုးစားရမယ်"
ဟု ဖဒိုစောသမိန်ထွန်း၏ ပြောကြားချက်အရ သိရသည်။
ဆက်လက်ပြီး ၎င်းက ပြည်တွင်းငြိမ်းချမ်းရေး လုပ်ဆောင်နေရာတွင် တိုက်ပွဲဖြစ်ပွားနေသည့်ကိစ္စတွင် မီဒီယာများ ဖော်ပြ
ချက်များနှင့် ပတ်သက်၍ ပြည်သူများအထင်မြင် မလွဲစေရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်များနှင့် အစိုးရ သဘော
တူစာချုပ်များ လက်မှတ်ထိုးထားသည်မှာ အမျိုးမျိုးရှိသောကြောင့် ဖြစ်ကြောင်း၊ ကရင်အမျိုးသား အစည်းအရုံးနေဖြင့် ပြည်
တွင်းစစ်၏ တရားခံအဖြစ်ကို မရောက်လိုကြောင်း ဆက်လက်ပြောကြားသည်။
"အသေအချာ ပြောမယ်ဆိုရင် အပစ်အခတ်ရပ်စဲရေးက မရသေးဘူး။
ကျွန်တော်တို့နဲ့ အစိုးရလက်မှတ်ထိုးထားတာက အပစ်အခတ်ရပ်စဲရေးအတွက် ကြိုးစားဆောင်ရွက်မယ်လို့ စာချုပ်ချုပ်ထား
တာ ကချင်နဲ့က တိုက်ပွဲတွေဖြစ်တာကို လျှော့ချဖို့ စာချုပ်ချုပ်တာ။
ပလောင်နဲ့က ဘာမှလက်မှတ် ထိုးတာမရှိသေးဘူး။
အခုကချင်နဲ့ တိုက်ပွဲတွေဖြစ်နေတာကို မီဒီယာတွေက ဖော်ပြတာမှာ ပြည်သူတွေ တစ်မျိုးထင်မှာစိုးလို့ ရှင်းပြတာ။
ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်နေတာ အဆင့်ဆင့် ရှိနေတယ်။
ကချင်နဲ့စာချုပ် ချုပ်တာမှာလည်း စစ်ပွဲလျှော့ချရေးဆိုတော့ အရင်ကစစ်ပွဲ ခုနစ်ဆယ်ဖြစ်တယ်။
အခုဆယ်ပွဲလောက်ပဲဖြစ်တယ်။
ကျွန်တော်တို့ ကရင်အမျိုးသား အစည်းအရုံးအနေနဲ့ ပြည်တွင်းစစ်မီးရဲ့ တရားခံ အဖြစ်မခံနိုင်ဘူး"
ဟု ၎င်းကဆက်လက် ပြောကြားသည်။
ဆက်လက်၍ ကရင်အမျိုးသား အစည်းအရုံး ဒုဥက္ကဋ္ဌ နော်စီဖိုးရာစိန်က ပွဲတက်ရောက်လာသူ ကရင်အမျိုးသားများ၏ မေး
ခွန်းများ မေးမြန်းမှုကို ပြန်လည်ဖြေကြားပေးခဲ့ပြီး ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်နေမှုနှင့် ပတ်သက်၍
"ငြိမ်းချမ်းရေးဆိုတာက အဖွဲ့နှစ်ဖွဲ့ထဲကပဲ စားပွဲပေါ်မှာထိုင်ပြီး ဖြေရှင်းရမယ့် ကိစ္စမဟုတ်ဘူး။
ပြည်သူလူထုတွေအားလုံး နားလည်သဘောပေါက်ပြီးတော့ လက်ခံအကြံဥာဏ်တွေပေးပြီး လုပ်ဆောင်ရမှာဖြစ်တယ်။
ကရင်အမျိုးသား အစည်းအရုံးနဲ့ နိုင်ငံတော်အစိုးရဟာ အခုချိန်မှာ အပစ်အခတ်ရပ်စဲမှု ခိုင်မာဖို့အတွက် ဆွေးနွေးနေတုန်းပဲ
ရှိပါသေးတယ်။
နိုင်ငံရေးအရ ဆွေးနွေးမှုအဆင့်ကို မရောက်သေးပါဘူး။
အဲဒါကတော့ တစ်ဆင့်ပြီးတစ်ဆင့် လုပ်ဆောင်ဆွေးနွေးရမှာ ဖြစ်ပါတယ်"
ဟု ပြောကြားခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲကို နံနက် ၉ နာရီခွဲ ခန့်တွင်စတင်ကာ ၁၁ နာရီခွဲခန့်တွင် ပြီးဆုံးခဲ့ပြီး မြောင်းမြမြို့နယ်တွင်းရှိ ကရင်အမျိုး
သားဦးရေ ၂၀၀ ကျော် တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
Copy from http://www.news-eleven.com/politic