• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Saturday, July 19, 2014

မင်္ဂလာလက်ထပ်ပွဲ မှတ်တမ်း

မင်္ဂလာလက်ထပ်ပွဲ မှတ်တမ်း

By မင်းစိုးစံ
အေးဗျာ။ ကျုပ်လည်း ဘာစိတ်ကူးတွေပေါက်နေလဲမသိဘူး။
စာရေးတာလည်း အဆီအငေါ်မတည့်၊ စာလုံးပေါင်းတွေကလည်း မှား။
မရေးပဲလည်း မနေနိုင်။
နောက်ဆုံးတော့ ကျုပ်တူမလေး မင်္ဂလာဆောင်တဲ့နေ့က ရိုက်ထားတဲ့ ဓါတ်ပုံတွေကို ရုပ်သံလုပ်ပြီးတင်ဘို့
စိတ်ရူး အဲလေ စိတ်ကူးပေါက်ပြီး တင်လိုက်မိတယ်။
ပျော်စရာတော့အကောင်းသား။ ဦးပါအိတို့နဲ့ပြန်ဆုံဖြစ်တယ်။
ဒုက္ခသည်စခန်းမှာ ကော်ဖီဆိုင်ဖွင့်တဲ့ ဦးပါအိ လေ။ မသိတဲ့လူက ခပ်ရှားရှား။
ဝှေ့ကလုတ် ဒုက္ခသည်စခန်းက လူတွေအသိဆုံးပေါ့။
တတိယနိုင်ငံကို ပြောင်းရွှေ့နေထိုင်သွားကြတဲ့ စခန်းကလူကြီးတွေအချို့အကြောင်း ပြောဖြစ်တယ်။
ရှေးဟောင်းနှောင်းဖြစ်တွေ။

အကောင်းတော့ သိပ်မပါဘူး။ အဆိုးချည်းသက်သက်လည်း မဟုတ်ပြန်ဘူး။
ဒုက္ခသည်ဘ၀ရဲ့ မလုံခြုံမှု၊ အကြောက်တရားနဲ့ အသက်ရှင်နေထိုင်ရမှု၊ ခက်ခဲကြတ်တည်းမှု၊ လူ့အခွင့်အရေး
ချိုးဖေါက်ခံရတာတွေ။
မပေးချင်ပဲ ပေးရတာတွေ၊ ပေးချင်လို့ ပေးလိုက်တာတွေ၊ မပေးချင်ပေးချင်နဲ့ ပေးလိုက်ရတာတွေ၊ အစုံပေါ့။
ပြောမဆုံးပေါင် တောသုံးတောင် ဆိုတာကြားဘူးမှာပေါ့နော်။
ပြောသမျှသာ ရေးချလိုက်ရလို့များတော့လား။
ဘတ်မိတဲ့ ကာယကံရှင်တွေ(ဒုက္ခသည်စခန်းလူကြီးအချို့) ရဲ့ ငယ်ကျိုးငယ်နာတွေ ပေါ်ကုန်မယ်ထင်တာပဲ။
အေးဗျာ။ မင်္ဂလာယူတဲ့ အကြောင်းရေးတဲ့ဥစ္စာ၊ အ,မင်္ဂလာတွေ ရေးမိတယ်။
တလက်စတည်း မိုးမခမှာ ကဗျာဆရာ ဆောင်းလူရေးတဲ့ ငါ အကောင် ဆိုတဲ့ကဗျာက ကျုပ်ရင်ထဲကို စူးနစ်
မွန်းကြတ်မှုအပြည့် တိုးဝင်လာတဲ့အတွက် အောက်မှာ ထပ်ဆင့်ရေးချလိုက်ပါတယ်။

ငါ … အကောင်

ဆောင်းလူ၊ ဇူလိုင် ၁၁၊ ၂၀၁၄

ဟိုတခေတ်
တော်လှန်ကြတယ်ဆိုတုန်းက
သူပုန်ကြီးတွေရဲ့
လက်တိုလက်တောင်း အခိုင်းခံရတဲ့ကောင် …။

အခု
တော်လှန်ခေတ်ကုန်
ပြန်ပေါင်းထုတ်ကုန်ကြပြန်လေတော့
မိဝေး ဖဝေးနဲ့ အိမ်မဲ့ ယာမဲ့ကောင် …။

ဒါ့ကြောင့်ပြောတယ်
အိမ်မဲ့ ယာမဲ့ပေမယ့်
ဒါ့ကြောင့် ပြောတယ်
စာမတတ် ပေမတတ်ပေမယ့်
ငါ … အကောင်ပါလို့ …။

Copy from http://moemaka.com/archives/38671

အောက်က ခနော်နီ ခနော်နဲ့ ရုပ်သံဖိုင်လေးကို အောင့်အည်းသည်းခံပြီး နားအညီးခံလိုက်ကြပါစို့လား။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)