• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Saturday, November 8, 2014

ခုဂ်မေ၀်ထ၀့် ယေါတ်ထါင်အ်ုခေါဟ်


ခုဂ်မေ၀်ထ၀့် ယေါတ်ထါင်အ်ုခေါဟ်

October 08, 2014
Saturday

By မင်းစိုးစံ

သူငယ်ချင်း အပေါ်က ကရင်စကားပုံလေးမင်းကြားဘူးမှာပေါ့။
အဓိပ္ပါယ်က အမြီးရှည်တဲ့ ဖွတ် သူ့အမြီးသူ့လည်ပင်းကို ပြန်စွပ်တယ် တဲ့။ 
ကိုယ့်လည်ပင်း ကိုယ်ကြိုးကွင်းစွပ် ဆိုသလိုမျိုး။
ဗမာစကားပုံနဲ့ပြောမယ်ဆိုလျင် ပေါ့ချင်လို့ ကြောင်ရုပ်ရေး ဆေးကြောင့်လေး ဆိုတာမျိုးပေါ့။
ကိုယ့်ရှူးကိုယ်ပတ် ဆိုတဲ့စကားပုံက ပိုမှန်မလားမသိဘူး။ အဲဒါကို အသာထားပြီး ပထမဆုံး မင်းကိုပြောစ
ရာလေးရှိတာ ပြောပြပါရစေ။ မင်းစိတ်ဝင်စားလိမ့်မယ်လို့ ငါထင်ပါတယ်။
အဲဒါက ဖူ့တာမိက်ဂုဏ်တာဘာ(ဖုတာမိုက် ဂုဏ်ကျေးဇူးဘုန်းတော်ကြီးကျောင်း)မှာ ကထိန်သင်္ကန်းကပ်ပွဲ
လုပ်တော့ မင်းကိုမတွေ့ရဘူး။ မင်းမြေးလေးတွေကိုလည်း မတွေ့ဘူး။
မင်းသားမက်ကိုတော့ တွေ့တယ်။ ကလေးတွေနေထိုင်မကောင်းလို့ မလာဖြစ်ကြဘူးလို့ ငါ့ကိုပြောတယ်။
မင်းကတော့ ထုံးစံအတိုင်းရေချိန်များသွားလို့ မလာနိုင်ဘူးဆိုပါလား။
ဒါပေမယ့် သင်္ကန်းတော့လှူလိုက်တယ်ဆိုပဲ။ သာဓုပါဗျား။ သာဓု သာဓု သာဓု။

Halloween ညမှ ကရင်ကလေးငယ်တသိုက်
အေး မင်းရဲ့မြေးတွေလိုပဲ ငါ့မြေးလည်းနေမကောင်းဖြစ်နေတယ်။ မဖြစ်ပဲနေမလား Halloween ညရဲ့အအေး
ဓါတ်က ခါတိုင်းညတွေထက်ပိုကဲတာကိုး။ အဲဒီညက သောင်္ကြာနေ့ညနော် မနက်ဘက်ကျတော့ စနေနေ့။
အဲဒီနေ့မှာ ငါ့စာသင်ခန်းကို ငါ့မြေးတွေမလာနိုင်ကြဘူး။ အခြားကျောင်းသားတွေတော့ လာကြတယ်။ အဲဒီနေ့မှာ ငါက သူတို့လေးတွေကို ကရင့်ရိုးရာတူရိယာတွေဖြစ်တဲ့ စောင်းကောက်၊ ဗျတ်စောင်း၊ ကျွဲချို၊ က
ရင်လို ဟှိင်(ဗမာလို မိချောင်းလျှာ) တွေကို ထုတ်ပြတယ်။
ပြီးတော့ တခုချင်းစီရဲ့ အသံတွေ သီချင်းနဲ့ရောဘက်ပြီး သီဆိုထားတာ တွေကို ဖွင့်ပြတယ်။
ဓါတ်ပုံတွေနဲ့ ရှင်းပြတယ်။
တခုချင်းစီကို အနီးကပ်ကိုင်ကြည့်ခိုင်းတယ်။
သူတို့ကိုယ်တိုင် တီးကြည့်နိုင်အောင် မှုတ်ကြည့်နိုင်အောင် ခွင့်ပေးလိုက်တယ်။
ပြီးတော့ ဒါတွေဟာ မင်းတို့အားလုံးရဲ့ ကိုယ်ပိုင်ပစ္စည်းတွေဖြစ်တယ် ဆိုပြီးပြောပြတယ်။
ပြီးတော့ အဲဒီပစ္စည်းတွေထဲက ဘယ်ဟာကိုတတ်ချင်သလဲလို့မေး တော့ အားလုံးကိုတတ်ချင်တယ်တဲ့။
တဆက်တည်းပဲ အဘိုးသင်ပေးပါတဲ့။
မှတ်ကရော ဟေ့။

အဲဒီမှာတင် စောစောက ငါမင်းကိုပြောတဲ့ ပေါ့ချင်လို့ကြောင်ရုပ်ရေး ဆေးကြောင့်လေး ဆိုတာဖြစ်လာတယ်
ထင်တာပါပဲကွာ။ မင်းသိတဲ့အတိုင်းပဲ အဲဒီပစ္စည်းလေးမျိုးစလုံး ငါ့မှာရှိလို့ ကလေးတွေကို ကိုယ့်ရိုးရာယဉ်
ကျေးမှုကို သိအောင်နားလည်အောင်တန်ဘိုးထားတတ်အောင်ဆိုပြီး ထုတ်ပြပြောဆိုပေမယ့် တကယ်တမ်း
ကျတော့ ငါကိုယ်တိုင်က အဲဒီပစ္စည်းတူရိယာတွေကို အသေအခြာတီးတတ်မှုတ်တတ်တာမဟုတ်ဘူးလေ။

မိချောင်းလျှာ မှုတ်ပြနေစဉ်

ကရင်စောင်းကောက်ကိုတော့ နည်းနည်းပါးပါးတီးတတ်တယ်။
တံပိုး(ကျွဲချို)ကိုလည်း အသံထွက်ရုံမှုတ်တတ်ပါသော်လည်း ဗျတ်စောင်း၊ ဟှိင်(မိချောင်းလျှာ) ဆိုတာမျိုးကျ
တော့ လုံးဝကိုမတတ်ဘူး။
ငါဆိုလိုချင်တာက အခု ကရင်စာတွေကို ဗမာစစ်အစိုးရက သင်ခွင့်ပြုတယ်ဆိုတဲ့အပိုင်းနဲ့ဆိုင်တာလေးနည်း
နည်း ပြောချင်တယ်၊ အဲဒီလို ကရင်စာသင်ပေးတဲ့ ဆရာ ဆရာမ တွေအနေနဲ့ ဗမာစစ်အစိုးရက ချပေးလိုက်
တဲ့သင်ရိုးညွှန်းတမ်းအတိုင်း သင်ရသည်ဖြစ်စေ မိမိတို့၏သင်ရိုးညွှန်းတမ်းအတိုင်းသင်ရသည်ဖြစ်စေ စော
စောကပြောခဲ့တဲ့ ကရင့်ရိုးရာတူရိယာ ပစ္စည်းတွေကိုပါ သင်ကြားပေးနိုင်အောင် တတ်ထားစေချင်တယ်။

ဒါမှသာ စာပေကြောင့် စကားခိုင်သလို တူရိယာပစ္စည်းကြောင့် ယဉ်ကျေးမှုလည်းမြဲမှာဖြစ်တယ်။ အခုတော့
ငါ့ကိုပဲကြည့် ကလေးတွေကို ဒါတွေက ငါတို့ပိုင်တဲ့ပစ္စည်း ငါတို့တတွေရဲ့ကိုယ်ပိုင်ပစ္စည်းလို့ စိတ်ဝင်စားလာ
အောင်ပြောပြီး တတ်ချင်လို့သင်ပေးပါဆိုတော့ သင်ပေးနိုင်စွမ်းမရှိတော့ ကလေးတွေစိတ်ထဲ ဘာဖြစ်သွား
မယ်ထင်သလဲ။ ငါတို့အဘိုး လူပေါကြီး၊ မတတ်ပဲနဲ့များ ဆရာကြီးလုပ်နေတယ် လို့ မှတ်သွားလျင်တော်ပါ
သေးရဲ့။ ငါတို့အဘိုးတောင်မှ မတတ်တာ ငါတို့သင်လည်းဘာမှမထူးပါဘူးဆိုပြီး ပစ်ပယ်ထားလိုက်မယ်ဆို
လျင် ငါ့အတွက် ကိုယ့်ရှူးကိုယ်ပတ် တနည်း ပေါ့စေချင်လို့ကြောင်ရုပ်ရေး ဆေးကြောင့်လေး ဆိုတာလိုမျိုး
ဖြစ်သွားရပြီမဟုတ်ပါလား။

တခုတော့ရှိတာပေါ့ စာသင်ပေးတဲ့ဆရာ ဆရာမတွေအချို့အနေနဲ့ ဆို က ရေး တီး ဘက်မှာ အားနည်းနေ
မယ် ဆိုလျင် အဲဒီဘက်မှာကြွမ်းကျင်ပိုင်နိုင်တဲ့ ကရင်အနုပညာရှင်တွေကို ဘိတ်ခေါ်ပြီး အချိန်လေးတချိန်
သတ်မှတ်ပြီး သင်ပြပေးသွားစေချင်တယ်။
ဥပမာကွာ တူရိယာပစ္စည်းတွေကို ပြုလုပ်သုံးစွဲနည်းတွေ သီဆိုတီးခတ်ပုံ၊ သီဆိုတီးမှုတ်ပုံတွေ(စာတွေ့ရော
လက်တွေ့ပါ) စသည်ဖြင့်ပေါ့။

ဘယ်လိုလဲ။ ငါက ငါ့စာသင်ခန်းထဲကအကြောင်းပြောနေလို့ မင်းတော်တော်စိတ်ညစ်နေပြီလား။
ဒါဆိုလျင် မင်းမရောက်ဖြစ်လိုက်တဲ့ ကထိန်သင်္ကန်းကပ်လှူပွဲအကြောင်းပြောပြမယ်။
အဲဒီပွဲမှာ Huron. South Dakota အောင်မင်္ဂ လာဘုန်းတော်ကြီးကျောင်းက ဆရာတော် ဦးဝါသ၀ ရေ
စက်ချတရားဟောခဲ့တာ မင်းကြားမိမှာပေါ့။
အဲဒီဆရာတော်ဟောသွားတဲ့ တရားထဲက ဆွမ်းခံကြွတဲ့ကိုယ်တော်တပါးအကြောင်း ငါပြန်ပြောပြမယ်။

တရားနာရန်စောင့်ဆိုင်းနေကြသူ အချို့

ဆွမ်းခံကြွတဲ့ကိုယ် တော်ဟာ သူ့ဆွမ်းဒါယကာအိမ်ကို အတော်ကလေးစောပြီး ရောက်နေတဲ့အတွက် ဆွမ်း
ဟင်းမကျက်သေးလို့ စောင့်နေဘို့ ဆွမ်းဒါယိကာမက တောင်းပန်တာနဲ့ အိမ်ရှေ့ကွပ်ပျစ်ပေါ်မှာ ထိုင်စောင့်
နေသတဲ့။ ဆွမ်းဒါယကါကတော့ ကိစ္စတခုနဲ့ ရပ်ကွက်ထဲကိစ္စလေးတခုနဲ့ ထွက်သွားချိန်ပေါ့။

ရင်ခွင်ပိုက်ကလေးနဲ့ ဆွမ်းဟင်းချက်နေတဲ့ ဒါယိကာမခမျာ နေမကောင်းဖြစ်နေတဲ့ကလေးကို ရင်ခွင်ထဲက
နေ ခဏခွါထားလို့မရအောင် ကလေးက ဂျီကျနေလိုက်တာများ ဟင်းအိုးလေးတောင်မွှေဘို့ အချိန်မရဘူးဖြစ်
နေလို့ စိတ်မရှည်နိုင်တော့ပဲ ကလေးကိုပြောလိုက်ပုံက နင်ကလည်း ဂျီကျ။ ဟိုမှာနင့်အဖေက အိမ်ရှေ့မှာ
စောင့်နေတာကြာလှပြီ ဆိုပြီးပြောတော့ ကိုယ်တော်ခမျာ အတော်ကိုနေရထိုင်ရကြပ်သွားသတဲ့။
အဲဒီအချိန်မှာပဲ အပြင်ကနေပြန်ရောက်လာတဲ့ သူ့ဒါယကာကို အနားကပ်ပြီး ဒါယိကာမရဲ့ပြောပုံဆိုပုံ မယဉ်
ကျေးတဲ့အကြောင်း၊ ခင်ပွန်းသည်အနေနဲ့ ဆုံးမ,သွန်သင်ပေးသင့်ကြောင်း ပြောပြလိုက်သတဲ့။
အဲဒီတော့ ဒါယကာကသူ့ဇနီးသည်ကို ဘယ်လိုပြောပြီးဆုံးမလိုက်သလဲ သိလား။ 
မိန်းမရေ နောက်ဆိုလျင် ဒီလိုအပြောမျိုးမင်း မပြောမိအောင်စောင့်စည်းပါ။
နောက်တကြိမ် မင်းသာပြောမယ်ဆိုလျင်ဖြင့် အဲဒီကိုယ်တော်နဲ့ ငါပေးစားပစ်မယ်။ တဲ့။
အဲဒါပဲသူငယ်ချင်း ဘာမျှမပြောမဆိုပဲနေလိုက်လျင် ဘာမျှမဖြစ်လာပေမယ့် အခုတော့ ဆွမ်းခံတဲ့ကိုယ်တော်
ခမျာ ဆွမ်းဟင်းတောင်မစောင့်နိုင်တော့ပဲ လစ်ထွက်လာခဲ့ရသတဲ့။

ကိုပါကြီးနှင့် မိသားစု
Source photo from
http://www.yeyintnge.com/2014/10/blog-post_92.html#.VF6lysnt_6s

အခုဗမာစစ်အစိုးရလည်း ကိုယ့်ရှူးကိုယ်ပတ်ဖြစ်တော့မယ်ထင်တာပဲ။ အစိုးရရဲ့ဂုဏ်သိက္ခာ ညှိုးနွမ်း ယုတ်ကျ
ယိုယွင်း ပျက်ဆီး ပုတ်ပွ နံဆော် အမှိုက်ပုံးထဲကနေ မြောင်းထဲရောက်အောင် ရေးတော့မယ်လို့များ မင်းထင်
နေလား။ မရေးပါဘူးကွာ။ အဲဒီ ဗမာစစ်အစိုးရကို ဘယ်သူမှ သိက္ခာကျအောင် မလုပ်နိုင်ပါဘူး။
သူတို့အုပ်စုမှာ ဘာသိက္ခာမျှမရှိဘူးဆိုတာ တတိုင်းပြည်လုံးသိနေတာပဲမဟုတ်လား။
သတင်းထောက် ကိုပါကြီးကိုသတ်တာ ဘယ်သူလဲ။ သေနတ်လုလို့ပစ်သတ်လိုက်တယ် တဲ့။

အလောင်းကို သွားဖေါ်တုန်းက သေနတ်ဒါဏ်ယာမရှိခဲ့တဲ့ကိုပါကြီးကို စစ်ဆေးလိုက်တဲ့အခါမှာ စစ်ဆေး
ချက်အရ သေနတ်ဒဏ်ရာ ၅ ချက်တွေ့ရတယ်လို့ ခွဲစိတ်ရာမှာပါဝင်တဲ့ ဆရာဝန်တဦးက ပြောတဲ့အကြောင်း
ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး အမျိုးသမီးကွန်ရက်အဖွဲ့ဝင် နော်အုန်းလှက DVB မှာပြောပြတာက 
“အဖြေကတော့ သေနတ်ဒဏ်ရာက ၅ ချက်ပေါ့။
မေးစေ့ကနေပြီး ခေါင်းကို ပေါက်သွား တာက တချက်၊ ပြီးတော့ နောက်ကျောကနေ ၂ ချက်ပေါ့။
ရင်ဘတ်ကို ပွင့်သွားတယ်။
ပြီးရင် ပေါင်ကနေပြီး တချက် ပွင့်သွားတယ်။
ခြေဖနောင့် တချက်ပွင့်သွားတယ်ပေါ့နော်။
နောက်က ပွင့်တာက နံရိုးကျိုးသွားတယ်လို့ ခွဲစိတ်တဲ့ ဆရာဝန်တွေကပြောတယ်။ တဲ့။

“ထွက်ပြေးလို့ ပစ်ရင် ခန္ဓာကိုယ်ပဲရှိမှာပေါ့။
ဒီမေးစေ့ကနေ ခေါင်းကို ဘယ်လိုလုပ် ပွင့်ထွက်နိုင်မလဲ။
ဒါကတော့လူတိုင်း တွေးလို့ရတယ်လေ။
မေးစေ့ကနေ ခေါင်းကို သေနတ်နဲ့ ခေါင်းကို ပေါက်သွားတယ်ဆိုတာ အနီးကပ်မှ ရမှာပေါ့။
အဝေးကနေ ဘယ်လိုရမှာလဲ။” ဆိုပြီး သူ့ထင်မြင်ချက်ကို ပြောသွားတာ ဘတ်ရတယ်။
မင်းလည်းစစ်သားပဲ။

ဒီနေရာမှာ အစောပိုင်းအလောင်းဖေါ်လိုက်တဲ့အချိန်မှာ သေနတ်ဒါဏ်ယာကို မမြင်ရတာဟာ မြေကြီးတွေ
ပေပွနေတာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
ဆေးရုံကိုရောက်လို့ အသေချာစင်စင်ကြယ်ကြယ်သန့်သန့်ရှင်းရှင်းလုပ်လိုက်မှ မြင်ရတာဆိုတာလည်း ဖြစ်
နိုင်ပါတယ်။
ငါတခု စဉ်းစားမိတာက ကိုပါကြီးဟာ သေနတ်လုယူနိုင်တဲ့အင်အားရှိ မှရှိနိုင်ပါ့မလားပေါ့လေ။
ဘာကြောင့်လဲဆိုတော့ ဂိုရှယ်လေး ရေးထားတဲ့အတိုင်းသာမှန်မယ်ဆိုလျင်…………..။




  • ဒီနေရာကိုကလစ်လိုက်ပါ။ 
  • အဲဒါကြောင့် ဗမာစစ်အစိုးရ ကိုယ့်ရှူးကိုယ်ပတ်ဖြစ်တော့မလားပေါ့နော်။

    သေနတ်ဒါဏ်ရာမရှိတာကို ရှိတယ်လို့ ငါစကားနွားရ ဖြစ်အောင် လုပ်သည်ပဲဖြစ်စေ။ အမှန်တကယ် သေနတ်မှန်သည်ဖြစ်စေ၊ ဗမာစစ်အစိုးရဆိုတာ လူသတ်ဓါးပြတိုက်ဘို့ သက်သက်ဖွဲ့စည်းထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းသာသာလောက်ပဲ ရှိနေတော့ သိက္ခာကျစရာ မျက်နှာပျက်စရာ ဘာဆိုဘာမျှ လုံးဝကိုမရှိဘူးဆိုတာ တိုင်းသူပြည်သားတွေအပေါ် သူတို့ကျင့်သုံး လုပ် ဆောင် ပြောဆိုနေတဲ့ ပြကတေ့အဖြစ်အပျက်တွေကို သုံးသပ်ကြည့်လျင် မင်းသဘောပေါက်မှာပါ။

    ကျန်းမာချမ်းသာကြပါစေ။

    မင်းစိုးစံ
    (အဝေးရောက် ကရင်ဒုက္ခသည်တဦး)