• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Saturday, December 6, 2014

အကြွေးပြန်ဆပ်ဘို့ မမေ့ကြနဲ့


အကြွေးပြန်ဆပ်ဘို့ မမေ့ကြနဲ့

December 06, 2014
Saturday

By မင်းစိုးစံ

သူငယ်ချင်း ဒီနှစ်ဆောင်းက တမျိုးကြီးပဲနော်။ တော်လေးကြာ နှင်းကျလိုက်၊ တော်လေးကြာနေပူလိုက်နဲ့ ဟိုး
အရင်တုန်းကနဲ့ တူ့ကိုမတူတော့တာ။ ပြီးတော့ သစ်ပင်တွေက အရွက်တွေလည်း အတော်များများအကိုင်း
ပေါ်မှာ ကျန်နေတာတွေ့ရတယ်။ ခြံဝင်းထဲကသစ်ရွက်တွေကို အပင်ပေါ်ကသစ်ရွက်တွေကုန်မှ သိမ်းမယ်ဆို
ပြီးနေနေလိုက်တာ သစ်ရွက်တွေအကုန်မကြွေခင် နှင်းတွေကျလာလို့  မြက်ခင်းပေါ်ကသစ်ရွက်ကို နှင်းခဲ
တွေ ဖုံးကုန်တယ်။
နွေပေါက်လာလျင် မြက်ပင်အတော်များများ ခါတိုင်းနှစ်လို သန်သန်မာမာနဲ့ ပြန်မှပေါက်နိုင်ပါ့မလားမသိဘူး။
အရင့်အရင်နှစ်တွေတုန်းက မြက်ခင်းပေါ်မှာသစ်ရွက်တွေမရှိတော့ နှင်းတွေအရည်ပျော်တာနဲ့ မြက်ပင်လေး
တွေဟာ နဂိုလ်အတိုင်း စိမ်းစိမ်း စိုစိုနဲ့ ပြန်ပေါက်လာနိုင်ပေမယ့် လာမယ့်နှစ်မှာတော့ မြက်ခင်းအတွက် အ
ခြေအနေ သိပ်ကောင်းမယ့်ပုံမပေါက်ဘူးထင်တာပဲ။ ရာသီဥတုက မမှန်တော့ဘူးလေ။

ကမ္ဘာပေါ်ကနေရာတိုင်းလိုလိုမှာ ဟိုနေရာက မြေပြိုလျင် ဒီနေရာက ရေကြီး၊ ဒီနေရာက ငလျင်လှုပ်လျင် ဟို
နေရာက မုန်တိုင်းဝင်၊ တောင်ပြိုတဲ့နေရာပြို၊ ချော်ရည်ပူလောင်တဲ့ နေရာနဲ့၊ ရောဂါဆန်းတွေခံစားနေရတဲ့ဒေ
သ၊ အငတ်ဘေးနဲ့ရင်ဆိုင်နေရတဲ့ ဒေသ၊ စစ်ပွဲတွေ သတင်းကြည့်လိုက်လျင် အဲဒါမျိုးချည်းတွေ့ရ မြင်ရ ကြား
ရတော့ ငါတို့နေနေတဲ့ကမ္ဘာကြီးဟာ အခုချက်ချင်းများ ထ,ပျက်တော့မလားပေါ့ကွာ။
ကမ္ဘာကြီးမပျက်ခင် တိုင်းပြည်တွေ အရင်ပျက်ရလိမ့်မယ်၊ တိုင်းပြည်ထဲကမှ နေရာအစိပ်အပိုင်းလေးတွေ
တခုချင်း တခုချင်း တဖြည်းဖြည်းချင်းပျက်မယ့်သဘောလို့ အဲဒီလို နားလည်မိတယ်။

ဘာကြောင့်လဲဆိုတော့ ပြည်ထောင်စု ဗမာနိုင်ငံတော်(ပြည်ထောင်စု မြမ္မာနိုင်ငံတော်) ဆိုတဲ့အထဲက က
ရင်ပြည်နယ်ကို ကြည့်ကြရအောင်၊ မိဇံတောင် ကုန်ပြီ။ ဘားမဲတောင်လည်း သွားပြီ။ ဇွဲကပင်တောင် မသွား
တသွားဖြစ်ဘို့ အရိပ်သန်းနေပြီ။ တာစူနေပြီ။ အဲဒါတွေက မျက်စေ့နဲ့ မြင်နိုင် တွေ့နိုင်တဲ့ အရာဝတ္ထုတွေ။
အဲဒီလိုမမြင်မတွေ့နိုင်တဲ့အရာတွေလည်း အများကြီးရှိတယ် သူငယ်ချင်း။
၂၀၁၄ ခုနှစ်၊ (၁၆-၁၂-၂၀၁၄)အင်္ဂါနေ့ကနေစပြီး (၂၂-၁၂-၂၀၁၄)တနင်္လာနေ့အထိ (၆)ရက်တိတိအလင်း
ရောင်လုံးဝမရှိပဲ ကမ္ဘာကြီးမှောင်နေမယ်လို့ နာဆာအဖွဲ့ ကြီးကပြောလိုက်တာ မင်းသိမှာပေါ့။ ကရင်ပြည်နယ်ရေရှားတော့မယ်။
အနာဂါတ်ကရင့်မျိုးဆက်သစ်လေးတွေ အသတ်ခံရတော့မယ်။ မင်းယုံရဲ့လား။
ကမ္ဘာကြီး ၆ရက်လောက် မှောင်မှာနဲ့ ကရင်ပြည်နယ် ရေရှားမှာ၊ ကရင့်မျိုးဆက်သစ်အသတ်ခံရမှာ ဘာဆိုင်
လို့လဲဆိုပြီး မေးမလို့လား။
ငါရေးတဲ့စာကြောင်းတွေကို ဆုံးအောင်ဘတ်ပြီးလျင်တော့ မင်း သဘောပေါက်မှာပါ။

ဗမာစစ်အာဏာရှင်အဆက်ဆက်ကို မင်းပြန်ကြည့်လိုက် အစောဆုံး သမ္မတကြီးဦးနေ၀င်းပေါ့ကွာ။
နောက်တော့ ဗိုလ်စိန်လွင် ဦးမောင်မောင် ဗိုလ်စောမောင် ဗိုလ်သန်းရွှေ ဗိုလ်သိန်းစိန် စသည်ဖြင့်ပေါ့။
သမ္မတဟောင်း ဦးနေ၀င်းခေတ်တုန်းက ငါတို့တတွေရဲ့ ခြေညှပ်ရာဘာဘိနပ်ပေါ်မှာ ဘယ်ဘက်က နေ၀င်း
ညာဘက်က စန်းယု ဆိုတဲ့နံမည်တွေကို ဓါးမြှောင်နဲ့ထွင်းပြီး စီးခဲ့ကြတာမင်းမှတ်မိမှာပါ။
နေ၀င်းမသေ ရွာမပြန် ဆိုတဲ့စာတမ်းကို ရင်ဘတ်ပေါ်မှာ မင်းရေးခဲ့သေးတာပဲ။
ငါတို့နည်း ငါတို့ဟန်နဲ့ အတတ်နိုင်ဆုံး စစ်အာဏာရှင်ကို ဆန့်ကျင်ခဲ့ကြတာ လို့ပြောလျင် ပိုမှန်မယ်။
သမ္မတဟောင်း ဦးနေ၀င်းသေသွားတာကြာခဲ့ပေမယ့် မင်းရောငါပါ ကိုယ့်ရွာကို မပြန်နိုင်ကြသေးဘူး။
ပြန်တောင်မပြန်နိုင်တော့ဘူး။
စစ်အာဏာရှင်တွေ တိုင်းပြည်အုပ်ချုပ်မင်းလုပ်နေသမျှ ဘယ်သောအခါမျှ ရွာပြန်ရောက်မှာမဟုတ်ဘူး။
သမ္မတဟောင်း ဦးနေ၀င်းတို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ က လူထုကိုပေါ်ပေါ်တင်တင် သတ်တယ်။ လက်ရှိသမ္မတ ဦးသိန်းစိန်ကျတော့ လူထုကို တဖြည်းဖြည်းချင်း ညှင်းပြီးသတ်တယ်။
စိတ်ဓါတ်တွေ ပျက်ပြားအောင်၊ ဘ၀တွေ နာလန်မထူနိုင်အောင်၊ နည်းမျိုးစုံနဲ့ညှင်းဆဲပြီးမှ အသက်ထွက်
အောင်လုပ်တယ်။
အဲဒီလို သတ်နေတယ်ဆိုတာ မင်းမြင်အောင် ငါဆက်ရေးပြမယ်။

သမ္မတဟောင်းဦးနေ၀င်းရဲ့မြေးတွေဖြစ်တဲ့ ဦးကျော်နေ၀င်း၊ ဦးဇွဲနေ၀င်းတို့ နဲ့ KNU, BGF, DKBA (ကလိုထူး
ဘော) KNU/KNLA Pc တို့က စီးပွားရေးတာဝန်ခံတွေ ကရင်ပြည်နယ်ထဲ ရင်းနှီးမြှုပ်နှံမှုနဲ့ဆိုင်တဲ့ ကိစ္စတွေ
အတွက် နိုဝင်ဘာ (၁၃)ရက်နေ့က ဘားအံမြို့၊ ဇွဲကပင်ဟိုတယ်မှာတွေ့ပြီး ဆွေးနွေးခဲ့ကြတယ်ကွ။
အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးအပြည့်အ၀မရသေးခင် ရင်းနှီးမြှုပ်နှံမှုနဲ့ဆိုင်တဲ့ စီးပွားရေးကိစ္စရပ်တွေ
လုပ်ဘို့ သင့်၏ မသင့်၏ ဆိုတာနဲ့ပတ်သက်ပြီး (Omni Focus Company)ရဲ့ မန်းနေဂျင်းဒါရိုက်တာ ဦးကျော်
နေ၀င်းက
“အရင်ကလဲ ပြည်တွင်းစစ်တွေ နှစ်ရှည်ဖြစ်ခဲ့တာပဲ။
ရင်းနှီးမြှုပ်နှံမှုတွေ ဖွံ့ဖြိုးမှုတွေ လုပ်ခဲ့ကြတာပဲ။
တည်ငြိမ်မှုမရှိလည်း လုပ်မှာပဲ။
ရှုံးခဲ့ရင် ဒါဟာကျွန်တော်ရေးတဲ့ သမိုင်းပဲ။
နိုင်ခဲ့ရင်လည်း ကျွန်တော့်သမိုင်းပဲ။” ဆိုတာပြောသွားတယ်။

အဲဒီအစည်းအဝေးပွဲမှာ KNU တပ်မဟာ (၇)စီးပွားရေးတာဝန်ခံဗိုလ်မှူး စောမိုးဇက်၊ တပ်မဟာ (၇)ဗျူဟာမှူး
ဗိုလ်မှူးကြီးစောဖောဒို၊ KNU, KNLA Pc စီးပွားရေးတာဝန်ခံစောကပေါ်ထူး စတဲ့ ကရင်ခေါင်းဆောင်တွေ ပါ
တယ်တဲ့။
ကျောက်မီးသွေးနဲ့လည်ပတ်နိုင်တဲ့ မဂ္ဂါဝပ် (၃၀၀၀)၊ထွက်မယ့် လျှပ်စစ်စက်ရုံကို ဆောက်မလို့တဲ့ဗျား။
ပြည်တွင်းက ကျောက်မီးသွေးတွေကို အဓိကသုံးသွားမယ်၊ မလောက်လျင် သြစတေးလျ နဲ့ အင်ဒိုနီးရှားက
နေ သွင်းမယ်လို့ပြောတယ်။
ဒီနေရာမှာ ဦးနေ၀င်းရဲ့မြေးက သူ့သမိုင်းသူရေးတော့မယ်။ တနည်းအားဖြင့် သူ့အဘိုးမဖြုတ်နိုင်ခဲ့တဲ့ကရင်မျိုး
ကို သူဖြုတ်မယ်ဆိုတဲ့ စိမ်ခေါ်သံပဲသူငယ်ချင်း။

ဘာကြောင့်လဲဆိုတော့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်ခွဲ၊ တီကျစ်ရွာမှာရှိတဲ့ ကျောက်မီးသွေး
စက်ရုံကြောင့် ဒေသခံတွေကျန်းမာရေးထိခိုက်သလို မီးသွေးပြာတွေကျတဲ့အိမ်က ၀က်တွေဆိုရင် သား
တောင်မပေါက်နိုင်တော့ဘူး လို့ပြောတယ်။
အဲဒီဒေသက ကလေးသူငယ်ဦးရေတစ်သိန်းမှာ ၄၀၉၉.၆ယောက်ဟာ အသက်ရှူလမ်းကြောင်းနဲ့ဆိုင်တဲ့
ရောဂါ ဖြစ်နေတယ်ဆိုပဲ။
ဒီတော့ ကရင့်မျိုးဆက်သစ်တွေ ရှူနာရှိုက်ကုံး ဖြစ်တော့မယ်။ ပြီးလျင် လူစဉ်မမှီပဲ စိတ်ဓါတ်တွေကျမယ်။

ဒါ့အပြင် မဂ္ဂါဝပ်၅၀ထွက်တဲ့ ကျောက်မီးသွေးစက်ရုံတစ်ရုံတစ်ရုံဟာ တစ်နှစ်ကို ရေဂါလန် ဘီလျံ ၇၀အထိ သုံးရမှာဆိုတော့ မြေအောက်ရေခန်းခြောက်မှုကို ကြုံတွေ့နိုင်တဲ့အကြောင်း ဓာတုဗေဒပညာရှင် ဒေါက်တာ
ခင်မောင်ညို ပြောထားတာ။
ဆိုတော့ မဂ္ဂါဝပ် ၃၀၀၀အတွက် ရေဘယ်မှာသွားရှာမလဲ။ ကျွန်းပင်စိုက်မလို့လား။
ကျွန်းပင်က သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်ဘို့မပြောနဲ့ ပေါက်တောင်ပေါက်နိုင်တော့မှာ မဟုတ်ဘူး။
ရေမှမလောက်တာ။ သူဆက်ပြီးပြောထားတာက
"ကျောက်မီးသွေးမှာ အဓိကလိုအပ်တာကရေပါ။ 
ကျောက်မီးသွေးစက်ရုံတွေက Steam Turbine နဲ့လည်ပတ်တဲ့အတွက် ရေလိုအပ်တယ်။
ပင်လယ်ရေကို ဘွိုင်လာမှာသုံးလို့မရဘူး။ 
ရေသန့်ပဲသုံးလို့ရတယ်။
ရေသန့်တောင် ရေညှိမတက်အောင် ပိုးသတ်ထားရမှာဖြစ်တယ်" ဆိုတာကို ဒေါက်တာခင်မောင်ညိုက ပြောထားတာ။
ဆိုတော့ ကရင်ပြည်နယ်ကလူထု ရေငတ်ကြရတော့မယ်။ ရှူနာရှိုက်ကုံး ဖြစ်ကြရတော့မယ်။
ပြီးတော့ မချိမဆန့်ရောဂါဝေဒနာတွေနဲ့ စောစောစီစီး အမျိုးပြုတ်ကြရတော့မယ်။

သမ္မတဟောင်း ဦးနေ၀င်းရဲ့မြေး (Omni Focus Company)ရဲ့ မန်းနေဂျင်းဒါရိုက်တာ ဦးကျော်နေ၀င်းရေး
မယ့်သမိုင်းဟာ ကရင်လူမျိုးတွေအတွက် ကံကြမ္မာဆိုးလို့ ငါပြောချင်တယ်။
သူ့အတွက် စီးပွါးရေးအရ တွက်ခြေကိုက်မယ်။
ပြီးတော့ သူ့အဘိုးမကြေခဲ့တဲ့ ကရင်အမျိုးဖြုတ်ရေးဆိုတဲ့ သမိုင်းပေးတာဝန်ကို အကောင်းဆုံးထမ်းဆောင်
သွားနိုင်လိမ့်မယ်။
ဒါကြောင့်သူက သူ့သမိုင်းသူရေးတာလို့ ပြောလိုက်တာပေါ့။

မင်းအမျိုးတွေ အဲဒီလုပ်ကွက်မှာ ရှယ်ယာပါနေလားမသိဘူး။
မင်းအမျိုးကို ရှယ်ယာ ၀င်မပါကြနဲ့လို့ ပြောဘို့ မင်းမှာတာဝန်ရှိတယ်နော်။
မင်းအရက်မူးပြီး စပါးကျီပေါ်က ပြုတ်ကျတုန်းက မင်းကိုရေမန်းတွေ ဆီမန်းတွေမန်းပြီး သက်သာအောင်လုပ်
ပေးခဲ့တဲ့ ရေမန်းဆရာရဲ့သွားကို မဆလ တပ်က ရိုက်ချိုးသွားတာ။ မင်းသေနတ်ကို ၀ှက်ထားပေးတဲ့ မီးဖွါးခါ
စ ကလေးအမေတယောက်လည်း မဆလ စခန်းမှာ ၃ရက်နဲ့ ၂ည အချုပ်ခံခဲ့ရတာ။
အဲဒါ မင်းမှာတာဝန်ရှိတယ်။ ပြည်သူတွေအပေါ် မင်းပြန်ဆပ်ရမယ့် အကြွေးတွေ။
မင်းအတွက် သူတို့ပေးခဲ့တဲ့ သွားတွေအတွက်။ နို့မစို့ရလို့ ဆာလောင်နေတဲ့ ကလေးငယ်အတွက်။
မမြင်ရနိုင်တဲ့ တန်ဘိုးမဖြတ်နိုင်တဲ့ သားအမိနှစ်ယောက်ရဲ့ စိတ်ဝေဒနာတွေအတွက်။
လောကမှာဝေဒနာမှန်သမျှ အင်မတန် အခံရခက်လှပါတယ်။
အဲဒီဝေဒနာတွေအားလုံးမှာ ဆာလောင်မှုကြောင့်ခံစားရတဲ့ ဝေဒနာဟာအဆိုးဆုံးဆိုတာ မင်းအသိ။
ငါတို့ ထမင်းငတ်ခဲ့ဘူးတယ်။ ငါတို့ ရေငတ်ခဲ့ဘူးတယ်။
အဲဒါ မင်းတယောက်ထဲအတွက် ပေးဆပ်ခဲ့တဲ့ ငါတို့လက်လှမ်းမီသလောက် ပြည်သူတွေ။
ငါတို့လက်လှမ်းမမှီတဲ့ ဒေသက ပြည်သူတွေ၊ ငါတို့မသိလိုက်တဲ့ ပြည်သူတွေ ဘယ်လောက်ရှိမလဲ။
၆၅နှစ်ဆိုတဲ့ ခရီးမှာ။
အဲဒါ မင်းပြန်စဉ်းစားပြီး ဘာလုပ်သင့်သလဲဆိုတာ အရက်မမူးတဲ့အချိန်မှာဆုံးဖြတ်။
အရက်မူးမှ ငိုသံပါကြီးနဲ့ ငါမှားပါတယ်ဆိုပြီး လုပ်နေရုံနဲ့မပြီးဘူး။
လူစိတ်ရှိသေးတယ်ဆိုလျင် ပြောတာပါ။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

မှီငြမ်းကိုးကားထားသည့် နေရာဌာနများ

 http://www.news-eleven.com/local
http://www.hotnewsweekly.com/node/3775
https://www.facebook.com/sawsharphoehi