• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Saturday, July 19, 2014

စားဝတ်နေရေး အမှားနဲ့အမှန်



စားဝတ်နေရေး အမှားနဲ့အမှန်


ဖိနပ်မစီးဘဲ ကြမ်းပြင်ပေါ် လမ်းလျှောက်ခြင်း

လူငယ် တော်တော်များများဟာ ဖိနပ်မပါခြေဗလာနဲ့ ကြမ်းပြင်ပေါ်မှာ လမ်းလျှောက်လေ့ရှိတယ်။
အဲဒါဟာ ကျန်းမာရေးအတွက် ဆိုးကျိုးဖြစ်စေတတ်တယ်။
ခြေထောက်ဟာ လူရဲ့ ဒုတိယနှလုံးဖြစ်တယ်လို့ ဆိုစမှတ် ပြုနေကြတယ်။
ခြေထောက် နွေးထွးအောင် အအေးမမိအောင် ပြုမူနေထိုင်ဖို့ လွန်စွာ အရေးကြီးတယ်။
နံနက် စောစောအိပ်ရာထတဲ့အခါ ခြေထောက်ဟာ ပြင်ပကအပူချိန်နဲ့ လိုက်လျာညီထွေမဖြစ်သေးတဲ့အ
တွက်ကြမ်းပြင်ပေါ်ဖိနပ်မပါဘဲလျှောက်ရင် အအေးမိတတ်တယ်၊ ဗိုက်အောင့်၊ ဝမ်းလျှော တတ်တယ်။
အချိန်ကြာလာတဲ့အခါ အစာအိမ်နဲ့ အူ ကျန်းမာရေးကို ထိခိုက်တတ်တယ်။
ဒါကြောင့်မို့လို့ အကောင်းဆုံးကတော့ကြမ်းပြင်ပေါ်မှာ ပျော့တဲ့ ဂွင်းထိုးဖိနပ်(သို့)ညှပ်ဖိနပ် တစ်ရံကို စီးထား
သင့်ပါတယ်။

တဟားဟားရယ်မောခြင်း

တဟားဟား ရယ်မောရင် လူကိုယ်ခန္ဒာထဲမှာ stress ဟိုမုန်းကို လျော့နည်းလာစေနိုင်တယ်။
stress ဟိုမုန်း နည်းလေလေ မှတ်ဥာဏ်အတွက် ကောင်းကျိုးရှိလေလေပါပဲ။
အဲဒါဟာ ထူးဆန်းတဲ့ ဖြစ်ရပ် တချို့ရဲ့ အဖြေပဲ ဖြစ်တယ်။
ဥပမာ ပညာရည် ထူးချွန်တဲ့ ကျောင်းသား တစ်ယောက်က စာမေးပွဲအတွက် ပြည့်ပြည့်စုံစုံစာကျက်ပြင်ဆင်
ထားပေမယ့် ရုတ်တရက်ဆိုသလို သင်ယူကျက်မှတ်ထားတဲ့ဥစ္စာ အားလုံးကို မေ့တတ်တယ်။ သိပ္ပံပညာရှင်တွေက၊ တဟားဟားရယ်မောခြင်းဟာ သွေးထဲရှိ endorphin ပမာဏကို တိုးလာ စေနိုင်ပြီး ဦးနှောက်လျှပ်စစ်ဓါတ်လှိုင်းကို ပြောင်းလဲစေကာ မှတ်ဥာဏ် ပိုမိုအားကောင်း လာစေနိုင်တယ်။

အသံတိုးတိုး စာဖတ်ခြင်း

အသံကျယ်ကျယ် စာဖတ်ရင် ဦးနှောက်အတွင်း အောက်ဆီဂျင်ဓါတ် ပေးဝေမှုကို တိုးလာစေနိုင်ပြီး ဦးနှောက်
ရဲ့အပြင်သားကို ပိုမိုသွက်လက် ရှင်သန်လာစေကာ မေ့လျော့တတ်ခြင်း၊ စာလုံးပေါင်းတာ မှားတတ်ခြင်း၊ တိ
ကျမှန်ကန်စွာ စကားမပြောတတ်ခြင်း စတဲ့ဝေဒနာတွေကို လျော့နည်းလာစေနိုင်တယ်။
နေ့တိုင်း ဆယ်မိနစ်ကျော်ကြာ အသံကျယ်ကျယ် စာဖတ်ရင် မှတ်ဥာဏ်အားကောင်းလာစေနိုင်ပြီး အိုမင်းမှု
ဖြစ်စဉ်ကို နှေကွေးလာစေနိုင်တဲ့အပြင် အဆုတ်ရဲ့အသက်ရှူ ပမာဏလည်း တိုးလာစေနိုင်ကာ စိတ်အင်အား
ပြည့်ဖြိုးလာစေနိုင်တယ်။

Copy from http://myanmar.cri.cn/666/2014/07/16/1s32005.htm