• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Friday, August 8, 2014

မီဒီယာလုပ်ငန်းက အရေးကြီးပါတယ်ဟု ကရင်ပြည်နယ်ဝန်ကြီးချုပ်ပြောကြား


မီဒီယာလုပ်ငန်းက အရေးကြီးပါတယ် ဟု

ကရင်ပြည်နယ်ဝန်ကြီးချုပ်ပြောကြား

By ပွင့်ဆန်း

မွန်ပြည်နယ်နှင့် ကရင်ပြည် နယ်အတွက် ကိုယ်ပွားသတင်းစာတိုက်ကြီးကို မော်လမြိုင်မြို့တွင်း ၂၀၁၄ သြ
ဂုတ်လ (၁)ရက်နေ့က ဖွင့်လှစ်လိုက်ကြောင်း သတင်းရရှိသည်။
ဒေသတွင်း တိုင်းရင်းသားပြည်သူများ ကျေးလက်နေပြည်သူများအထိ အချိန်မီ နေ့ချင်းဖတ်ရှုနိုင်စေရန် မွန်
ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး၏ ဆုံရာ မော်လမြိုင်မြို့တွင် ကိုယ်ပွားသတင်းစာ
တိုက်ကြီးကို ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

ကရင်ပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ်က သတင်းစာတိုက်ဖွင့်ပွဲအခမ်းအနားတွင် မော်လမြိုင် (ကိုယ်ပွား)သ
တင်းစာတိုက်ဖွင့် လှစ်ရခြင်းနှင့်ပတ်သက်ပြီး
“နိုင်ငံတော်အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို ပြည်သူတွေသိအောင်၊ ပြည်သူတွေရဲ့ လိုလားချက်တွေကို
လည်းပဲ နိုင်ငံတော်အစိုးရအပါအ၀င် တစ်တိုင်းပြည်လုံးက သိအောင်ဆိုပြီးတော့ မီဒီယာလုပ်ငန်းကအရေး
ကြီးပါတယ်။
ဒါကြောင့်မို့လို့ ဟို အောက်ခြေကျေးရွာတွေအထိ ပြည်သူတွေဟာ သတင်းအချက်အလက်တွေ မြန်မြန်ဆန်
ဆန်သိရအောင်ဆိုပြီးတော့မှ ဒါပထမဆုံး ဖွင့်တဲ့ (ကိုယ်ပွား)သတင်းစာတိုက်ကြီးဖြစ်ပါတယ်။
ဒါကြောင့် မွန်ပြည် နယ်၊ ကရင်ပြည်နယ်မှာရှိတဲ့ မြို့နယ်တွေဟာ သတင်းစာကိုနေ့ချင်းဖတ်ရှုနိုင်တဲ့ အခွင့်
အရေးရရှိမှာ ဖြစ်ပါတယ်”
ဟု ပြောကြားသည်။

ယင်းအပြင် တိုင်းရင်းသားသတင်းစာအဖြစ် မွန်ဘာသာ၊ ကရင်ဘာသာ(စကော)၊ ကရင်ဘာသာ(ပိုး)နှင့် ပ
အိုဝ့်ဘာသာတို့ဖြင့် စာမျက်နှာလေးမျက်နှာသတ်မှတ်၍ ၂၀၁၄ သြဂုတ်လ (၃)ရက် တနင်္ဂနွေနေ့မှ အပတ်
စဉ် တနင်္ဂနွေနေ့တိုင်း မွန်ပြည်နယ်အတွက် အစောင်ရေ(၃၀၀၀၀)၊ ကရင်ပြည်နယ်အတွက် စောင်ရေ
(၂၀၀၀၀)ထုတ်ဝေသွားမည်ဖြစ်ကာ ကရင်နှင့် မွန်ပြည်နယ်တွင် ဖြန့်ချိမည့် မြန်မာ့အလင်းသတင်းစာတွင် ထည့်သွင်းဖော်ပြသွားမည်ဟု သိရသည်။

မော်လမြိုင် (ကိုယ်ပွား)သတင်းစာတိုက်ကြီးကို ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၆)ရက်နေ့က စ,တင်တည်
ဆောက်ခဲ့ပြီး သြဂုတ်လ(၁)ရက်နေ့တွင်ဖွင့်လှစ်နိုင်ခဲ့ရာ ယခင်က ဘားအံမြို့ပေါ်အထိ နောက်တစ်ရက်မှ
သာ နေ့စဉ်ထုတ်သတင်းစာများကို ဖတ်ရှုခဲ့ကြရသော်လည်း ယခုအခါနေ့ချင်း ဖတ်ရှုနိုင်ကြတော့မည်ဖြစ်
ကြောင်း သိရသည်။

ပွင့်ဆန်း

Copy from http://www.hotnewsweekly.com/node/3008