• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Thursday, September 18, 2014

ပြည်သူဘက်က ရပ်မလား ဗမာစစ်အစိုးရနဲ့ ပေါင်းမလား

Source picture from http://www.facebook.com

September 18, 2014
Thursday

ပြည်သူဘက်က ရပ်မလား ဗမာစစ်အစိုးရနဲ့ ပေါင်းမလား

By မင်းစိုးစံ

သူငယ်ချင်း မင်း တခုခုကိုရွေးပေတော့။
မရွေးခင်မှာ မင်းကိုကြိုပြောထားမယ်။
ပြည်သူဘက်ကရပ်လျင် မင်း အနေအစားဆင်းရဲမယ်။ ထောင်ကျမယ်။ အသက်ပါ ပါသွားနိုင်တယ်။
ဗမာစစ်အစိုးရနဲ့ ပေါင်းပြီး ဝေစားမျှစားလုပ်လျင် အနေအစား ချောင်မယ်။
သူတို့ရှိနေသမျှ ကာလပတ်လုံး မင်းရဲ့ကျန်းမာရေးမပူရဘူး။ သူတို့ခိုင်းတဲ့အတိုင်း လုပ်မယ်ဆိုလျင်ပေါ့။
မတရားတဲ့နည်းနဲ့ ကြီးပွါးချမ်းသာမယ်။
ပြီးတော့ ကိုယ့်အမျိုးသားအချင်းချင်းအပေါ်မှာ အာဏာပြလို့ရမယ်။ ဗမာစစ်အစိုးရနဲ့ပေါင်းပြီး ပြည်သူအတွက်အလုပ်လုပ်မယ်လို့တော့ ငါ့ကိုလာမပြောနဲ့။
အဲဒါ မင်းသက်သက်ညာတာ။

ရှင်းရှင်းပဲကွာ။ ပြည်သူအတွက် အသေခံမလား။ စစ်ခေါင်းဆောင်တွေအတွက် အသက်ရှင်မလား။
ဒါပဲရွေး။
ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့အချိန်အတွင်း အခုလို မငြိမ်းချမ်းတဲ့စကားတွေ ပြောလို့ တမျိုးမထင်လိုက်နဲ့။
ဗိုလ်ချုပ်ကြီး စောဘိုမြ ပြောခဲ့တဲ့စကားတခွန်း ငါမင်းကို ရေးပြမယ်။
ခုနှစ်က ၁၉၉၈။
လကိုတော့ ငါမမှတ်မိတော့ဘူး။
သောင်ရင်းချောင်းနားက ဒုက္ခသည်စခန်းမှာ။
ဟွှေးကလုတ် ဒုက္ခသည်စခန်းပေါ့။
သူဘာပြောလဲသိလား။

ငါ့ကို လူတွေက ငြိမ်းချမ်းရေးကို ဖျက်ဆီးတဲ့လူ၊ ငြိမ်းချမ်းရေးကို မလိုချင်တဲ့လူ ဆိုပြီးပြောကြတယ်။
ငါဟာ မင်းတို့ထင်နေသလို မဟုတ်ဘူး။
ငြိမ်းချမ်းတယ်ဆိုတာ ငါတယောက်ထဲ ငြိမ်းချမ်းတာမျိုးမလိုချင်ဘူး။
ငါကတော့ တိုက်နဲ့ ကားနဲ့။ ရွှေနဲ့ စိန်နဲ့ ငွေနဲ့။ အစေခံတွေနဲ့။
ငါ့ပြည်သူတွေကျတော့ ရန်သူက လုပ်ချင်သလိုလုပ် အနိုင်ကျင့်ချင်သလိုကျင့် နှိပ်စက်ချင်သလိုနှိပ်စက်နေ
တာကို တိုက်ပေါ်ကနေ ငါ လက်ပိုက်ကြည့် မနေနိုင်ဘူး။
ကားပေါ်ကနေ ငါမမြင်ချင်ဘူး။
ငါလိုချင်တဲ့ငြိမ်းချမ်းရေးဆိုတာ ငါနဲ့ငါ့ပြည်သူတွေအားလုံး ပျော်ရွှင်ချမ်းမြေ့မှုတွေနဲ့အတူ စိုးရိမ်ပူပန်နေရတာ
တွေမရှိတဲ့ ငြိမ်းချမ်းရေးမျိုး။ အဲဒီလိုပြောသွားတာ။

အဲဒီနေ့က ငါဓါတ်ပုံရိုက်ထားခဲ့တာရှိတယ်။
သူ့ဘေးမှာ အခုအုန်းပြန်ဒုက္ခသည်စခန်းက ဥက္ကဌ စောဝါးထီး။
နောက်တယောက်က ကော်မူးရာ အထက်တန်းကျောင်း ကျောင်းဥက္ကဌ စောစတီဗင်။
ဗိုလ်မှူး နော်မေရီအုံး လည်းပါသလားမသိဘူး။
ငါ့မှာလည်း ပြောင်းရ ရွှေ့ရ ပြေးရ လွှားရ ရှောင်ရ တိမ်းရ ဆိုတော့ အဲဒီဓါတ်ပုံ ဘယ်မှာကျကျန်ခဲ့မှန်း မသိ
တော့ဘူး။
ပြန်တွေ့လျင် မင်းကို ငါ ပြမယ်။

ဒီကနေ့ ငါတို့တတွေ ဗမာစစ်အစိုးရနဲ့ လုပ်နေတဲ့ အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးဆိုတာတွေ ဗိုလ်ချုပ်
ကြီး စောဘိုမြ ပြောတဲ့ ငြိမ်းချမ်းရေးနဲ့ ဘယ်လောက်နီးစပ်သလဲဆိုတာ မင်းသိနိုင်အောင် အောက်က ရုပ်သံ
ဖိုင်တွေကို တခုချင်းဖွင့်ကြည့်ပြီး သုံးသပ်ကြည့်ပေတော့။
ပြီးတော့ မင်းရွေး။

ဒီအောက်က ရုပ်သံဖိုင်ကတော့ ဗမာစစ်တပ်က KNU စစ်သားကိုပစ်သတ်ပြီး လက်နက်တွေသိမ်းသွားတဲ့
သတင်း။



ဒီဖိုင်ကတော့ KNU/KNLA-PC က ဒေါက်တာ တီးမိုသီ ပြောသွားတဲ့ စကား။



ဒီဖိုင်တွေကတော့ KNU/KNLA-PC ဗိုလ်မှူးးတိုက်ဂါးနဲ့ RFA ဆက်သွယ်မေးမြန်းခန်းထဲက ထုတ်ထားတဲ့ စ
ကားတွေ။




ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)