• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Wednesday, July 23, 2014

အယုံလွယ်၍ အခက်မကြုံစေချင်


အယုံလွယ်၍ အခက်မကြုံစေချင်

July 23 2014 Wednesday

By မင်းစိုးစံ

ကရင့်ရိုးရာခြည်ဖြူဖွဲ့ပွဲတော်မတိုင်မှီ အခါသမယ,မှာ ကရင်လူမျိုးများနဲ့တကွ ပြည်ထောင်စုဗမာနိုင်ငံတော်
(ပြည်ထောင်စုမြမ္မာနိုင်ငံတော်)အတွင်း မှီတင်းနေထိုင်ကြကုန်သော တိုင်းရင်းသားလူမျိုးများအားလုံး ကျန်း
မာပကတိ လန်းဖြာစွာရှိကြပါစေ ဆိုတဲ့ ဆုတောင်းနဲ့ နှုတ်ခွန်းဆက်သ,လိုက်ပါတယ်ခင်ဗျား။

ကရင့်ရိုးရာခြည်ဖြူဖွဲ့ပွဲကို ကျင်းပရတဲ့ရည်ရွယ်ချက်က ကရင်တွေအယုံမလွယ်မိစေဘို့၊ မသမာသူတွေရဲ့ ဖျား
ယောင်းသွေးဆောင်မှုကို သတိထားဘို့၊ ကိုယ့်မိဘပိုင် လယ်မြေ ယာမြေတွေကို ထိန်းသိမ်းစောင့်ရှောက်
ဘို့၊ မိမိကိုယ်ခန္ဓာနဲ့ အသိတရားတွေ မြဲမြံနေဘို့ ဆိုပြီး ဟိုး တိဗက်ကုန်းပြင်မြင့်က စ,ထွက်လာကတည်းက ကရင်လူကြီးတွေက အမျှော်အမြင်ရှိရှိ ကျုပ်တို့ကို အမွေပေးခဲ့တာ။

လူတယောက်ဟာ အသိတရားနဲ့ ကိုယ်ခန္ဓာ ကပ်မနေတော့ဘူးဆိုလျင် အမှန်လား အမှားလား ဆိုတာဝေ
ဘန်သုံးသပ်နိုင်ဘို့မဆိုထားနဲ့ ဘာကိုမျှမသိနိုင်တော့ပါဘူး၊ ဒါကြောင့်လည်း ကရင်လူကြီးသူမတွေက ကျုပ်
တို့ကို ဟှိုင့်ဍေဏါ. ဏဲါလာ.လ်ုဃှေဝ် ဍးဍေမေံ ဏဲါလာ.ဏင်ပေ၀့် ဆိုတဲ့ စကားနဲ့ ဆုံးမ,ထားခဲ့တာပေါ့။
အဓိပ္ပါယ်က နားနဲ့ကြားရရုံလေးနဲ့ မယုံပါနဲ့၊ မျက်စေ့နဲ့မြင်ရလျင်တော့ နည်းနည်းလောက်ယုံပါတဲ့။
ကျုပ်တို့ကရင်လူမျိုးက အယုံသိပ်လွယ်တာ၊ ဒါကြောင့်ကရင်လူကြီးသူမ,တွေက အဲဒီလို ဆုံးမထားတာ။

ကရင်တွေချည်း အယုံလွယ်သလားဆိုတော့ မဟုတ်ဘူး။
ဘ၀, နာတဲ့လူ၊ အားကိုးရာ ရှာကြတဲ့လူ၊ ဆင်းရဲတွင်း နစ်နေတဲ့လူ အဲဒီလိုလူတွေထဲက တွေးခေါ်သုံးသပ်
တတ်တဲ့အသိ နည်းပါးကြသူတွေ အယုံလွယ်တတ်ကြပါတယ်။ ဘ၀နာတဲ့လူ ဆိုလို့ နည်းနည်းရှင်းပြပါရစေ၊
ဘ၀နာတဲ့လူက သူကြုံတွေ့ရင်ဆိုင်ခဲ့တဲ့အကြောင်းအရာပေါ်အခြေခံတဲ့ ပြဿနာမှန်သမျှကို တော်ရုံတန်ရုံမယုံ
တတ်ပေမယ့် သူယုံမိသွားပြီဆိုလျင် ဘာကိုမျှမစဉ်းစားမတွေးတောတော့ပဲ ပစ္စလက္ခတ် ယုံပါတော့တယ်။
ခုခေတ်စကားနဲ့ ပြောမယ်ဆိုလျင် ပက်ပက်စက်စက် ယုံတယ်ပေါ့။
သူတို့ချည်းလားဆိုတော့ မဟုတ်ပါဘူး။ လောဘကြီးတဲ့လူအတော်များများဟာလည်း မယုံသင့်မယုံထိုက်ဘူး
ဆိုတာကို သိပေမယ့် ရပေါက်ရလမ်းကြောင့် မျက်စေ့မှိတ် နားပိတ်ပြီး ယုံတတ်ကြပါတယ်။
ပြီးတော့ အခြားတပါးသောသူတွေ သူတို့လိုယုံကြည်ဘို့အတွက် နည်းလမ်းပေါင်းစုံသုံးပြီး စည်းရုံးသိမ်းသွင်း
ပါတယ်။ 
ဗမာစစ်အစိုးရ(မြမ္မာအစိုးရ) ဆိုတာ ရက်စက်နည်းပေါင်းစုံ၊ နှိပ်စက်နည်းပေါင်းစုံ၊ ဖိနှိပ်နည်းပေါင်းစုံ၊ လိမ်တဲ့
ညာတဲ့နည်း အမြောက်အများကို ကိုလိုနီတွေ ဖက်ဆစ်တွေစီက စုစည်းသိုမှီးကျင့်သုံးလာတာဆိုတော့ ပြည်
သူတွေကို ဘယ်လိုလုပ်လိုက်လျင် ဘယ်လိုပြောလိုက်လျင် ဘာတွေဖြစ်လာနိုင်တယ်ဆိုတာကို သိထားလေ
တော့ကာ ဒီကနေ့အထိ လိမ်ညာလှည့်ဖျားမှုတွေသုံးပြီး ပြည်သူတွေရဲ့ဘ၀ကို အညွန့်တုန်းအောင် လူစဉ်မမှီ
အောင် ခြေမွဖျက်ဆီးနေတာဖြစ်ပါတယ်။

အခုလည်း လာပြန်ပါပြီ
"သတင်းမီဒီယာတချို့ရဲ့ လက်ရှိဖြစ်စဉ်ဖြစ်ရပ်များနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ)နဲ့
စာနယ်ဇင်းသတင်းမီဒီယာသမားများ အသီးသီးတင်ပြလာမှုများကို လွှတ်တော်အနေဖြင့်လည်း အလေးထား
စဉ်းစားသုံးသပ်ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ ပြည်ထောင်စုအစိုးရအဖွဲ့ အနေဖြင့်လည်း စဉ်းစားဆောင်
ရွက်ပေးမည်ဟု ယုံကြည်ပါသည်။
ထိုသို့ စဉ်းစားဆောင်ရွက်ပေးမှုကို အချိန်မီရှင်းလင်းဖော်ပြခြင်းအားဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများ၏ စိုး
ရိမ်စိတ်များပြေပျောက်ပြီး အထင်အမြင်လွဲမှားမှုများလည်း လျော့နည်းပပျောက်ပြီး ဒီမိုကရေစီ ပြုပြင်ပြောင်း
လဲရေးလုပ်ငန်းစဉ်များ ပိုမိုအဆင်ပြေချောမွေ့နိုင်မည်ဟု စသဖြင့် သုံးသပ်ဆောင်ရွက်နိုင်ပါရန် ပေးပို့အပ်ပါ
သည်"

လက်ရှိအချိန်မှာ သတင်းမီဒီယာကဏ္ဍကို စတုတ္ထမဏ္ဍိုင်အဖြစ်သတ်မှတ်နေရာပေးထားချိန်မှာ အတွေ့အကြုံ
နုနယ်ပြီး လုပ်ကိုင်ဆောင်ရွက်လိုစိတ်ပြင်းထန်တဲ့အတွက် လွန်ကဲတဲ့ရေးသားမှုတွေရှိနိုင်ကြောင်းနဲ့ ပြည်
ထောင်စုအစိုးရအနေနဲ့ စိတ်ရှည်သည်းခံဖို့ လိုအပ်ကြောင်း သူရဦးရွှေမန်း ရဲ့ သ၀ဏ်လွှာမှာ ပါရှိပါတယ်။

နိုင်ငံတော်လျှို့ဝှက်ပေါက်ကြားမှု ဥပဒေနဲ့ ယူနတီဂျာနယ် အမှုဆောင်အရာရှိချုပ်နဲ့ သတင်းထောက် ၄ဦးကို
ထောင်ဒဏ် ၁၀နှစ်စီ ချတယ်။
မွန်းတည့်နေဂျာနယ် အယ်ဒီတာ ၄ ဦး၊ သတင်းထောက် ၁ ဦးနဲ့ ထုတ်ဝေသူတို့ကိုလည်း ဖမ်းထားတယ်။
ဒါ့အပြင်ကို မြန်မာငြိမ်းချမ်းရေးစင်တာရှေ့မှာ နိုင်ငံတော်သမ္မတကို မီဒီယာဖိနှိပ်မှုရပ် ဆိုတဲ့စာတန်းပါ အင်္ကျီ
ဆင်တူဝတ်ပြီးဆန္ဒပြခဲ့တဲ့ သတင်းထောက်တချို့ကို ပုဒ်မ ၁၈နဲ့ တရားစွဲဦးမယ်။

Copy from http://www.rfa.org/burmese

ဒါကို အခြခံပြည်သူလူထုအများစုအနေနဲ့ ဘယ်လိုမြင်ကြသလဲဆိုတာတော့ ကျုပ်လည်း မပြောတတ်ဘူး။
ကျုပ်မြင်တာကတော့ အင်မတန်ကိုထင်ရှားတဲ့ ကလိန်ကကျစ်လုပ်ရိုးလုပ်စဉ် လုပ်ရပ်ဟောင်းတခုပါပဲ။
အဲဒီလိုတွေ သူတို့အုပ်စု(ဗမာ့စစ်အစိုးရ) လိုသလိုဖိနှိပ်ညှင်းပမ်းနိုင်တဲ့ ဘာညာကွိကွ ဥပဒေတွေထုတ်ပြီး
ထင်သလို ထောင်တွေချ အရေးယူ ပြီးတော့ လျှော့ပေးသလိုလို သဘောထားကြီးသလိုလို ဒီမိုကရေစီစနစ်
ကိုပဲ သွားတော့မယောင်ယောင်နဲ့ လက်ဝါးချင်းရိုက်ပြီး တိုင်းရင်းသားပြည်သူတွေကို လိမ်နေတာ။

အတွေ့အကြုံနုသလေး ဘာလေးနဲ့၊ သတင်းထောက်ဆိုတာ ကိုယ့်ပညာနဲ့ လူထုကိုသိသင့်သိထိုက်တဲ့ သ
တင်းတွေနဲ့ အသိပေးနေတာလေဗျာ။
ဗမာစစ်အစိုးရ(မြမ္မာအစိုးရ)က မေးခွန်းထုတ်စရာတွေ ရှိလာနိုင်ပါတယ်။
သိတော့ရော ဘာလုပ်မလဲ။
သိတော့ သတိရှိတာပေါ့။
သတိရှိတော့ ဘာဖြစ်လဲ။
သတိရှိနေလျင် မဆုံးရှုံးသင့်တာတွေ မဆုံးရှုံးဘူးပေါ့။
ဘာတွေ ဆုံးရှုံးနေလို့တုန်း။
အဲဒီမေးခွန်းကိုတော့ ကျုပ်လည်း ဘယ်လိုပြန်ဖြေရမှန်းတောင် မသိတော့ဘူး။

ဗိုလ်ကြီးဟောင်း နေမျိုးဇင် ဘတ်ဘို့ ဆိုတဲ့ စာထဲမှာ ကျုပ်ရေးပြဘူးပါတယ်။
ခေတ်အဆက်ဆက်ကနေ ဒီကနေ့ထက်တိုင် ဗမာစစ်အစိုးရ(မြမ္မာအစိုးရ) ဦးဆောင်ပြီး လုပ်နေတဲ့လုပ်ရပ်
တွေအားလုံးဟာ ကရင်အထမ်းသမားတယောက်အပေါ် ဗမာစစ်သားထားတဲ့ စေတနာလောက်တောင်မရှိ
ဘူးဆိုတာ အားလုံးမြင်တွေ့ကြမှာပါ။

ဒါကြောင့် ကရင်လူမျိုးတွေရဲ့ ခြည်ဖြူဖွဲ့ပွဲမှာ အယုံမလွယ်ကြပါစေနဲ့လို့ ဆန္ဒပြုရင်း အောက်မှာ ချီဖြူဖွဲ့ပွဲကို ကြို
ဆိုတဲ့အနေနဲ့ သီချင်းဟောင်းလေးတပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)