Source photo from
http://moemaka.blogspot.com/2015/02/blog-post_106.html
မတူရင် မတုနဲ့
February 20, 2015
သူငယ်ချင်း။
MNDAA (မြန်မာနိုင်ငံ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်) နဲ့ ဗမာစစ်တပ်တိုက်ပွဲသတင်း မင်းကြား
ပြီးရောပေါ့။
ဗမာစစ်တပ်က အရပ်သားတွေကိုပစ်သတ်တာ မဟုတ်ရပါဘူးဆိုတာတွေလည်း မင်းသိပြီးသားဖြစ်မှာပါ။
မြို့ကြီးပြကြီးမှာနေပြီး နယ်စပ်ဒေသတွေနဲ့ ကင်းကွာနေတဲ့လူတွေကတော့ ယုံချင်လျင်ယုံကြပေမပေါ့။
တချို့ကျပြန်တော့ စစ်ပွဲတွေရဲ့သဘောသဘာဝအရ အရပ်သားတွေသေကြေပျက်စီးရတာမျိုးဟာ မြေဇာပင်
ဘ၀ပါ ဘာညာပေါ့လေ၊ အဲဒီလိုလေးပေါ့ပေါ့တန်တန်တွေးကြရင်း နှစ်ဘက်စလုံးကတပ်တွေဆင်ခြင်ကြပါ
ဆိုတဲ့ စကားလုံးကိုလွယ်လွယ်ကလေးပြောလိုက်ကြတာမျိုးတွေလည်း ဘတ်ရလိမ့်မယ်လို့ ငါထင်ပါတယ်။
အခုဆို ဗမာ့တပ်မတော်က နယ်မြေလုံခြုံရေးအတွက် နယ်မြေရှင်းလင်းရေးတွေလုပ်နေတယ်ဆိုတာ သ
တင်းထဲမှာ မင်းဘတ်ရတယ်မဟုတ်လား။
အဲဒီလိုနယ်မြေရှင်းလင်းရေးလုပ်တဲ့အခါ ဗမာစစ်တပ်ကို ငါတို့ကရင်တွေက ခွေးရူး လို့နာမည်ပေးထားကြ
တာဆိုတော့ ခွေးရူး တွေရဲ့သဘာဝအတိုင်း မြင်တဲ့အရာတိုင်းကို ကိုက်ကြမှာသေချာတယ်။
ဆိုတော့ အရပ်သားလား၊ ဘာလား၊ မိန်းမလား၊ ကလေးလား၊ ဘိန်းစားလား၊ အရူးလား ဗမာစကားတတ်
တတ် မတတ်တတ် အားလုံးကို အမှိုက်ရှင်းသလို လုပ်ပစ်တတ်ကြတာမျိုးတွေ ငါတို့နယ်မြေမှာ ကိုယ်တွေ့
ခံစားလာကြရလို့ ပြောနေတာ။
ဗမာစစ်တပ်ကို KNU ကပစ်လို့ သေနတ်တွေရေထဲကျတော့ အဲဒါ ငါတို့ရွာကလူတွေ ၀ိုင်းလျော်ပေးလိုက်ရ
တယ်။ အဲဒီအချိန်က မိုးတွင်းကြီး၊ ဗမာစစ်တပ်က မှောင်ခိုအထုပ်တွေလိုက်ဘမ်းတော့ KNU က ချောင်း
ဘေးကနေပစ်တာ။
ချောင်းထဲကလူနဲ့ ကုန်းပေါ်ကလူ ဘယ်သူအထိနာမလဲဆိုတာ မင်းအသိ။
အဲဒီတော့ သူတို့လူသေတယ်။ သေနတ်တွေ ပျောက်တယ်။
သေနတ်မှန်ပြီး သေတာက နည်းနည်း၊ ကြောက်အားလန့်အားနဲ့ လှေပေါ်ကနေခုန်ချ လို့ ရေနစ်သေတာက
များများ။
အဲဒီတော့ မောင်မင်းကြီးသားတွေ ဒေါကန်ပြီး ဆိုင်တန်းထဲက တွေ့သမျှပစ္စည်းတွေ စားသောက်စရာတွေကို
ယူငင်စားသောက်တဲ့အပြင် မီးတင်ရှို့ပစ်လိုက်ရုံမက အနီးအနားရွာတွေက ကြက် ဘဲ ၀က် အကုန်ပစ်ခတ်
စားသောက်ကြတဲ့အပြင် ရေထဲမြုပ်သွားတဲ့သေနတ်တွေကို ပြန်ငုတ်ခိုင်းလို့ငါတို့တတွေ နေ့စားခပေးပြီး ရေ
ငုတ်သမားတွေကို ငှားကြရတယ်မဟုတ်လား။
သေနတ်တွေကို ရေစီးသန်တဲ့ချောင်းထဲကနေ တချို့ပဲပြန်ရတယ်။ ကျန်တာတွေကိုရွာလုံးကျွတ် ပြန်လျော်ကြ
ရတာ။
ရေငုတ်သမားတွေအတွက် နေ့စားခလည်းပေးရ၊ သေနတ်ဘိုးလည်းလျော်ရ ဆိုင်တန်းလည်းဆုံး ကြက် ၀က် ဘဲတွေလည်းကုန်။
သေနတ်ငုတ်တဲ့လူတွေထဲက လူတယောက်ကို ဒီလူသေနတ်တွေ့ရဲ့သားနဲ့ ၀ှက်ထားတယ်ဆိုပြီး ထုရိုက်
လိုက်ကြတာ မသေရုံတဲတဲလေးပဲ။
သူတို့ထုရိုက်လို့ သေလုမျောပါးလူကို ရွာကတိုင်းရင်းဆေးဆရာနဲ့ ကုတာဆိုတော့ ဆေးဘိုးဝါးခမကုန်ဘူး။
ဒါပေမယ့် သူပုန်ကိုဆေးကုပေးရကောင်းလားဆိုပြီး ဆေးဆရာကို ရိုက်ပစ်လိုက်တာ သွားတွေကျွတ်ကုန်ပါ
ရောလား။
ဗမာစစ်တပ်ကို ငါတို့ကရင်တွေက ဘာ့ကြောင့် ခွေးရူး လို့ ခေါ်ရသလဲ ဆိုတာကို ရှင်းပြတာပါ။
စစ်ရေးသုံးသပ်သူတွေကတော့ ဗမာ့တပ်မတော်ဘက်က အထိအခိုက်အကျအဆုံးများရတဲ့အကြောင်းရင်း က လူထုထောက်ခံမှု မရလို့။ တိုက်ရည်ခိုက်ရည်ညံ့လို့။
အမျိုးသမီးတယောက်ကဆိုလျင် စစ်အသုံးစားရိတ်တွေ ဒီလောက်အများကြီး သုံးထားပါရဲ့နဲ့ ခုလိုအရေးနိမ့်
ရတဲ့အတွက် အားမလိုအားမရဖြစ်နေတာတွေလည်း ဘတ်ရတယ်။
အဲဒါတွေကတော့ တကယ့်လက်တွေ့ပဲ။ မင်းစဉ်းစားကြည့် ဗမာစစ်တပ်ရွာထဲဝင်လာပြီဟေ့ဆိုလျင် တခါ
တည်းကိုကွာ ဓါးပြတွေထက်တောင်ဆိုးကြတာ။ ဆိုတော့ ဘယ်ပြည်သူကထောက်ခံချင်မှာလဲ။
စစ်ရေးမှာ ဘာကြောင့်တိုက်ရည်ခိုက်ရည်ညံ့ရတယ် ဆိုတာကိုလည်း မင်းတွက်လို့ရပါတယ်။
လူထုကို အနိုင်ကျင့်လို့တတ်ပြီဆိုလျင်ပဲ ဗမာစစ်တပ်မှာ ဗိုလ်လုပ်လို့ရပြီလေ။ ဗမာစစ်တပ်ထဲမှာ အရာရှိ
တွေကများနေပြီး စစ်သားတွေကနည်းနေတယ်ဆိုပါလား။
လူအင်အား ၁၀၀မှာ ၉၉ယောက်က ဗိုလ်၊ ကျန်တဲ့တယောက်က ထမင်းချက်၊ ဒါပေမယ့် တပ်ကြပ် ဆိုတဲ့
ဟာသလို ဖြစ်နေပြီမှတ်တယ်။
ဒါကြောင့်မို့ လောက်ကိုင်ဒေသတိုက်ပွဲမှာ စစ်တပ်ဘက်ကူညီအားဖြည့်ဘို့ရည်ရွယ်ပြီး တိုက်ခိုက်ရေးတပ်
ရင်း တပ်ခွဲတွေ ဖွဲ့စည်းလိုက်တယ်လို့ ပုသိမ်မြို့နယ် စစ်မှုထမ်းဟောင်းများအဖွဲ့က ပြောပြီး ဖေဖေါ်ဝါရီလ ၁၃
ရက်နေ့မှာ အဲဒီ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်း ဗဟိုစည်းရုံးရေးကော်မတီက အမှတ်စဉ်၁/၂၀၁၅ နဲ့ စစ်မှုထမ်းဟာင်းဗဟိုစည်းရုံးရေးကော်မတီနှင့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင် များအားလုံးအနေဖြင့် တရားသော
စစ်ကိုဆင်နွဲနေသော တပ်မတော်သားများ၏ စွမ်းဆောင်ချက်များအား ထောက်ခံပါကြောင်းနှင့် တပ်မတော်
နှင့်အတူ ပါဝင်ဆင်နွဲတိုက်ပွဲဝင်သွားရန် အသင့်ရှိနေပါကြောင်း
ဆိုတဲ့ ကြေငြာချက်တစ်ခုထုတ်တဲ့အထိ ဖြစ်သွားတာက စစ်တပ်ကို အားမရဘူးဆိုတာထင်ရှားနေတာပေါ့။
စစ်အသုံးစားရိတ်ကို အဆမတန်သုံးရတဲ့အထဲမှာ ဗမာစစ်တပ်က တိုင်းရင်းသူတွေကို ဗလက္ကာယလုပ်လို့ မထိန်းနိုင်မသိမ်းနိုင်တဲ့ အမှုတွေဘာတွေလူသိရှင်ကြား ဖြစ်လာပြီဆိုလျင် ငွေရေးကြေးရေးနဲ့ ဖြေရှင်းဘို့အ
တွက် ထားထားရတဲ့ငွေက ခပ်များများလို့ငါထင်တယ်။
မင်းလည်းသိပါတယ် ကချင်ဆရာမလေးနှစ်ယောက်ကိစ္စမှာ ငွေလာပေးတာကိုပဲမင်းကြည့်လိုက်။
ဗမာတပ်က အဲဒီအမှုကို တကယ်မကျူးလွန်ပါဘူးဆိုလျင် ငွေပေးစရာဘာအကြောင်းမှမရှိဘူး။
Source photo from http://www.facebook.com
စစ်ဖြစ်ပြီဆိုလျင် လူတွေဟာစစ်ဖြစ်နေတဲ့နေရာနဲ့ဝေးရာကို ပြေးနိုင်တဲ့သူဆိုတာ အရမ်းနည်းပါတယ်။
စစ်ပွဲတွေကြားထဲကနေ မပြေးဘူးတဲ့လူတွေကတော့ မသိကြဘူးပေါ့ကွာ။
တိုက်ပွဲဖြစ်တော့မယ်ဆိုတာ ကြိုတင်သိတဲ့လူ(အရပ်သား)ဆိုတာ မရှိသလောက်ပါပဲ။
ဖြစ်ပြီဆိုလျင်လည်း ကျည်ကွယ်ရာလေးမှာ ခဏခိုမယ်၊ သိပ်ဆိုးလာပြီဆိုလျင် နည်းနည်းလေးပိုလှမ်းတဲ့နေ
ရာကို ရွှေ့မယ်။ အခြေအနေနည်းနည်းလေး ငြိမ်နေတယ်ဆိုမှ စားစရာသောက်စရာ အိုး ခွက်ပန်းကန်လေး
တွေ နိုင်သလောက်သယ်ပြီး နီးရာလယ်ကွက်တွေ တောစပ်တွေကြားမှာပုန်းနေကြတာ။
တိုက်ပွဲဖြစ်တော့မယ်ဆိုတာကို ကြိုတင်သိလျင်တောင် တထမ်းတပိုးစားစရာတွေထမ်းပိုးရင်း ခိုင်းနွားလေး
တွေကိုဆွဲပြီး သယ်ကြ ပိုးကြ ရှောင်ကြရှားကြပေမယ့် ဝေးဝေးလံလံကို သွားကြတာမဟုတ်ဘူး။
ရွာထဲကိုလှမ်းမြင်နေရတဲ့နေရာအထိလောက်ဆိုလျင်ပဲ သူတို့အတွက်က တော်တော်လေးကို ဝေးနေကြတဲ့
အဖြစ်မျိုး။ ကိုယ့်အိမ်ကိုယ့်ရာကို ခင်တွယ်တတ်ကြတာ လူတွေရဲ့ သဘာဝပဲမဟုတ်လား။
အဲဒါက ဒီမြေမှာမွေး ဒီမြေမှာလူဖြစ်လာတဲ့ တကယ့်မရှိဆင်းရဲသား တောသူတောင်သားတွေ။
ငါနေတဲ့တဲလေး မီးအရှို့ခံလိုက်ရတော့မလား၊ ငါ့ဝက်ကလေး သတ်စားသွားပြီလား၊ ငါ့ဘဲ ဘယ်နှကောင်
ကျန်လေမလဲဆိုပြီး ရင်တမမနဲ့စောင့်ကြည့်နေကြရင်း ရွာထဲကနေ မီးခိုးလုံးကြီးတွေလိမ့်တက်လာ ပြီဆိုလျင်
တော့ အဲဒါငိုကြပြီ။
အသံထွက်ပြီး ငိုတဲ့လူက ငို၊ အင့်ကနဲအင့်ကနဲ ရှိုက်ငိုငိုတဲ့လူက ငို၊ တယောက် မျက်နှာတယောက်ကြည့်ပြီး
ငိုတဲ့လူက ငို၊ အံကြိတ်ငိုတဲ့လူက ငို၊ ဘယ်လောက်ကြေကွဲစရာကောင်းလိုက်လဲ။
ငါအခုပြောပြနေတာတွေက မြို့မကျ တောမကတဲ့ နေရာမျိုး။
တိတိကျကျပြောရမယ်ဆိုလျင် ဒေါနတောင်တန်းရဲ့ အနောက်ဘက် ခြမ်းကဒေသတွေပေါ့။
ဒေါနတောင်တန်းရဲ့ အရှေ့ဘက်ခြမ်းမှာဆိုလျင် နောက်ကျတဲ့ခြေထောက် သစ္စာဖေါက် လို့သတ်မှတ်ပြီးပြေး
ကြရတာ။ အဲဒီနေရာမျိုးကျတော့ အိုးခွက်ပန်းကန်တွေများများစားမသယ်နိုင်ဘူးလေ။ များများစားစားလည်း မရှိရှာကြပါဘူး။
ဒီတော့ အိုးကြီးကြီးတလုံးထဲမှာ ထမင်းချက်၊ တောင်ယာထဲက ငရုပ်သီးကိုခူး၊ ဆုံတခုထဲမှာ ဆားနဲ့ထောင်း၊
လူရှစ်ယောက် ဆယ်ယောက်လောက် ရရာဖက်တွေပေါ်မှာ ဖြစ်သလိုစားကြရတာ။ ပြီးလျင် တောထဲကနေ သေနတ်သံကိုနားထောင်ရင်း အသံတိတ် ဆုတောင်းတဲ့လူက ဆုတောင်း။
ရွာထဲကိုမှန်းပြီး ကြည့်တဲ့လူကကြည့်။
ကလေးလေးတွေဆို မျက်လုံးလေးကလယ်ကလယ်နဲ့ ဘာတွေဖြစ်နေတာပါလိမ့်ဆိုတဲ့ မျက်နှာလေးတွေနဲ့
ထိတ်လန့်စိုးရွံ့နေတဲ့ အမူအရာတွေကို မြင်ရတော့ ရင်ထဲမှာတမျိုးကြီးကွာ။
တချို့မသန်မစွမ်းဖြစ်နေလို့ မပြေးနိုင်တဲ့လူတွေ သေနတ်မှန်ပြီးသေနေတာများ မြင်ရက်စရာတောင်မရှိဘူး။
မျက်မမြင်အဘွားအိုတယောက်ဆိုလျင် တောင်ဝှေးကိုအားပြုရတဲ့အပြင် အသက်အရွယ်ကလည်း ရလာပြီ
ဆိုတော့ ပြေးတဲ့အခါ လူငယ်တွေလို မပြေးနိုင်တဲ့အတွက် ကန်သင်းရိုးနဲ့တိုက်မိလိုတိုက်မိ၊ ကောက်ရိုးငုတ်
တွေစူးလိုစူးနဲ့ ခြေသလုံးတွေမှာ ပေါက်ပြဲပြီးသွေးတွေစီးကျနေလို့ တကိုယ်လုံးတုန်နေတာမျိုးတွေ။ ဆိုတော့ ဗမာစစ်တပ်ကို မနာကျည်းပဲနေမလား။
လောက်ကိုင်ဘက်မှာ အရပ်သားတွေအသတ်ခံရတယ်ဆိုတဲ့ သတင်းကမဟုတ်ပဲနေမလားကွ။
စစ်တပ်အထိနာတယ်။ ဒီတော့ နယ်မြေရှင်းလင်းရေးဆိုတာကို အကြောင်းပြပြီး အရပ်သားလား ရန်သူလား
မခွဲတော့ပဲ မြင်ရာတွေ့ရာကို အားလုံးသေနတ်တွေနဲ့ ပိတ်ပစ်ထည့်မှာအမှန်ပဲ။
သာဓကအနေနဲ့ ဗမာစစ်တပ်အရာရှိတယောက်ပြောတဲ့စကား မင်းကိုငါရေးပြမယ်။
‘‘ကျွန်တော်တို့ကို အိမ်တွေထဲက ချောင်းပစ်တယ်။
ဟိုဘက်နဲ့တိုက်ပွဲတွေဖြစ်တော့လည်း အရပ်ဝတ်တွေပါနေတယ်။
ဒီလောက်စစ်ဖြစ်နေတဲ့နေရာမှာ အိမ်တွေထဲမှာ အခုချိန်ထိဆို သာမန်ရိုးရိုးပြည်သူ ဘယ်သူမှမနေတော့
ဘူး။ ရပ်ကွက်ထဲက အိမ်တွေကနေ ပစ်နေတော့ ဝင်ရှင်းရမှာပဲ။ အဲဒီလိုနေရာမှာ ယူနီဖောင်းဖြစ်ဖြစ်၊ အရပ်
ဝတ် ဖြစ်ဖြစ် တွေ့ရင်ပစ်ရမှာပဲ’’
“သူတို့ ချုံခိုတိုက်ခိုက်နိုင်တဲ့ ကြံတောတွေကို မီးနဲ့ရှို့ပြီး ရှင်းလင်းနေတယ်။”
ဆိုတော့ အရပ်သားတွေ မသေပဲနေမလား။
စားဝတ်နေရေးအတွက် ကြံခုတ်တဲ့လူတချို့ ကြံတောထဲမှာပုန်းနေကြရတာလေကွာ။
ပြီးတော့ တချို့ဆိုလျင် ငွေရေးကြေးရေးအခက်အခဲကြောင့် ဆက်မနေလျင်မဖြစ်တဲ့အခြေအနေမျိုး ရှိကောင်း
ရှိနိုင်သလို တချို့များကျတော့ခေတ်ပျက်သူဌေးဖြစ်ချင်တာမျိုးလည်း ရှိမှာပေါ့လေ။ တချို့ကျပြန်တော့ ၁ရက်၊ ၂ ရက်လောက်ကြာလျင် အေးသွားမှာပါလေ ဆိုတဲ့အထင်မျိုးနဲ့ ကိုယ့်ရပ်ကွက်မှာနေနေကြတဲ့လူတွေရှိနိုင်တာ
ပေါ့။ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် အဲဒီအရာရှိပြောလိုက်တဲ့စကားလုံးတွေဟာ ဘယ်လောက်အထိ
ကြောက်ဘို့ကောင်းသလဲဆိုတာ မင်းခန့်မှန်းနိုင်မှာပါ။
တခြားတဘက်ကလည်း သတင်းကိုအမှောင်ချဘို့လိုနေပြန်တာမို့ သတင်းသမားတွေကို ဖေဖော်ဝါရီ ၁၈
ရက်နေ့ ရက်စွဲနဲ့ စစ်အုပ်ချုပ်ရေးအမိန့်အမှတ်(၁/၂ဝ၁၅)ထဲမှာ စစ်ခုံရုံးနဲ့စစ်ဆေးမယ့်ပြစ်မှုတွေဟာ သတင်း
မီဒီယာဥပဒေအရအနည်းဆုံးထောင်ဒါဏ်သုံးနှစ်ကနေ သေဒါဏ်အထိအပြစ်ပေးမယ်ဆိုတဲ့ ကျေငြာချက်ထုတ်
လိုက်တဲ့အခါကျတော့ ပိုပြီးရှင်းမသွားဘူးလား။
ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဒေသ စစ်ဆင်ရေးကာလမှာ လှေ၊ လွှ၊ လှည်း၊ လှံ ဆိုတဲ့ဗမာစကားကိုခေါ်ခိုင်း
လို့ မပီလျင် အသတ်ခံခဲ့ရတဲ့ကရင်တွေနည်းမှမနည်းတာ၊ အဲဒီရဲ့အကျိုးဆက်က အခုမြစ်ဝကျွန်းပေါ်က က
ရင်အတော်များများ ကရင်စကားမပြောနိုင်တော့တာ၊ မပြောတတ်တော့တာ မင်းအသိပဲ။
တချို့ကရင်တွေက လာလိုက်သေးတယ်၊ ဗမာကိုတိုက်လျင် ဗမာစကားကိုပီပီသသပြောနိုင်ရမယ်၊ ဗမာလို
ကောင်းကောင်းနားလည်ရမယ်တဲ့။ လက်ခံပါတယ်။ ဗမာစကားမတတ်လို့ အချောင်သက်သက် အရိုက်ခံရ
တဲ့ ဘုမသိဘမသိကရင်တွေ ငါတို့နယ်ဘက်မှာအများကြီး။
ဗမာစကားပဲပြောနိုင်ပြီး ကရင်လိုမပြောတတ်တာမျိုးကျတော့ အဲဒါ က, ချင်ရဲ့လက်ကျိုး ဖြစ်မနေဘူးလား။
ဒီကိုရောက်လာတဲ့ကရင်တွေလည်း ကရင်လိုမပြောကြဘူး၊ ဘိုလိုပဲပြောနေကြတယ်။
အချို့ကရင်တွေဆို အစားအစာကအစ ဘိုစာကိုအထင်ကြီးကြတာ။
ကဲမင်းအနေနဲ့ ဘိုလိုပဲပြောမယ် ကရင်လိုမတတ်ဘူးဆိုပါစို့၊ မင်းသိတဲ့ နားလည်ထားတဲ့ ပညာဗဟုသုတ
တွေကို ကိုယ့်ကရင်အမျိုးသားတွေနားလည်အောင် ဘယ်လိုလုပ်မလဲ။
အဲဒါ အရေးကြီးတယ်။
ဘိုစကားလည်းတတ်အောင်လုပ် ကရင်စကားလည်းမမေ့နဲ့။
ဘိုစာတတ်အောင်သင်တယ်ဆိုတာ ဘိုတွေလိုလိုက်လုပ်ဘို့ ဘိုတွေနဲ့တူအောင်လုပ်ဘို့မဟုတ်ဘူး။ သူတို့အကြောင်းကိုသိထားဘို့ပဲ လိုတာ။
အဲဒါကိုနားမလည်ပဲ ဘိုတွေနဲ့တူအောင်လိုက်တုနေတာမျိုးကိုတော့ ဆက်မလုပ်ကြပါနဲ့လို့ ပြောချင်တယ်။
ကျန်းမာချမ်းသာကြပါစေ။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)
အောက်မှ သတင်းများကို ဘတ်ပြီးရေးပါသည်။
http://www.myitmakhamediagroup.com/news/public-news/2513-2015-02-16-11-29-03
http://7daydaily.com/story/31900#.VORM9S6C_Dc:






