• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Monday, May 5, 2014

အသည်းကင်ဆာရောဂါနဲ့ရုန်းကန်ခဲ့ရတဲ့ ဗြိတိသျှတင်းနစ်မယ် Elena Baltacha ကွယ်လွန်

ဗြိတိသျှတင်းနစ်မယ် Elena Baltacha
 Source photo from http://www.google.com/images

အသည်းကင်ဆာရောဂါနဲ့ရုန်းကန်ခဲ့ရတဲ့ 

ဗြိတိသျှတင်းနစ်မယ် Elena Baltacha ကွယ်လွန်

အသည်းကင်ဆာရောဂါနဲ့ရုန်းကန်ခဲ့ရတဲ့ အသက် ၃၀ အရွယ် ဗြိတိသျှတင်းနစ်မယ် Elena Baltacha ဟာ သူမရဲ့အင်္ဂလန်
နိုင်ငံက နေအိမ်မှာ တနင်္ဂနွေနေ့က ကွယ်လွန်ခဲ့ပါတယ်။

“ကျွန်တော်တို့ရဲ့ လှပချောမော၊ ပါရမီပြည့်ဝပြီး ရည်ရွယ်ချက်ပြတ်သားတဲ့ Bally ကို ဆုံးရုံးရတဲ့အတွက် စကားလုံးတွေနဲ့
ဖေါ်မပြနိုင်အောင် ၀မ်းနည်းကြေကွဲရပါတယ်။
သူမဟာကောင်းမွန်တဲ့လူတစ်ယောက်ဖြစ်ပြီးတော့ သူမရဲ့လှုံ့ဆော်မှုကောင်းတဲ့စိတ်ဓာတ်တွေ၊ နွေးထွေးမှုတွေ ကြင်နာမှု
တွေနဲ့ လူပေါင်းများစွာကို ထိတွေ့ဆက်ဆံခဲ့ပါတယ်”
လို့ အရင်က နည်းပြဖြစ်ခဲ့သူ သူမရဲ့ခင်ပွန်း Nino Severino ကကြေငြာခဲ့ပါတယ်။

သူတို့နှစ်ဦးဟာ ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလက လက်ထပ်ခဲ့တာဖြစ်ပြီး ဇန်န၀ါရိလမှာတော့ Baltacha တစ်ယောက်ကင်ဆာရော
ဂါဖြစ်ပွားနေတာကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။
သူမဟာ ဆယ်ကျော်သက်အရွယ်ကတည်းကစလို့ နာတာရှည်အသည်းရောဂါနဲ့ ပင်မအစဖြစ် အသဲခြောက်ရောဂါတွေကို
ခံစားလာခဲ့ရတာပါ။

Baltacha ဟာယူကရိန်းနိုင်ငံမှာမွေးဖွားခဲ့သူဖြစ်ပြီး သူမမိသားစုနဲ့အတူ ၁၉၈၉ ခုနှစ်မှာ အင်္ဂလန်နိုင်ငံကို ပြောင်းရွှေ့ခဲ့တာ
ဖြစ်ပါတယ်။
သူမဖခင်ဟာ ကြေးစား ဘောလုံးသမားတစ်ယောက်ဖြစ်ခဲ့ပြီး သူမအမေက အိုလံပစ်ပြိုင်ပွဲမှာ pentathlon နဲ့ heptahlon
ပြိုင်ပွဲတွမှာ ၀င်ပြိုင်ခဲ့ပါတယ်။
Baltacha ဟာ ပြီးခဲ့တဲ့နှစ်က သူမရဲ့အားကစားသမားဘ၀ကနေ အနားယူခဲ့တာဖြစ်ပါတယ်။
သူမရဲ့ အားကစားသမားဘ၀အတွင်း တစ်ကိုယ်တော် title ဆုပေါင်း ၁၁ ခုရခဲ့ပြီး ပူးတွဲ title လေးခုရခဲ့ပါတယ်။

အသည်းကင်ဆာရောဂါနဲ့ရုန်းကန်ခဲ့ရတဲ့ ဗြိတိသျှတင်းနစ်မယ် Elena Baltacha
 Source photo from http://www.google.com/images

Copy from http://www.trend.com.mm/2014/05/06/tennis-2945