• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Monday, August 11, 2014

အာဇာနည်ဆိုတာ


ကရင့်အမျိုးသားခေါင်းဆောင် အာဇာနည် ဗဒို မန်းရှားလာဖန်း
အာဇာနည်ဆိုတာ

August 11, 2014

By မင်းစိုးစံ

ဒီမှာ သူငယ်ချင်း
ရှင်းရှင်းပြောမယ်ကွာ
အာဇာနည်ဆိုတာ
စွန့်လွှတ်တာကို အာဇာနည်လို့ခေါ်တယ်။
စွန့်ပြီးစားတာကို အာဇာနည်လို့မခေါ်ဘူး။

အဖိနှိပ်ခံပြည်သူအတွက်
အသက်ကိုစွန့်တယ်၊
ဘ၀,ကိုစွန့်တယ်၊
အရာရာကိုစွန့်တယ်။
အဲဒီလိုစွန့်တာဟာ သူတို့စားဘို့မဟုတ်ဘူး။

ပြီးတော့
သူတို့အားလုံးဟာ အရာရာကို
အမှုမဲ့ အမှတ်မဲ့မထားဘူး။
ပြောချင်သလိုပြော
နေချင်သလိုနေတဲ့ သူတွေမဟုတ်ဘူး။

သူတို့စွန့်သမျှ
ဖြစ်ထွန်းပေါ်ပေါက်လာတဲ့
ကောင်းကျိုးမှန်သမျှ
အသီးအပွင့်မှန်သမျှ
အလုံးစုံကို
ပြည်သူတရပ်လုံး
အုတ်အုတ်ကျွက်ကျွက်
ပျော်ပျော် ရွှင်ရွှင်
လွတ်လွတ်လပ်လပ် ခံစားဘို့
အမြဲတမ်းစွန့်လွှတ်ထားကြတာကွ။

စွန့်ပြီးစားတဲ့လူဆိုတာ
ကိုယ်စွန့်သမျှ ကိုယ်ပြန်စားတဲ့သူတွေကိုခေါ်တယ်။
တချို့ကျတော့
သူတို့စွန့်ထားရတာထက် ပိုစားကြတယ်။
မင်း ဘယ်လိုအစားထဲမှာပါသလဲ။

သူငယ်ချင်း
မင်းသာ စွန့်ပြီးစားတဲ့အထဲပါလို့ကတော့
မင်းအလောင်းကို အလံအုပ်ပေးဘို့မပြောနဲ့
အလှူမလုပ်ရုံမက
အမိန့်တောင် မပြန်ဘူးမှတ်။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)