• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Tuesday, July 22, 2014

တယောက်နဲ့ တယောက်လက်ညှိုးမထိုးကြပဲ လက်ညှိုးကွေးပြီး လက်တွဲကြ

ဇာဂနာ
Source photo from http://www.google.com/images

တယောက်နဲ့ တယောက်

လက်ညှိုးမထိုးကြပဲ လက်ညှိုးကွေးပြီး လက်တွဲကြ

 By ပွင့်ဆန်း

နိုင်ငံတော်အတွက် နိုင်ငံတော်အစိုးရတွင် အဆင့်ဆင့်သောတာဝန်များရှိသကဲ့သို့ နိုင်ငံသား များတွင်လည်း
နိုင်ငံသားအခွင့်အရေးနှင့် နိုင်ငံသားတာဝန်များအသီးသီးရှိပြီး တာဝန်ရှိမှု၊ တာဝန် သိမှုသာမက တာဝန်ယူမှု
များလိုအပ်လျက်ရှိသေးကြောင်း ၂၀၁၄ ဇူလိုင် ၁၈ရက်နေ့က ဘားအံ့မြို့ ဇွဲကပင်ခန်းမ,တွင် ဆရာဇာဂနာက
ဒေသခံများကိုပြောသည်။

“နိုင်ငံသားတွေဘက်က ဘာတွေရှိလဲ။
နိုင်ငံသားတစ်ယောက်ဟာ ဆေးကုသခွင့်ရှိတယ်။
သူ့ရဲ့ မကျေနပ်တဲ့အကြောင်းတွေကို လမ်းပေါ်ထွက်ပြီး ဆန္ဒပြခွင့်ရှိတယ်။
ဒါအခွင့်အရေး၊ တာဝန်မဟုတ်ဘူး။
နိုင်ငံသားတိုင်း ဆန္ဒပြုမယ်ဆိုတဲ့တာဝန်တွေ တစ်ခါမှမကြားဖူးဘူး။ အဲဒါသေချာတယ်။
အခွင့်အရေးကိုလိုချင်ရင် ကိုယ့်တာဝန် ကိုယ်ကျေပွန်ဖို့လိုပါလိမ့်မယ်။
ဒါဆို ဘယ်လိုလုပ်ရမလဲ။
တကယ့်တကယ်က ပြောင်းပြန်လှန်ပြီး စဉ်းစားကြည့်ကြရအောင်ပါ။
အခု ကျွန်တော်တို့ရှေ့မှာရှိနေတဲ့ဝန်ကြီးချုပ်ကြီးကို သမ္မတကြီး က တာဝန်ပေးတယ်ဆိုရင် အဲဒီ သမ္မတကြီး
ကိုဘယ်သူက ခန့်ထားသလဲ။
သူ့ကိုရော ဘယ်သူက တာဝန်ပေးတာလဲ။
သမ္မတကြီးကို ဂေါတမမြတ်စွာဘုရားက တာဝန်ပေးတာတော့မဖြစ်နိုင်ပါဘူး။
သမ္မတကြီးကိုပြည်သူ့လွှတ်တော်က တာဝန်ပေးလိုက်တာပါ။
အဲဒီ ပြည်သူ့လွှတ်တော်ကို ဘယ်သူက တာဝန်ပေးလိုက်လဲ ကျွန်တော်တို့မဲတွေနဲ့ တာဝန်ပေးလိုက်တာ”

“အဲတော့ နိုင်ငံသားတို့ရဲ့တာဝန်ဟာ ကိုယ့်တိုင်းပြည်ကိုအုပ်ချုပ်မယ့် ကျွန်တော်တို့အကျိုးကို သယ်ပိုးမယ့်။
တိုင်းပြည်တာဝန်ထမ်းဆောင်ပေးမယ့် ခေါင်းဆောင်ကို မဲပေးရမယ့်တာဝန် နိုင်ငံသားတွေဘက်က ကျေပွန်
ဖို့ လိုပါတယ်။
အဲဒီမဲကို မှန်မှန်ကန်ကန်ရွေးချယ်တတ်ဖို့ လိုပါတယ်။
ကျွန်တော်တို့က တာဝန်ကျေပြီးရောဆိုပြီး မဲရုံမှာ ရေးချင်တာရေးရော၊ ခွမ် ဆိုထည့်လိုက်ရော၊ ပြီးတော့မှ
အပြစ်တွေထိုင်ပြောနေလို့ မဖြစ်ပါဘူး”ဟု ဆရာဇာဂနာကပြောသည်။

ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပါရမီစွမ်းအင်ကုမ္ပဏီများ ပူးပေါင်းကျင်းပ,သည့် တာဝန်သိမှု၊ တာဝန်ရှိမှု အ
လုပ်ရုံဆွေးနွေးပွဲတွင် အစိုးရဌာနဆိုင်ရာဝန်ထမ်းများ အများစုပါဝင်သည့် ဘားအံဒေသ,ခံများကို ဆရာဇာဂ
နာက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ဆရာဇာဂနာ၊ ဆရာမာဂျေ၊ ဆရာလယ်တွင်းသားစောချစ်၊ ဆရာဇော်သက်တွေး၊ ဆရာမ ဆွေဇင်ထိုက်၊ ဆ
ရာမ ဒေါ်ပြုံးပြုံးအောင်၊ ဆရာမ ဒေါ်အေးမိစံတို့ ပါဝင်သော (တာဝန်ရှိ၊ တာဝန်သိသူများအဖွဲ့) သည် ကရင်
ပြည်နယ်အစိုးရအဖွဲ့နှင့် ပေါင်းစပ်ညှိနှိုင်းကာ ၂၀၁၅နှင့် ရှေ့နိုင်ငံတော်အတွက် တာဝန်နှင့်အခွင့်အရေး ဆိုင်
ရာများကို ဒေသ,တွင်းဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများကို ချပြဆွေးနွေးခဲ့ကြသည်။

အိမ်နီးချင်းနိုင်ငံများအပါအ၀င် နိုင်ငံတကာရှိနိုင်ငံသားတို့၏တာဝန် နှင့် နိုင်ငံသားအခွင့်အရေးခြားနား မှုများ
ကို ဆရာဇာဂနာက ဆက်လက်ပြောကြားရာ၌
“အိန်္ဒိယက ခုလောလောဆယ်တက်လာတဲ့ ၀န်ကြီးချုပ် သူက တက္ကသိုလ်ကျောင်းသားတွေကို တွေ့တဲ့အချိန်
မှာ မေးခွန်းတစ်ခုမေးတယ်။
“သားတို့သမီးတို့ မင်းတို့ တိုင်းပြည်အတွက် (၁၀)မိနစ်လောက်အချိန်ပေးနိုင်မလား။
ပေးနိုင်မှ ငါ့စကားကိုနားထောင်ပါ။
မင်းတို့ပြောတဲ့ ငါတို့အစိုးရ၊ တော်တော်သောက်သုံးမကျတဲ့ အစိုးရ၊ ငါတို့အစိုးရအလုပ်လုပ်နေတဲ့ ဒီမိုကရေ
စီယန္တရား တော်တော်ညံ့ဖျင်းတယ်မင်းတို့ပြောတယ်။
ငါတို့နိုင်ငံရဲ့လကြောင်းလိုင်းက အဆင့်မမှီဘူး။
ငါတို့နိုင်ငံရဲ့ရထားလိုင်းက တော်တော်စုတ်ချာတယ်။
ငါတို့နိုင်ငံရဲ့လျှပ်စစ်မီးက ဘယ်တော့မှမမှန်ဘူး။
(ကျွန်တော်တို့နိုင်ငံကို စောင်းပြောနေသလိုခံစားရပါတယ်။ အိန်္ဒိယ၀န်ကြီးချုပ်လို့ ကျွန်တော်အစထဲကပြော ပါတယ်)
အဲဒီလိုမင်းတို့ပြောတယ်။
ဟုတ်ပါပြီ၊ ငါတို့အစိုးရ တာဝန်မကျေတာတွေ မင်းတို့ပြောတယ်။
ငါ လက်ခံပါတယ်။
ကောင်းပါပြီ။
မင်းတို့ကို ငါတစ်ခုပြန်မေးပါရစေ”

“မင်းတို့ စင်ကာပူနိုင်ငံကိုသွားပြီးတော့ တို့အိန္ဒိယမှာလို အမှိုက်တစ်ခုလမ်းမ,ပေါ်ပစ်ရဲလား။
အိန္ဒိယမှာလို ကွမ်းတံတွေးကို ထွီလို့ထွေးရဲလား။
သြစတြေးလျနိုင်ငံ ကုန်စုံဆိုင်တစ်ခုဝင်ပြီး မုန့်တွေ ဒီလိုဒီလိုယူရဲလား။
ယိုးဒယားနိုင်ငံ ဘန်ကောက်မှာ ည ၁၂နာရီ တစ်မိနစ်စွန်းသွားတာနဲ့ ဆိုင်ထဲက ဘီယာပုလင်းကို မင်း သွား
ယူရဲလား။
အမေရိကန်နိုင်ငံ ၀ါရှင်တန်ဒီစီလမ်းမ,ကြီးပေါ် ၅၅ကီလိုထက် ပိုပြီး မင်း ကားမောင်းရဲလား။
တကယ်လို့များ ပိုမောင်းမိလို့ ရဲက ဖမ်းရင် ရဲကို ဟေ့ကောင် ငါ့အဖေဘယ်သူလဲ မင်းသိလား။
ငါဘာကောင်လဲ မင်းသိလား။
အဲဒီလို မင်း ပြန်မေးရဲသလား။
စင်ကာပူနိုင်ငံရဲ့ ဝေါချပ်လမ်းမ,ကြီးပေါ်မှာ ညနေ ၅နာရီကျော်ရင် မင်း ကားတက်မောင်းရဲလား။ သူတို့နိုင်ငံတွေရဲ့ စည်းမျဉ်းစည်းကမ်း၊ သူတို့ ဘာကြောင့်တိုးတက် တာလဲဆိုတာ နိုင်ငံသားတစ်ယောက်ရဲ့
တာဝန်ကျေကျေပွန်ပွန် ဟောဒီလိုလုပ်နေလျက်နဲ့ မင်းတို့ကျတော့ မလုပ်ဘူး။
ငါတို့အစိုးရကျတော့ လက်ညှိုးထိုးတယ်။
မင်းတို့လည်း တာဝန်ကျေ၊၊ ငါတို့လည်း တာဝန်ကျေမယ် လို့ အိန်္ဒိယ၀န်ကြီး ချုပ်ကပြောတာပါ”
ဟု ဆရာဇာဂနာက နိုင်ငံတော်အစိုးရနှင့် နိုင်ငံသားတို့တွင် အသီးသီးတာဝန်ရှိကြောင်း နိုင်ငံတကာအတွေ့
ကြုံ များဖြင့် ပြောကြားသည်။

ထို့ပြင် ယခင်က နိုင်ငံတော်အစိုးရကို အတင်းတုတ်သည့်အထဲတွင် မိမိ  (ဇာဂနာ)သည် ထိပ်ဆုံးမှ ပါဝင်
ကြောင်း၊ ယခင်က ပြောရမည့်အချိန်ဖြစ်သော်လည်း ယခုအခါ ပြောနေဖို့ထက် လက်တွေ့ လုပ်ကြဖို့အရေး
ကြီးကြောင်း၊ တစ်ဦးနှင့်တစ်ဦး အပြစ်တင်သည့်လက်ညှိုးများဖြင့် ထိုးနေမည့်အစား လက်ညှိုးလေးများကွေး ကာ တစ်ဦး နှင့် တစ်ဦး ချိပ်ဆက်လက်တွဲပြီး ပေါင်းစပ်ညှိနှိုင်းလုပ်ဆောင်ကြရန် ဆန္ဒပြုပါကြောင်းပြောကြား
သွားခဲ့သည်။

ပွင့်ဆန်း

Copy from http://www.hotnewsweekly.com/node/2939