• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Tuesday, September 16, 2014

တကယ်ချစ်ရဲ့လား

September 16, 2014
Tuesday

တကယ်ချစ်ရဲ့လား

အားလုံးကောင်းဘို့အတွက် တူတာလေးတွေကနေ စ,လုပ်ကြရင် မကောင်းဘူးလား။
အားလုံးတူမှ လုပ်မယ်ဆိုလျင် အချိန်အရမ်းနောက်ကျ သွားမှာကို စိုးရိမ်လို့ပါ။
ဖြစ်နိုင်လျင် အားလုံးတူမှ အတူလုပ်ကြတာ ပိုအဆင်ပြေမှာဖြစ်ပေမယ့် တူတာလေးတွေကို အရင်စ,လုပ်ပြီး
မှ မတူတာတွေကို အနီးစပ်ဆုံးတူအောင် ကြိုးစားကြပါစို့လား။
မတူတာကို အနီးစပ်ဆုံးတူအောင် လုပ်မယ်ဆိုပေသော်လဲ လ,မစေ့သေးတဲ့ ကိုယ်ဝန်ကို အတင်းမွေးထုတ်
ခိုင်းတာမျိုးကတော့ မဖြစ်သင့်ပါဘူး။
တူတာကို ခွဲလုပ်တာမျိုးကျပြန်တော့လည်း အကျိုးသွား မကောင်းပါဘူး။

ကရင်လူမျိုးတွေမှာ စာပေတွေအမျိုးမျိုးရှိနေတာကို ကရင်အတော်များများက စာပေတမျိုးတည်းရှိသင့်တယ်
လို့ ပြောနေသံ ကြားရပါတယ်။
စာပေတမျိုးတည်းဖြစ်အောင် ဘယ်လိုလုပ်မလဲဆိုတာကိုတော့ အခုထက်တိုင် ဆွေးနွေးနိုင်ကြဘို့အရေး အ
ချိန်းအချက်လုပ်ဘို့ စဉ်းတောင်မစဉ်းစားရသေးဘူးလားတော့ မပြောတတ်။
ဒါကြောင့်တူတာလေးတွေက စ,လုပ်ကြည့်ကြရင် မကောင်းပေဘူးလားဗျာ။