• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Thursday, September 18, 2014

ကရင်ပြည်နယ်အစိုးရ လူမှုရေးဝန်ကြီး ဦးချစ်လှိုင် ဘတ်ဘို့

Source photo from http://www.facebook.com

ကရင်ပြည်နယ်အစိုးရ လူမှုရေးဝန်ကြီး ဦးချစ်လှိုင် ဘတ်ဘို့

September 19, 2014
Friday

By မင်းစိုးစံ

ကရင်ပြည်နယ်အစိုးရ လူမှုရေးဝန်ကြီး ဦးချစ်လှိုင်ကို မေးပါရစေ။
လက်နက်ကိုင်တွေရဲ့လုပ်ရပ်က အမျိုးသားစိတ်ဓာတ်ကိုအခြေခံလုပ်တာဖြစ်လို့ အရေးယူဖို့မရှိပါဘူး
လက်နက်ကိုင်တွေရဲ့ လုပ်ရပ်ကို အရေးယူဘို့ မရှိတာလား။
အရေးယူဘို့ မဖြစ်တာလား။
အခုလို ပူပူလောင်လောင်နဲ့ သွေးဆူနေတဲ့အချိန်မှာ အရေးယူရဲလျင် ယူကြည့်လိုက်လေ။
ဘာဖြစ်သွားနိုင်သလဲဆိုတာ။
ခင်ဗျားသိပါတယ်။

တရားဝင်လက်မှတ်ရှိတဲ့လူကိုတော့ ထိုင်းရဲကဖမ်းပါ့မလား
တရားဝင်လက်မှတ်ရှိတဲ့လူကို ထိုင်းရဲကဖမ်းတယ်မဖမ်းဘူးဆိုတာ သိချင်လျင် မဲဆောက်က အလုပ်သမား
တွေလို ထမင်းဘူးလေးလွယ်၊ စက်ဘီးစီးချင်စီး လမ်းလျှောက်ချင်လျှောက် လုပ်ကြည့်လိုက်ပါလား။
ရှေးခေတ်ကဘုရင်တွေ အရပ်သားယောင်ဆောင်ပြီး ကိုယ့်တိုင်းပြည်အခြေအနေကို လေ့လာသလိုမျိုးပေါ့။
ခင်ဗျား လုပ်နိုင်မှာမဟုတ်ပါဘူး။
လုပ်ရဲမှာလည်း မဟုတ်ဘူး။
မဲဆောက်လိုနေရာမျိုးမပြောနဲ့ ကရင်ပြည်နယ်မှာတောင် လက်နက်ကိုင်အစောင့်မပါပဲ အိမ်ပြင် ထွက်ဝံ့ရဲ့
လား။ ခင်ဗျားတို့တတွေက ဂတိမတည်တဲ့ ဇီးကွက်လိုငှက်မျိုး။
အပြင်မထွက်ရဲဘူး။
ကျီးတွေက ဇီးကွက်ကို သမ,သလို အဆော်ခံရမှာ။
အဲဒီပုံပြင်လေး ခင်ဗျားဘတ်ဘူးလား။ ဘတ်စရာမလိုပါဘူး။ ခင်ဗျားတို့ လက်တွေ့ကြုံနေရပြီပဲ။
မြ၀တီနဲ့ မဲဆောက်ကို ခင်ဗျားလိုင်းကားစီးဘူးလား။ ကားဆရာတွေရဲ့ အခက်အခဲကို ခင်ဗျားသိချင်လျင် ကား
ဆရာတွေလို ကားမောင်းစားကြည့်ပါလား။
ထိုင်းကားသမားတွေ ဘယ်လိုညစ်ပတ်သလဲဆိုတာ ခင်ဗျားသိသွားလိမ့်မယ်။
ကားသမားအချင်းချင်း ညစ်ပတ်တာက တမျိုး။ ထိုင်းပုလိပ်က ညစ်ပတ်တာက တမျိုး။
မြ၀တီနဲ့ မဲဆောက် ကားမောင်းပြီးရှာစားနေရတဲ့ လူတွေရဲ့ဘ၀ကို ခင်ဗျား ကိုယ်ချင်းမစာနာတတ်ဘူး။
ဒါကြောင့် ဒီလို တရားနည်းလမ်းမကျတဲ့ စကားမျိုးကို မဆင်မခြင်ပြောနေတာ။

ခိုးပေါက်တွေကသွားလို့၊ လက်မှတ်ရှိပြီး အချိန်ကျော်အောင်နေလို့ ဖမ်းတာမျိုးဖြစ်မှာပါ
ဗမာနိုင်ငံသားတွေ ခိုးပေါက်က မသွားချင်အောင် ခင်ဗျားတို့စီစဉ်ပေးလေ။
ခက်တာက ခင်ဗျားတို့ကို စီစဉ်ဘို့ ပြောလိုက်တာနဲ့ ခိုးပေါက်က ၀င်လာတဲ့လူ၊ ထွက်သွားတဲ့လူကို မိတာနဲ့
ဒါဏ်ရိုက်မယ်။
အချုပ်ထဲထည့်မယ်။
ငွေညှစ်မယ်။
နားရင်းအုပ်မယ်။ အဲဒါတွေပဲ ခေါင်းထဲမှာရှိနေကြတာ။
ကိုယ့်နိုင်ငံသားတွေ သိက္ခာရှိရှိ လူလိုသူလို ၀င်ထွက်သွားလာနိုင်အောင် နည်းလမ်းရှာဘို့မသိကြဘူး။ လုပ်လည်း မလုပ်တတ်ဘူး။ သိချင်တတ်ချင်တဲ့စိတ်လည်း မရှိကြဘူး။

မြ၀တီကနေမဲဆောက်ကို ကားမောင်းစားကြတဲ့ ကားဆရာတွေအကြောင်း ကျုပ်သိသလောက် ပြောပြမယ်။
ဗမာပြည်သားတွေကို ထိုင်းကားသမားနဲ့ ကိုယ့်နိုင်ငံက ကားသမား၊ ဘယ်ကားစီးမလဲလို့မေးကြည့်။
ကိုယ့်နိုင်ငံသားမောင်းတဲ့ကားကိုပဲ စီးကြမှာ။
ထိုင်းလူမျိုးနဲ့ ဗမာလူမျိုး ကို ယှဉ်လိုက်လျင် ဗမာလူမျိုးက နေ့စဉ်မပြတ် သွားလာနေကြတာ။
ဗမာခရီးသွားက ထိုင်းခရီးသည်တွေထက် ပိုများတယ်။

အဲဒီတော့ ဘာဖြစ်လာလဲ။
ထိုင်းကားသမားတွေ စီးပွါးရေးကြတ်တည်းလာပြီ၊ ကားတွေကို အကြွေးနဲ့ဝယ်ကြတာ။
ဗမာပြည်က ကားတွေလို ပေါချောင်ကောင်းတွေ မဟုတ်ဘူး။
အချိန်တန်လို့ ကားအကြွေးမဆပ်နိုင်လျင် ကားအသိမ်းခံရမယ်။
 ဒီလိုနဲ့ သူတို့ရဲ့ပစ်မှတ်က ဗမာပြည်သား ကားမောင်းသမားတွေဘက် အလိုလိုရောက်လာတယ်။
ဗမာပြည်သားမောင်းတဲ့ကားကို မစီးချင်အောင် မစီးရဲအောင် လုပ်ဘို့လိုလာပြီ။

ဒီတော့ သူတို့နိုင်ငံက ပုလိပ်နဲ့ ပေါင်းမယ်။
စောစောက ပြောသလို ဖမ်းမယ်၊ ဆီးမယ်၊ ငွေညှစ်မယ်။
ကားပေါ်ပါလာတဲ့ လူတွေကိုလည်း အကြောင်းမရှိအကြောင်းရှာပြီး ထင်သလိုလုပ်မယ်။
ဒါလောက်ဆို ခင်ဗျားသဘောပေါက်မှာပါ။ ဗမာပြည်က ပုလိပ် ဂိတ်တွေရဲ့ အကျင့်ကောင်းတွေလေ။
ဒါတင်ပဲလား ဆိုတော့ မကသေးဘူး။
ဗမာပြည်သား ကားမောင်းသမားတွေကို ချောင်းရိုက်တာတို့၊ ပိုက်ဆံလုတာတို့ ဆိုတာတွေ ရှိသေးတယ်။
ဘယ်မှာသွားတိုင်မလဲ။
ဗမာအရာရှိတွေကို သွားတိုင်မလား။
ခင်ဗျားလိုလူနဲ့တိုးလို့များကတော့လား ကျားကြောက်လို့ ရှင်ကြီးကိုး ရှင်ကြီးကျားထက်ဆိုး ဆိုတဲ့စကားပုံအ
တိုင်း ဖြစ်မှာအသေအခြာပဲ။

ဒီကိစ္စကို ၂နိုင်ငံနယ်ခြားကော်မတီကနေရှင်းကြဖို့ ပြည်နယ်အစိုးရက တာဝန်ပေးထားပါတယ်
နားရှိလို့သာကြားရတာ အားမကိုးလောက်ပါဘူး။
ပေးတဲ့တာဝန်ကို ဘယ်လိုထမ်းဆောင်နေသလဲ ဆိုတာ အောက်က KNU/KNLA-PC က ဗိုလ်မှူးကြီး တိုက်
ဂါးပြောသွားတာလေး ဘတ်ကြည့်လိုက်ပါဦး။

အခုက သူတို့ ခရိုင်အုပ်ချုပ်ရေးမှူးယိုးဒယားနဲ့ ခရိုင်အုပ်ချုပ်ရေးမှူးဗမာနဲ့ တွေ့ပြီး သူတို့ ထမင်းစား၊ ရေ
သောက်၊လက်ဖက်ရည်သောက်။
ပြီးရင် ပျော်ကြ၊ ပျော်ပြီးရင်ပြန်။
ဘာမှလည်း အကျိုးမရှိဘူး။
သူတို့ အရေးယူပေးမယ်၊ ပြောပေးမယ်ပေါ့နော်၊ ကျနော်တို့ ပြည်သူအတွက်။
သူတို့က ဘာမှ မပြောပေးဘူးဗျ။ ပါးစပ်က ပြောပြီး ပြန်တာပဲဟာ။

ကျုပ်အမြင်ကိုပြောရလျင် ဗမာအရာရှိတွေဆိုတာ ပြည်သူက ချစ်လို့ခင်လို့ ယုံကြည်စိတ်ချလို့ တင်လိုက်တဲ့ ခန့်လိုက်တဲ့ အရာရှိတွေမှမဟုတ်တာ။
ပြည်သူအတွက် ဘယ်ပြောပေးပါ့မလဲ။
သူတို့ဘာသာသူတို့ ပုလင်းတူ ဗူးစို့ လုပ်ပြီး လူကြီး နေရာကို အရှက်အကြောက်မရှိ တက်ယူနေတာ။
ကိုယ့်တိုင်းပြည်က ပြည်သူအတွက် ပြောတတ်ဆိုတတ်တဲ့ပုံလည်း မပေါက်ဘူး။

အရေးကြီးဆုံးကဘာလဲဆိုတော့ စီးပွါးရေးကိစ္စ။
ဗမာပြည်ကလူတွေ မဲဆောက်မှာလာပြီးအလုပ်လုပ်ကြတယ်။
နေ့ချင်းပြန် ရောင်းဝယ်ဖေါက်ကားမှုတွေကို သူသူငါငါလုပ်လာကြတော့ ထိုင်းအရောင်းဆိုင်တွေ အနည်းနဲ့
အများဆိုသလို အရောင်းထိုင်းလာတယ်၊ ၀င်ငွေထိခိုက်လာတယ်။
နောက်တခုက အလုပ်တွေလုပ်ကြတဲ့အခါမှာ ဗမာလူမျိုးက ထိုင်းလူမျိုးထက် အလုပ်ကိုမခိုမကပ်ပဲလုပ်တတ်
ကြတာဆိုတော့ စီးပွါးရေးအမြင်နဲ့ကြည့်လျင် အလုပ်ရှင်တွေက ဗမာလူမျိုးကိုဦးစားပေးခန့်မှာပဲ။
ထိုင်းလူမျိုးလောက် လစာမများဘူး။ တာဝန်မကြီးဘူး။
ဒီတော့ အလုပ်ကိစ္စနဲ့ပတ်သက်လာပြီး ဗမာအလုပ်သမားတွေအပေါ် အညှိုးအတေးမထားဘူးလို့ မပြောနိုင်
ပါဘူး။

အဲဒါတွေက ကျုပ်မြင်တဲ့ အပေါ်ယံခပ်ပါးပါးလေး အမြင်ပဲရှိသေးတယ်။
အလုပ်ရှင်နဲ့ အလုပ်သမားတွေကြားက လူမသိ သူမသိ အကြောင်းအချက်တွေ၊ ဗမာအလုပ်သမားအချင်း
ချင်း ဖြစ်တဲ့ပြဿနာတွေ၊ ထိုင်းအလုပ်သမား နဲ့ ဗမာအလုပ်သမားကြား ပြဿနာတွေ၊ အဲဒီလိုအသေးအဖွဲပြဿနာတွေ
ဖြစ်လာပြီ ကြုံလာရပြီဆိုလျင် ကိုယ့်ကိုယ်ကို အစိုးရလို့ အရှက်မရှိပြောပြောနေတဲ့သတ္တ၀ါတွေက ဘယ်နား
သွားရှာရမှန်းမသိဘူး။

အိမ်နီးချင်းနိုင်ငံမှာ အလုပ်လုပ်နေကြရတဲ့ ကိုယ့်နိုင်ငံသားတွေမှာ ဘယ်လိုအခက်အခဲတွေကြုံနေသလဲ။
 ကြုံရ နိုင်သလဲ။
ဘယ်လိုနည်းတွေနဲ့ ကြိုတင်ကာကွယ်ထားလျင် အကောင်းဆုံးဖြစ်မလဲ။
သူတို့တတွေအတွက် ဘယ်လိုပညာပေးသင်တန်းမျိုးတွေ ပေးထားသင့်သလဲ။
လိုအပ်တာတွေကို ပြင်ဆင်ပေးရမှာ အစိုးရရဲ့တာဝန်လေဗျာ။
အခုလို မျက်နှာလွှဲ ခဲပစ် လုပ်တာမျိုးကိုတော့ ဆက်မလုပ်သင့်တော့ပါဘူး။
ပြောသာပြောနေရတာ ခင်ဗျားတို့တတွေ ခရိုနီတွေနဲ့ ပေါင်းပြီး ဘူဇွါကြီးတွေ ဖြစ်ချင်နေကြတာဆိုတော့ ဒီ
အရေးတွေက ခင်ဗျားတို့အတွက် ပဲမကျက်ဘူးမဟုတ်လား။

တိုင်းသူပြည်သားတွေ ငတ်ပြတ်မှ၊ ဆင်းရဲမှ၊ ပညာမတတ်မှ ခင်ဗျားတို့အာဏာမြဲမယ်ဆိုတဲ့အတွေးနဲ့ တိုင်း
သူပြည်သားတွေကို အမျိုးမျိုးဖိနှိပ် အကြတ်ကိုင် ချိန်းခြောက် အမှုဆင် ထောင်ချ လုပ်နေကြတဲ့ အကျိုးကို မ
ကြာသောကာလမှာ ခင်ဗျားတို့ မြိန်မြိန်ယှက်ယှက်ကြီးခံစားကြရတော့မယ့် အဖြစ်ကို မြင်ယောင်မိပါရဲ့။
ယတြာလည်း မနိုင်နိုင်တော့ဘူး။ ဘာကြောင့်လဲသိလား။
ခင်ဗျားတို့ကို ပြည်သူတွေက သူတို့မျက်ရည် သူတို့ဘ၀ သူတို့သွေး သူတို့တတွေရဲ့အသက်တွေနဲ့ စတေးပြီး
နှစ်ပေါင်းမြောက်များစွာကျိန်ဆဲနေခဲ့ကြလို့ဗျ။ မှတ်ထား။

ဘ၀တူ အဖိနှိပ်ခံပြည်သူတရပ်လုံး ကျန်းမာချမ်းသာ၍ စစ်အာဏာရှင် လက်အောက်မှ အမြန်ဆုံးလွတ်ကင်း
နိုင်ပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

http://www.hotnewsweekly.com/node/3271 မှ သတင်းဆောင်းပါးကို ဘတ်ပြီး ရေးပါသည်။