• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Monday, August 25, 2014

အခါလွန်သစ်သီးတစ်လုံးရဲ့ အရသာ



အခါလွန်သစ်သီးတစ်လုံးရဲ့ အရသာ

August 25, 2014
Monday

By မင်းစိုးစံ

မင်္ဂလာပါသူငယ်ချင်း။
ဒီနေ့ ကရင်လူငယ်လေးတွေစုပြီး ခြည်ဖြူဖွဲ့ပွဲတော်ကျင်းပ,ကြတယ်။
ဘိတ်စာရောက်လာလို့ ငါလည်း မသွားချင်သွားချင်နဲ့သွားလိုက်ရတယ်။
မင်းကိုမတွေ့ ပြန်ဘူး။
မင်းလည်းငါ့လိုပဲ ဘိတ်စာရမယ်ဆိုတာ ငါယုံတယ်။
ဘာကြောင့်လဲဆိုတော့ ကလေးတွေက ငါတို့လို သက်ကြီးဝါကြီးသမားတွေကို အစဉ်နေရာပေးလေးစားနေ
ကြတာ မဟုတ်လား။

မသွားချင်ရတာက သူတို့လုပ်တဲ့ ခြည်ဖြူဖွဲ့ပွဲက ၀ါခေါင်လ,ကွယ်နေ့ဖြစ်နေလို့။
သွားချင်ရတာက မျိုးဆက်သစ်လူငယ်လေးတွေရဲ့ အားကြိုးမာန်တက်ကြိုးစားနေတာကို အားပေးဂုဏ်ပြုချင်
လို့။
ငါပွဲခင်းထဲကို ရောက်သွားတော့ လူအတော်များများရောက်နှင့်နေကြပြီကွ။
အမေရိကန်အမျိုးသမီးတယောက် ဧည့်သည်တော်အဖြစ် စင်မြင့်ပေါ်တက်ပြီးမိန့် ခွန်းချွေနေတဲ့အချိန်မှာ ငါ
ရောက်သွားတာ။
သူပြောတာကကွာ လူမျိုးတိုင်းလူမျိုးတိုင်းမှာ ယဉ်ကျေးမှုဓလေ့ထုံးစံဆိုတာရှိတဲ့အလျှောက် လက်ဆင့်ကမ်း ထိန်းသိမ်းသွားကြဘို့၊ အဲဒါတွေမရှိတော့ဘူးဆိုလျင် ကိုယ့်ကိုယ်ကို ဘာလူမျိုးလဲဆိုတာ ပြောဘို့သက်သေပြ
ဘို့ ခက်စေမယ့်အပြင် အချိန်တို ကာလတိုအတွင်း တိမ်ကောပ,ပျောက်သွားဘို့သာရှိတဲ့အတွက် အခုလို နိုင်
ငံကြီးတနိုင်ငံကိုရောက်နေတဲ့ ကရင်တွေတိုင်းရဲ့ သမိုင်းပေးတာဝန်ဖြစ်တယ် ဆိုပြီး ပြောသွားတာ။

သူငယ်ချင်းရေ ပွဲတော်ကျင်းပ,နေတဲ့ ၀င်းအတွင်းက အဖြစ်အပျက်တွေကို မင်းကိုပြောမပြခင်မှာ အရေးကြီး
တာ တခုပြောမယ်ကွာ။
ဟိုလွန်ခဲ့တဲ့အပတ်တုန်းက ငါရေးလိုက်တဲ့ဆောင်းပါးထဲမှာ ခြည်ဖြူဖွဲ့ပွဲတော်တခုက နဖူးစီးစာတမ်း မှားနေ
တယ် ဆိုတာကို ဓါတ်ပုံတွေဘာတွေနဲ့ ကရင်စာသင်ကြဆိုပြီး လူတတ်ကြီးလုပ် ပြောခဲ့တာမင်းမှတ်မိမှာ
ပေါ့။ ငါရေးတဲ့ စာလုံးလည်းမှားနေတယ်ဆိုတာကို ငါ့မြေးနှစ်ယောက်ထဲက အကြီးကောင်က ဘယ်လိုပြော
လဲ သိလား။
အဘိုး အဘိုးရေးထားတဲ့စာလုံး တလုံးမှားနေတာ အဘိုးမြင်လား တဲ့။


ငါ့မြေးရဲ့အသက်က ၈နှစ်ပဲရှိ သေးတယ်။
ငါကလည်း ဒီကလေးတော့ ပေါက်တတ်ကရတွေ ပြောနေပြီဆိုပြီး ဘယ်မှာမှားလို့တုန်းလို့ ပြန်မေးလိုက်
တဲ့အခါ သူက,ချက်ခြင်းပဲ
အဘိုးရဲ့နဖူးစီးစာတမ်းထိပ်ဆုံးက အင်္ဂလိပ်စာလုံး ၂၇၅၃ မှာ ၃တလုံးကပြောင်းပြန်ဖြစ်နေတယ် ဆိုပြီး
ပြောလည်းပြော ပြလည်းပြလုပ်တော့မှ ဟုတ်တယ်ဟေ့ နံပါတ် ၃က ပြောင်းပြန်ကြီး။
ငါ့မြေးနှစ်ယောက်နဲ့ငါ သုံးယောက်ပဲရှိသေးတယ်၊ တခြားဘယ်သူမျှမလာကြသေးဘူး။ ငါက ကလေးတွေကို
ကရင်သင်ပုံးကြီး သင်ပေးနေတာ။ အခ,မဲ့နော် ပိုက်ဆံမယူဘူး။ ကန်တော့ပွဲလည်းလက်မခံဘူး။ ဘာရံပုံငွေ
မှ မကောက်ဘူး။ ကိုယ့်ထမင်းကိုယ်စား၊ ကိုယ့်ရေကိုယ်သောက် အဲဒီလိုသင်ပေးတာ။

ငါလည်း ငါ့မြေးအဲလိုပြောတော့ ရှက်ရှက်နဲ့
အဲဒီနေ့တုန်းက မင်းကို အဘိုးပြောသားပဲ အဘိုးကို စာလုံးတွေဝိုင်းကပ်ခိုင်းတာ မင်းမှဝိုင်းမလုပ်တာ မှား
တာပေါ့ မင်းသာ အဘိုးကိုဝိုင်းကူလျင် မှားမှာမဟုတ်ဘူး ဆိုပြီး ပြန်ပြောလိုက်တော့ ငါ့မြေးလေးက ငါ့ကို
ဘာမျှပြန်မပြောတော့ဘူး။

လူဆိုတာ သူများအမှားဆိုလျင် ပယ်ပယ်နယ်နယ် အတုံးလိုက်အထစ်လိုက် လက်ညှိုးငေါက်ငေါက်ထိုးပြီး ရ
စရာမရှိအောင် ပြောဆိုဘို့ဝန်မလေးတတ်ကြပေမယ့် ကိုယ့်အမှားကျတော့ ဆင်ခြေဆင်လက်တွေပေးတတ်
ကြတယ်ကွ။
အခုလည်း ကရင့်သက္ကရာဇ် ၂၇၅၃ကို အင်္ဂလိပ်လိုစာလုံးအကပ်မှားတာကို
အေးကွာ ဟုတ်သားပဲ။
အဘိုးကလေ အလုပ်လုပ်လျင် အဲဒီလိုပဲ ခဏ,ခဏ,မှားတာ။
ငါ့မြေးလေး အခုလိုပြောပြတဲ့အတွက် အဘိုးကျေးဇူးတင်ပါတယ်ကွာ။
နောက်ဆို အခုလိုမမှားအောင် အဘိုးသတိထားပါ့မယ် လို့ မပြောပဲ ကိုယ့်အမှားကို ကိုယ်ဝန်မခံပဲ မင်းငါ့ကို
ဝိုင်းမလုပ်လို့ မင်းကြောင့်ဖြစ်ရတာ ဆိုတဲ့ သူတပါးအတာလွှဲချတာမျိုးက ကောင်းတဲ့အလုပ်မှမဟုတ်ပဲ။
အဲဒါကို နှစ်နှစ်ခြိုက်ခြိုက် စွဲစွဲလန်းလန်း လုပ်လာလိုက်တာ ခေါက်ရိုးကိုကျိုးလို့။
ပြင်ရမယ် သူများကိုပြင်ဘို့ပြောနေတာထက် ကိုယ့်ကိုယ်ကို အစ,အဦးဆုံးပြင်ရမယ်။

ဒီအခမ်းအနားကို ဦးဆောင်ကျင်းပ,တာက KCOM (Karen Culture Organization Minnesota) လူငယ်
လေးတွေ၊ အဲဒီမှာ ယဉ်ကျေးမှုအဖွဲ့တိုင်းကိုဘိတ်တာ တွေ့ရတယ်။
ငါတို့ နေတဲ့ State ထဲမှာရှိတဲ့ KCM (Karen Community of Minnesota) က ယဉ်ကျေးမှုအဖွဲ့။
KBSMN (Karen Buddhist Society of Minnesota) က ယဉ်ကျေးမှုအဖွဲ့။
Nebraska State က ယဉ်ကျေးမှုအဖွဲ့တွေအပြင် North Karolina State က ဧည့်သည်တချို့လည်း လာကြ
တယ်။

North Karolina State က လာကြတဲ့ဧည့်သည်တွေထဲမှာ မန်းဉာဏ ရဲ့ သမီးလေးနဲ့တွေ့ဖြစ်တယ်။
မန်းဉာဏဆိုတာက OKRSO ကရင်ဒုက္ခသည်များ လူမှုစောင့်ရှောက်ရေးအဖွဲ့ရဲ့ ဥက္ကဌဟောင်းပေါ့။
မန်းဆန်းအောင်၊ မန်းရွှေမိုး၊ မန်းကျော်ဇင် တို့တတွေ အဲဒီမှာစုနေကြတာ။
လူတယောက်က ပြောတယ် အဲဒီနေရာကို ဥက္ကဌရပ်ကွက်လို့ ခေါ်လို့ရပြီတဲ့၊ သူတို့အားလုံးဟာ OKRSOရဲ့
ဥက္ကဌ ဟောင်းတွေဖြစ်ခဲ့လို့တဲ့လေ။
မန်းအာကာကျော်ကတော့ Netherlands လား Denmark လားမသိဘူး အဲဒီဘက်ရောက်သွားလို့ပေါ့။
မဟုတ်လျင် အဲဒီပြည်နယ်မှာ OKRSO ဥက္ကဌဟောင်းတယောက်တိုးလာတော့ ပိုအားကောင်းလာပြီး ကရင်
တွေအတွက် တအားဖြစ်မှာအသေအခြာပဲ။ (ငါ့အထင်ပြောတာ)
မန်းဒါလင် ဆိုတဲ့ ဥက္ကဌဟောင်းလည်း ဘယ်နိုင်ငံရောက်နေလဲမသိ။ သူလည်း အဲဒီမှာနေမယ်ဆိုလျင် စော
စောက ပြောခဲ့တဲ့ ဥက္ကဌရပ်ကွက်လေး ဖြစ်လောက်တယ်။

ဟိုးအရင့်အရင်တုန်းက OKRSO ရဲ့ဦးတည်လုပ်ဆောင်ချက်တွေနဲ့ ဒီကနေ့ OKRSO ရဲ့ဦးတည်ချက်နဲ့ လုပ်
ဆောင်ချက်တွေ အတော်ကြီးကွာခြားနေသလိုလိုပဲလို့ ငါကပြောတော့ ထိုင်းနိုင်ငံထဲမှာရှိနေတဲ့ OKRSO
ဥက္ကဌဟောင်းတွေကလည်း အဲဒါကိုထောက်ခံကြတယ်ဆိုတာ သိရတယ်။
သူများအကြောင်းပြောဖြစ်ပြန်ပြီ၊ ပြောမှာက ဒီနေ့ကျင်းပ,တဲ့ ခြည်ဖြူဖွဲ့ပွဲတော်အကြောင်းလေ။
မင်းမလာလို့ ငါပြောပြနေရတာ၊ မင်းသာဒီပွဲကိုလာဖြစ်လျင် ငါ့အနေနဲ့မင်းကို အခုလိုရှင်းပြနေစရာ လိုမှာမ
ဟုတ်ဘူး။

ဒီနေ့ ပွဲမှာ Minnesota တခုတည်း ဒုံး ၅ဖွဲ့၊ အငြိမ့်အဖွဲ့က တပင်တိုင်အက, နှစ်ပါးသွားအက, Nebraska က
ဒုံး ၃ဖွဲ့၊ အဲဒါတွေအပြင် အဖွဲ့လိုက်သီဆိုဖျော်ဖြေတာ၊ တကိုယ်တော်သီဆိုဖျော်ဖြေတာတွေနဲ့ ဆိုတော့ သူ
ငယ်ချင်းရေ ဒီပွဲကို ဦးဆောင်ကျင်းပ,တဲ့ လူငယ်တွေရဲ့အရည်အချင်းဟာ ပေါ့ပေါ့သေးသေး မဟုတ်ဘူးနော်၊
ငါ့အသက် ၃၀ လောက်ပြန်ငယ်သွားသလား မှတ်တယ်။

လွန်ခဲ့တဲ့ ၁၄ရက်၊ August 10 ရက်တုန်းက KBSMN ဦးစည်းဦးဆောင်ပြီးလုပ်တဲ့ခြည်ဖြူဖွဲ့ပွဲမှာ လိပ်ပြာခေါ်
နည်း စာသားတွေ သံပြိုင်ရွတ်ဆိုဘို့ ငါသင်ပေးခဲ့တယ်လေကွာ။
အခုကျင်းပ,နေတဲ့ဒီပွဲမှာ ငါသင်ပေးလိုက်တဲ့အတိုင်း ရွတ်ဆိုသွားတာတွေ့ရတော့ သူငယ်ချင်းရေ ငါ့လုပ်ရပ်
အတွက် ကြိတ်ပြီးကြေနပ်နေမိတယ်။
အဲဒီလိုမလုပ်လျင် တကျောင်း တဂါတာ တရွာတပုဒ်ဆန်း ဆိုပြီး ပါးစပ်ထဲတွေ့ကရာလျှောက်ရွတ်နေကြတာ
မျိုး ကိုယ်တတ်သလိုရွတ်နေကြတာမျိုးက အစဉ်အလာဖြစ်သွားလိမ့်မယ်။
နောက်ဆုံးမှာ အဲဒီလိပ်ပြာခေါ်တဲ့ ရွတ်ဘတ်သံတွေတမျိုးပြီးတမျိုးကွဲလာမယ် အဲဒီကနေမှတဆင့် ဒီလောက်
တောင်ရွတ်နည်းတွေများရတာ မရွတ်ပဲနေလည်းဖြစ်တယ်ဆိုပြီး တဖြည်းဖြည်းလက်တမ်းလုပ်ရင်း လုပ်ရင်း
လုပ်ရင်းကနေ တဆက်တည်းသူ့အလိုလိုကို ခြည်ဖြူဖွဲ့ပွဲ ဆိုတာလည်း ရှိနိုင်တော့မှာမဟုတ်ဘူး။

ငါသင်ပေးတယ်ဆိုလို့ အဲဒီရွတ်ဆိုတဲ့စာသားကို ငါရေးတာမဟုတ်ဘူးနော်။
မုက္ကဒိ ဆရာတော်ဘုရားကြီး ရေးခဲ့တဲ့ရွတ်ဆိုနည်းစာသားတွေကို ကူးရေးပြီး နှုတ်တိုက်သင်ပေးတာ။
တချို့က ကရင်စာကိုမတတ်ကြသလို တချို့ကျတော့ ဘယ်နေရာမှာဖြတ်ရမယ်၊ ဘယ်နေရာမှာ အသံနေအသံ
ထား နဲ့ ရွတ်ရမယ်ဆိုတာကို မသိကြလို့ ရွတ်ဆိုနည်းလေးပေးလိုက်တာပါ။

အငြိမ့်နဲ့ပတ်သက်လို့ ဒီနှစ်မှာတပင်တိုင်အက,အပြင် နှစ်ပါးသွားအက,ပါ တိုးလာရတာက မင်းသားတလက်
ထွက်လာလို့တဲ့၊ အဲဒီကလေး တော်တော်အက,ကောင်းတယ်ဆိုပဲ။
ငါကတော့ မနက်ကတည်းက ဘာမျှမစားရသေးလို့ အငြိမ့်က,တော့မယ့်အချိန်မှာ အစားအသောက်ကျွေး
မွေးတဲ့ အဆောက်အဦးဘက်ကို ထွက်လာခဲ့တာဆိုတော့ အငြိမ့်မကြည့်ဖြစ်လိုက်ဘူး။

အဲဒီလိုစားသောက်ပြီး လူရှင်းနေတဲ့စားသောက်ခမ်းမှာပဲ အပေါင်းအသင်းတချို့နဲ့ ရောက်တတ်ရာရာလေး
တွေ ပြောဆိုဖြစ်တယ်၊ ကရင်တွေ ဘာကြောင့်မစုစည်းနိုင်ရသလဲ ဆိုတာပေါ့ကွာ။
ခေါင်းဆောင်မှုအပိုင်းမှာ အာဏာခွဲဝေမှုအပိုင်း ချို့ယွင်းအားနည်းမှုကြောင့်လို့ ဆိုကြသလို ကိုးကွယ်ယုံ
ကြည်မှုအပိုင်းမှာမသင့်တော်တဲ့ လုပ်ပုံကိုင်ပုံတွေ၊ နောက် ဒီကနေ့လူငယ် နောင်လူကြီးဆိုတဲ့စကားကို
မြိန်ရည်ယှက်ရည်ပြောဆိုကြပြီး အစည်းအဝေးတိုင်းမှာ မျိုးဆက်သစ်လူငယ်လေးတွေအတွက် အစီအစဉ်
တကျ ရေရှည် ရေတို စီမံကိန်းတွေ ဆုံးဖြတ်ချမှတ်တဲ့အပိုင်းမှာ အားနည်းနေတာတွေ အပြန်အလှန်လေး
စားမှု လျော့နည်းနေတာတွေ ဘာညာ ဘာညာပေါ့ကွာ။

Nebraska က စုစုပေါင်း လူ ၂၈ယောက်လာတယ်လို့ ပြောပြတယ်၊ သူတို့ကတဲ့ ဒုံး ၃ဖွဲ့ထဲက လူပျိုးကြီးဒုံးကို
ငါ အကြိုက်ဆုံးပဲ၊ ဘာကြောင့်ကြိုက်သလဲဆိုတော့ အဲဒီဒုံးကိုကြည့်လိုက်လျင် လူမှုရေး၊ နိုင်ငံရေး၊ အမျိုးသား
ရေး အချစ်ရေး စ,တာတွေ ရောမွှေတင်ဆက်ထားလို့ကြိုက်တာ။
နောက်တခုက စကောကရင်ရော ပိုးကရင်နဲ့ ဗမာလို တလုံးစ, နှစ်လုံးစ, သီချင်းစာသားတွေ သုံးထားလို့ပဲ။
လူမှုရေးဆိုလို့ ပြည်ထောင်စုဗမာနိုင်ငံတော်(ပြည်ထောင်စုမြမ္မာနိုင်ငံတော်)က လူတွေအကြောင်းမဟုတ်
ဘူး၊ တတိယနိုင်ငံကိုရောက်နေတဲ့ ကရင်တွေရဲ့လူမှုရေးကို တင်ပြထားတာ။
ပြီးတော့ လူငယ်လေးတွေရဲ့ အချစ်ရေးမှာလည်း သူ့ချစ်သူက အမေရိကန်ကနေ သူ့ဆီကိုဖုန်းတွေဆက်
ဘာညာဘာညာလေးတွေပြောပြီး လွမ်းအောင်ချွဲတာကို အဟုတ်မှတ်ပြီး သူ့ကောင်မလေးဆီရောက်တော့
အဲဒီကလေးမ အိမ်ထောင်ကျတာ ၂နှစ်ရှိပြီဆိုလား အဲဒါမျိုးလေးတွေ ဆိုထားတာ။
နိုင်ငံရေးဆိုလို့ ငါရေးသလို ဗမာစစ်အစိုးရ မကောင်းကြောင်း အရမ်းကာရော ပုတ်ခတ်တာမျိုးမပါဘူး။
ကရင်အုပ်ချုပ်ရေးပိုင်းက ဗဒိုတွေအကြောင်း၊ အခုဆွေးနွေးနေတဲ့ အပစ်အခတ်ရပ်စဲရေးမျိုးတွေ ငြိမ်းချမ်းရေး
ကိစ္စတွေ အဲဒါကို ဝေဘန်ထားတာ၊ နည်းနည်းလေးစီ နည်းနည်းလေးစီနဲ့ ထောင့်စုံသားပဲ။

မင်းကို KCOM က ဦးဆောင်လုပ်တဲ့ပွဲမှာ က,တဲ့ဒုံးတွေအားလုံးကို မြင်စမ်းစေချင်လိုက်တာကွာ။
အခုလောလောဆယ်မှာတော့ သူတို့အဖွဲ့ ခြည်ဖြူဖွဲ့ပွဲတော်နဲ့ Minnesota ကယဉ်ကျေးမှုအဖွဲ့ကို နှုတ်ဆက်
တဲ့သီချင်းကို ငါအဖြတ်အတောက်မလုပ်ပဲ တင်ပေးလိုက်ပါတယ်။
ကျန်တဲ့တင်ဆက်မှုတွေကိုတော့ နောက်များကျမှ ကြည့်ကြတာပေါ့။
သူတို့နောက်ဆုံး နှုတ်ဆက်သွားတဲ့သီချင်းကို ကြားလိုက်ရတော့ ငါ့ရင်ထဲမှာ တမျိုးကြီးဖြစ်သွားတယ်၊ အမျိုး
အမည်မဖေါ်ပြနိုင်တဲ့ ခံစားမှုမျိုးလို့ပြောလျင် ရမယ်ထင်တာပဲ။ သေခြာတာက လူငယ်လေးတွေအားလုံး အ
ယောက်စီတိုင်းကို ငါ ကျေးဇူးတင်နေတယ်လို့ပြောလိုက်ချင်တယ်။
သူတို့ကျွေးလိုက်တဲ့သစ်သီးလေးတစ်လုံးဟာ အခါလွန်နေပေမယ့် အင်မတန်အရသာရှိပါတယ်သူငယ်ချင်း။
မင်း နားထောင်ကြည့်ပေါ့။
မင်းအတွက် တခုခုကျန်ရစ်ခဲ့လိမ့်မယ်ဆိုတာ ငါယုံတယ်။
ဒါပါပဲသူငယ်ချင်း။


ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)