• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Monday, August 11, 2014

ဂျပန်၏ "ကာကွယ်ရေးစက္ကူဖြူစာတမ်း"ဝေဖန်ချက် တရုတ်တုံ့ပြန်

အရှေ့အာရှ ထိပ်သီးအစည်းအဝေး၏ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်နေသည့်
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ

ဂျပန်၏ "ကာကွယ်ရေးစက္ကူဖြူစာတမ်း"ဝေဖန်ချက်

တရုတ်တုံ့ပြန်

2014-08-11

ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနမှ ယခုလ (၅)ရက်နေ့က ထုတ်ပြန်သော ၂၀၁၄-ခုနှစ် "ကာကွယ်ရေး စက္ကူ
ဖြူစာတမ်း" နှင့်ပတ်သက်၍ တရုတ်နိုင်ငံတော်ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မစ္စတာ ယန်
ယွီကျွင်းက (၁၀)ရက်နေ့က ပြောကြားရာ၌ ၄င်းစက္ကူဖြူစာတမ်းတွင် တရုတ်ပြည်၏ နိုင်ငံတော်ကာကွယ်ရေး
နှင့် တပ်မတော်တည်ဆောက်ရေးအကြောင်းကို ပရမ်းပတာလက်ညိုးထိုးဝေဖန်ပြီး ယခင်စာတမ်းထဲကပြော
နေကျအကြောင်းများကို ပြန်ပြောင်းပြောထားသည်ဟု ပြောပါသည်။

တရုတ်နိုင်ငံသည် ငြိမ်းချမ်းစွာဖွံ့ဖြိုးရေး လမ်းကြောင်းကို စွဲကိုင်ကျင့်သုံးသည့်အတိုင်း ကာကွယ်ရေးသဘော
ပါသော နိုင်ငံတော်ကာကွယ်ရေးမူဝါဒ,ကို ကျင့်သုံးနေကြောင်း၊
နိုင်ငံတော်ကာကွယ်ရေးနှင့် ခေတ်မီတပ်မတော် တည်ဆောက်ရေးသည် တရုတ်နိုင်ငံ၏တရားဝင် အခွင့်အ
ရေးဖြစ်သဖြင့် အခြားနိုင်ငံက အတင်းအဖျင်း ပြောပိုင်ခွင့်မရှိကြောင်း၊
တရုတ်ပြည်၏ ပိုင်နက်ပင်လယ်ပြင်၌ လှုပ်ရှားမှုအားလုံးသည် တရားမှန်ကန်ပြီး နိုင်ငံတကာဥပဒေနှင့် နိုင်ငံ
တကာထုံးလမ်းစဉ်လာတို့နှင့် ကိုက်ညီရုံမက ချုပ်တည်းမှုရှေ့ထားပြီး ပြုလုပ်ခဲ့ကြောင်း၊
တရုတ်တပ်မတော်သည် နိုင်ငံတကာဆက်ဆံရေးမပြတ်ပြုလုပ်ကာ ၎င်းကဏ္ဍမှကြိုးပမ်းမှုကို နိုင်ငံတကာ မိ
သားစုကြီးက အလုံးစုံတွေ့မြင်နိုင်သည့်အတွက် ဂျပန်တို့၏စွပ်စွဲမှုသည် လုံးဝ,အခြေအမြစ်မရှိကြောင်း၊
ပြောကြားပါသည်။

Copy from http://myanmar.cri.cn/666/2014/08/11/1s32469.htm