• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Thursday, January 22, 2015

ငြိမ်းချမ်းရေးယူပြီး အကြွေးဆပ်မလား အကြွေးဆပ်ပြီး ငြိမ်းချမ်းရေးယူမလား


ငြိမ်းချမ်းရေးယူပြီး အကြွေးဆပ်မလား

အကြွေးဆပ်ပြီး ငြိမ်းချမ်းရေးယူမလား

Wednesday,
January 21 2015
By မင်းစိုးစံ

သူငယ်ချင်းရေ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးရဘို့ဟာ တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင်အဖွဲ့တွေရဲ့ လက်ထဲ
မှာပဲရှိတယ် ဆိုတဲ့သတင်း မင်းကြားပြီးပြီလား။
ဗမာ့တပ်မတော်အကြီးအကဲ(မြမ္မာ့တပ်မတော်အကြီးအကဲ) ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စင်္ကာပူအ
ခြေစိုက် Channel News Asia သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းချိန်မှာ ပြောသွားတာတဲ့။

Channel News Asia သတင်းဌာနကပဲ
KIA ကချင်လက်နက်ကိုင်အဖွဲ့ထဲမှာ ငြိမ်းချမ်းရေးမလိုချင်တဲ့ အစိတ်အပိုင်းတချို့ရှိနေပြီး၊ တပြည်လုံးအပစ်
အခတ်ရပ်စဲရေးလုပ်ငန်းစဉ်ကို ရည်ရွယ်ချက်ရှိရှိနှောက်ယှက်နေကြတယ်ဆိုတာ ယုံကြည်စရာအကြောင်း
အချက်တွေ အတော်များများရှိနေပါတယ်
 လို့ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ရဲ့ အင်တာနက် Facebook လူမှုကွန်ရက်စာမျက်နှာမှာ ရေးထားတာ
ကို ဖော်ပြထားသေးတယ်ဆိုပါလား။

 မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးဗဟိုဌာန (MPC) အကျိုးတော်ဆောင် ဦးညိုအုန်းမြင့် က
လည်း ကနေဒါသတင်းဌာနတစ်ခုနဲ့ အင်တာဗျူးတခုမှာ
ကချင်စစ်ပွဲ လွယ်လွယ်နဲ့အပစ်မရပ်နိုင် တာဟာ ဒေသခံ ကချင်ရွာသူရွာသားတွေဟာ စာမတတ်(illiterate)
တဲ့ အကြောင်းနဲ့ ကေအိုင်အိုက ရေဒီယို၊ ရုပ်မြင် သံကြားတွေကနေ မဟုတ်တန်း ၀ါဒဖြန့်တာကို ယုံကြည်
လက်ခံနေကြလို့ ဖြစ်တယ်
ဆိုပြီး ပြောသွားသေးတယ် ဆိုပဲကွ။

အဲဒီလို အပြောအဆိုအရေးအသားတွေ ပြောဆိုရေးသားအပြီး ကချင်ဆရာမလေးနှစ်ယောက် သားမယားပြု
ကျင့်ခံရပြီး ရက်ရက်စက်စက်အသတ်ခံလိုက်ရတာ မင်းသိမှာပေါ့။
မင်းမသိသေးဘူးဆိုလျင် ပထမ google.com ကိုသွား။
ပြီးတော့ lachid–kachin ဆိုတာကို ရိုက်ထည့်လိုက်။
facebook ပါတဲ့စာတန်းကိုရွေးလိုက်လျင် သတင်းရောဓါတ်ပုံပါ အစုံအလင်တွေ့ရလိမ့်မယ်။ မင်းကိုအခုလို သေသေချာချာရေးပြနေရတာက မင်းမနာတတ်မှာစိုး လို့။

ကချင်မှာဖြစ်တဲ့ကိစ္စ ငါတို့နဲ့မဆိုင်ဘူးဆိုတဲ့စိတ်မျိုး မထားမိဘို့လိုတယ်သူငယ်ချင်း။
ဗမာစစ်အစိုးရဟာ ၁၉၉၀ လောက်တုန်းက ကချင်နဲ့ငြိမ်းချမ်းရေးကို လောလောနဲ့လက်မှတ်ထိုး။ ငါတို့ကရင်တွေကို တိုက်။
အခုတခါ ငါတို့ ကရင်တွေနဲ့ ကပျာကသီလက်မှတ်ထိုး။ ကချင်ကို တိုက်။
နောက်ထပ်တခါ ငါတို့ကိုပြန်မတိုက်ဘူးလို့ မင်းထင်လား။
ဗမာစစ်အစိုးရက ငါတို့ကို မတိုက်ပါဘူးကွာလို့ မင်းအနေနဲ့ စိတ်ချလက်ချယုံနေလား။
ငါကတော့ တနေ့ နေ့တချိန်ချိန်မှာ ငါတို့ကရင်တွေအပါအ၀င် တိုင်းရင်းသားအားလုံး စစ်အုပ်စုကို မလွဲမ
သွေပြန်တိုက်ရမှာပဲ။

တိုက်ရေးခိုက်ရေးကို အသာထားလို့ အပေါ်က ဗမာစစ်အစိုးရ ပြောသွားတဲ့စကားကို နည်းနည်းလောက်
တွေးကြည့်ကြရအောင်။
ပထမဆုံး စကားတခုဖြစ်တဲ့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးရဘို့ဟာ တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင်အဖွဲ့တွေ
ရဲ့ လက်ထဲမှာပဲရှိတယ် ဆိုတဲ့စကားကို မင်းဘယ်လိုမြင်လဲ။
တော်တော်ကလေးဆန်တဲ့ စကား။ အောက်တန်းကျတဲ့စကားလို့ ငါမြင်တယ်။
ဒီလိုမြင်တဲ့အတွက် ငါ့ရဲ့တင်ပြရေးသားချက်ကလည်း ကလေးဆန်နိုင်သလို အောက်တန်းလည်း ကျချင်ကျ
လိမ့်မယ်။

တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ ၁၆ဖွဲ့ရှိတယ်။
၁၂ဖွဲ့ ဗိုလ်ရှူသဘင်ကို တက်ကြတယ်။
ကျန်တဲ့ ၄ဖွဲ့မတက်ဘူး။
တကယ်ငြိမ်းချမ်းရေးယူချင်လျင် အဲဒီ ၁၂ဖွဲ့ကို ဒီမိုကရေစီလမ်းကြောင်းပေါ်လျှောက်နေတာ သေခြာတယ်ဆို
တာကို ပြလိုက်လေ။
ရေအိုင်ထဲက ငါးတွေကို အမျိုးဖြုတ်ချင်တဲ့ ဗျိုင်းတောင်မှ သစ်ပင်သစ်တောတွေနဲ့ ပြည့်နေတဲ့ ရေကန်ကြီး
တကန်တကယ်ရှိနေတယ်ဆိုတာ ရေအိုင်ထဲက ငါးတကောင်ကို ပြလိုက်သေးတာပဲ။
ပြီးတော့မှ တကောင်ပြီးတကောင် ခံတက်ပင်ခွကြားမှာ စားပစ်တဲ့ပုံပြင်လေး မင်းကြားဘူးမှာပေါ့။
အခုတော့ စစ်အစိုးရက သူ့လည်ပင်းကို အညှပ်ခံရမှာစိုးလို့ အားလုံးကို သိမ်းကြုံးပြီး ခံတက်ပင်ခွကြားမှာ အကျအနသတ်စားဘို့ ပြင်နေတာကို တမင်ပြနေသလိုဖြစ်နေတယ်။

နောက်စကားတခု
ကချင်လက်နက်ကိုင်အဖွဲ့ထဲမှာ ငြိမ်းချမ်းရေးမလိုချင်တဲ့ အစိတ်အပိုင်းတချို့ ရှိနေပြီး၊ တပြည်လုံးအပစ်အခတ်
ရပ်စဲရေးလုပ်ငန်းစဉ်ကို ရည်ရွယ်ချက်ရှိရှိနှောက်ယှက်နေကြတယ်ဆိုတဲ့ ယုံကြည်စရာအကြောင်းအချက်
တွေ အတော်များများရှိနေပါတယ် ဆိုတာ။
အဲဒါ သူခိုးက လူဟစ်တဲ့ စကားပဲ။
သတင်းတွေကို ပြန်ကြည့်လိုက် ကရင်ရဲတပ်ဖွဲ့တွေ အသတ်ခံရတယ်။ လက်သည်မပေါ်ဘူး။
လက်နက်နဲ့ ခရီးသွားလာတာမလုပ်ရဘူး။ လုပ်တဲ့လူကို သတ်ပြတယ်။
မြေသိမ်း ယာသိမ်းတဲ့ကိစ္စ ၀င်မရှုတ်နဲ့။ ငြိမ်းချမ်းရေးလိုချင်လျင် အေးအေးဆေးဆေးနေ။
ကချင်ဗိုလ်သင်တန်းကျောင်းကို လက်နက်ကြီးနဲ့ ပစ်တယ်။ အဲဒါတွေက ငါမှတ်မိသလောက်သတင်းပဲ။
အဲဒါကိုပဲ မင်းကြည့်။
ဘယ်သူက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ရည်ရွယ်ချက်ရှိရှိ နှောင့်ယှက်နေသလဲ။

တတိယစကားဖြစ်တဲ့ ကချင်စစ်ပွဲ လွယ်လွယ်နဲ့အပစ်မရပ်နိုင်တာဟာ ဒေသခံ ကချင်ရွာသူရွာသားတွေဟာ စာ မတတ်(illiterate)တဲ့ အကြောင်းနဲ့ ကေအိုင်အိုက ရေဒီယို၊ ရုပ်မြင်သံကြားတွေကနေ မဟုတ်တန်း ၀ါဒ
ဖြန့်တာကို ယုံကြည်လက်ခံနေကြလို့ ဖြစ်တယ်။
ဆိုတဲ့စကားကို ပြန်တွေးကြည့်။
တိုင်းရင်းသားဒေသတွေက ဆရာမ တွေကို မုဒိန်းကျင့်ပြီးသတ်ခိုင်းနေမှတော့ ဘယ်လိုလုပ်ပြီး ဗမာစစ်အစိုး
ရကို ယုံမှာတဲ့တုန်း။
တဘက်နဲ့တဘက် တိုက်ကြခိုက်ကြလို့ ဗမာစစ်တပ်က အထိနာပြီဆိုတာနဲ့ အနီးနားတ၀ိုက်ရွာတွေက တိုင်း
ရင်းသားတွေ ပြေးနိုင်မှ လွတ်တာ။
မင်းလည်းသိပါတယ်ကွာ။
ငါတို့ရွာမှာ တိုက်ပွဲဖြစ်တော့ တရွာလုံးကို မီးရှို့ပစ်တာမျိုး၊ အိမ်မွေးတိရိစ္ဆာန်တွေကို အကုန်အစင်သတ်ပစ်
တာမျိုး။
ယောက်ျား မသာ။
မိန်းမ ဖါ။
နွား ဆိုလျင် ဟင်း။
လှည်းဆို ထင်း။ ဆိုတဲ့ စာတမ်းတွေထိုးပြီး ရက်ရက်စက်စက်လုပ်ပြတာမျိုး။

အခင်းဖြစ်ပွါးတဲ့ ကောင်းခါးရွာဟာ ကချင်ကျေးရွာတရွာဖြစ်ပြီး အစိုးရနဲ့ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA အကြား တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့တဲ့နောက် အဲဒီဒေသကို အစိုးရစစ်ကြောင်းတွေ ဖြတ်သန်းသွားခဲ့ပေမဲ့ အရင်
က အခုလိုအမှုအခင်းမျိုး ဖြစ်ပျက်ခဲ့ဖူးတာမရှိပေမယ့် ဗမာ့တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်
လှိုင်က ငြိမ်းချမ်းရေးရဘို့ဟာ တိုင်းရင်းသားလူမျိုးစုလက်နက်ကိုင်အဖွဲ့တွေရဲ့ လက်ထဲမှာပဲရှိတယ် ဆိုတဲ့ စ
ကားကို သဘောပေါက်အောင် လုပ်ပြလိုက်တာများလားပေါ့။
တိုက်ဆိုင်မှုဆိုလျင်တော့ သိပ်ပြီးအကောင်းမြင်ရာကျလေမလား။ ဒါက ငါ့အမြင်ပါ၊
ကလေးဆန်နိုင်ပါတယ်၊ အောက်တန်းလည်းကျနိုင်ပါတယ်။

နောက်သတင်းမှာ ဗမာစစ်သား ရိုင်းစိုင်းယုတ်မာပုံကို မင်းသိအောင် ငါနည်းနည်းလေး ရေးပြမယ်။  
နမ္မတူမြို့အစွန် ခူဖိတ်ကျေးရွာအုပ်စု ခူမောကျေးရွာမှာ ဇန်န၀ါရီ ၂၀ ရက်နေ့ မွန်းတည့်ပိုင်းက တပ်မ ၇၇ က ရဲဘော်မောင်မောင် ဆိုတဲ့ဗမာစစ်သားက မဂျာရာရဲ့အိမ်ပေါ်မှာ လက်ကိုင်ဖုန်းရောင်းရာကနေ အကြမ်းဖက်
ပုံကလည်း လူတွေအချိန်မီမရောက်လျင် တွေးတောင်မတွေးရဲဘူး။
သူ့ကို ဖုန်းအတင်းထိုးရောင်းနေတော့ သူ့ မှာရှိတယ်ဆိုပြီး မယူဘူးလို့ ပြောတာကို တခါတည်း လည်ပင်းကို
ဆွဲကိုင်ပြီး ပါးနားတွေထိုးတော့ မရုန်းနိုင်တော့ဘဲ ထိုင်ခုံကြားထဲရောက်သွားတဲ့အချိန်မှာ လူနှစ်ယောက်
ရောက်လာပြီး ဘာလုပ်တာလဲဆိုတော့မှ ထွက်ပြေးသွားတယ်။ တဲ့။

တိုက်ကြခိုက်ကြမယ့်အကြောင်း ပြန်စကြရအောင်။
ကော်သူးလေတပ်မတော်ရဲ့ ဗျူဟာမှူးဗိုလ်မှူးကြီးဆန်းအောင်က ပထမဆုံးသတင်းစာရှင်းလင်းပွဲတခုကို
ကော့ကရိတ်မြို့နယ်မှာ ကျင်းပချိန်မှာ
ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ ပြည်သူကိုပေးထားတဲ့ ကတိက၀တ်ဟာ နှစ်ပေါင်း (၆၆)နှစ်
ထဲ ရောက်လာခဲ့ပေမယ့် အကောင်အထည်ဖော်လာခြင်းမရှိသေးတာမို့ တင်နေတဲ့နှစ်ရှည်အကြွေးတွေကို
အမြန်ဆုံးပြန်ဆပ်ကြရမယ်
ဆိုပြီး ကရင်အမျိုးသား(မီဒီယာ) ကိုပြောခဲ့သလို ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) ဗဟိုအလုပ်အ
မှုဆောင်ကော်မတီဝင် ပဒိုစောသမိန်ထွန်းကလည်း ၂၀၁၅ ဇန်န၀ါရီလ ၃၁ရက်နေ့ ကရင့်တော်လှန်ရေးနေ့ ၆၆နှစ်ပြည့်မှာ
ရက်ရက်စက်စက် မုဒိမ်းကျင့်အသတ်ခံရပြီး ကိုယ့်အမျိုးသားအတွက်ကို ကာကွယ်ပြီးအသက်ပေးသွားတဲ့ အ
မျိုးသမီးတွေရှိတယ်။
အဲဒါကို ဂုဏ်မပြုလို့ မရဘူး။
ကျနော်တို့ ဂုဏ်ပြုရမယ်။
ဘာဖြစ်လို့လဲဆိုရင် သူတို့တစ်ဦးချင်းစီရဲ့ဆောင်ရွက်မှုတွေကြောင့် ကျနော်တို့ ဒီကနေ့အထိ ကြံ့ကြံ့ခံနိုင်တာ။
စောဘဦးကြီးကို ဂုဏ်ပြုသလို ကရင်တပ်မတော်သားတွေ၊ ကရင်ပြည်သူလူထုတွေ၊ ကရင်အမျိုးသမီးတွေ
ကို အလေးထားဂုဏ်ပြုရမယ်။
အဲဒါကိုမေ့ပျောက်ရင် ကျနော်တို့က အမျိုးသားအပေါ်မှာ သစ္စာဖောက်တာပဲ။
ဆိုပြီးပြောသွားတာကွ။

ဂုဏ်ပြုတယ်ဆိုတာ ပန်းခွေလေးချ။ ခေါင်းကလေးညွှတ်။ အလံ တိုင်ဝက်ထူလိုက်ရုံနဲ့ မပြီးဘူးသူငယ်ချင်း။
ဒါကြောင့် တနေ့နေ့တချိန်မှာ စစ်အုပ်စုကို ပြန်တိုက်ဘို့လိုအပ်တယ်လို့ ငါပြောတာ။
အေး တခုတော့ရှိတာပေါ့။ ငါတို့ ဘယ်လိုနည်းနဲ့တိုက်မလဲ။
အဲဒါ အရေးကြီးတယ်။

ငါက တိုက်မယ်ခိုက်မယ်ပြောလို့ မင်းတော်တော်စိတ်ပင်ပမ်းသွားပြီလား။ ကဲစိတ်ကလေး အေးချမ်းသွားအောင် အောက်က ဓမ္မစင်္ကြာ တရားတော်ကို ကရင်လိုရွတ်ဆိုထားတာလေး မင်းနားထောင်လိုက်။ စာလုံးပေါင်းတွေမှား နေတာတွေ့လျင် အကြောင်းပြန်ပါ။
လာမယ့် ၂၅ရက် တနင်္ဂနွေနေ့မှာ ၀တ်စုံပြည့်ရွတ်ဆိုပူဇော်ကြမှာဆိုတော့ လာနားထောင်ကြည့်ပါလား။


ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

မှီငြမ်းသည့် နေရာဌာနများ

https://www.facebook.com/profile.php?id=100004061645399&fref=hovercar
http://burmese.dvb.no/archives/77959
http://burmese.voanews.com/content/kachin-murder/2607589.html
https://www.facebook.com/pages/Lachid-Kachin/414159518643364
http://www.rfa.org/burmese/news/army-chief-says-peace-depend-on-ethnic-armed-01192015223427.html January 17, 2015