• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Saturday, March 7, 2015

မျှော်လင့်ချင်ခွင့်လေး ရချင်တယ်

Source photo from http://www.weaklyeleven.com

မျှော်လင့်ချင်ခွင့်လေး ရချင်တယ်

March 07, 2015
Saturday

By မင်းစိုးစံ

သူငယ်ချင်းရေ မင်းအတွက် ဘာရေးရမှန်းမသိနိုင်လောက်အောင် စိတ်တွေနောက်ကျိနေတာပဲကွာ။
သတင်းတွေထဲမှာ ဗမာစစ်အစိုးရရဲ့ လူမဆန်တဲ့လုပ်ရပ်တွေကို မြင်ရတဲ့အခါ စိတ်ထဲမှာကြိုသိထားပြီးတာ
တွေကို ပြန်ကြည့်နေရသလိုပဲ။
ရုပ်ရှင်ဇာတ်ကားနဲ့ပတ်သက်ပြီး ဒီကနေ့ဗမာရုပ်ရှင်အပေါ် ရုပ်ရှင်ကြည့်ပရိဿတ်တွေမြင်သလိုပေါ့ကွာ။ ရုပ်ရှင်ဇာတ်ကားတကားကို စပြီးကြည့်လိုက်တာနဲ့ ဒီအခန်းပြီးလျင် ဒီအခန်းလာမယ်။
နောက်ဆုံး ဒီလိုဇာတ်သိမ်းမယ်ဆိုတာကို ကြိုသိနေသလိုမျိုး လို့ပြောလျင် ပိုနီးစပ်မယ်ထင်တယ်။

ဥရောပသမဂ္ဂရုံးတည်ရှိရာ အဆောက်အဦရှေ့ ကျောင်းသားတွေ သွားပြီး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို လူအုပ်စု
နှိမ်နင်းနည်းတွေ သင်တန်းပေးထားတဲ့ EU ဥရောပသမဂ္ဂအနေနဲ့ မြန်မာရဲတွေအကြမ်းဖက်ခဲ့တာနဲ့ ပတ်
သက်လို့ဘယ်လိုတာဝန်ယူမလဲလို့ မြန်မာလိုရော၊အင်္ဂလိပ်ဘာသာ စကားနဲ့ပါ မေးခွန်းထုတ်ခဲ့ကြတယ် ဆို
တဲ့သတင်းလည်း ကြားရတယ်။

ကျောင်းသားတွေ မေးတဲ့မေးခွန်းကို ကြေနပ်တဲ့အဖြေမျိုးပေးဘို့ EU သမဂ္ဂမတတ်နိုင်ဘူးဆိုတာကတော့
သေချာပေါက်ပဲ။ မပြေးသော်လည်း ကန်ရာက ရှိခဲ့ပြီမဟုတ်လား။
မင်းတို့ငါတို့ မဲဆောက်မှာသင်တန်းတက်ခဲ့ဘူးတဲ့ BURMA ISSUE ရုံးက အမေရိကန်သင်တန်းဆရာပြော
ပြတဲ့ သင်တန်းသားတယောက်အကြောင်း မင်းမှတ်မိသေးလား။

ဓါတ်ပုံပညာနဲ့ပတ်သက်လို့ ဓါတ်ပုံတပုံဟာ ရိုက်တတ်လျင် အင်မတန်ကိုတန်ဘိုးရှိပြီး မရိုက်တတ်လျင်ဖြင့်
စက္ကူစုတ်တခုထက် မပိုဘူးဆိုတာပြောခဲ့တယ်မဟုတ်လား။ အဲဒီသင်တန်းသားဟာ ဓါတ်ပုံရိုက်တဲ့ဘက်မှာ
အထူးချွန်ဆုံး တယောက်ဖြစ်သွားတယ်။
BURMA ISSUE ရဲ့အဓိကရည်ရွယ်ချက်က ဗမာပြည်ထဲမှာ ဗမာစစ်အစိုးရတွေရဲ့ လူမဆန်တဲ့လုပ်ရပ်တွေကို ဓါတ်ပုံရိုက်ပြီး နိုင်ငံတကာသိအောင်သတင်းပေးဘို့ဖြစ်ပေမယ့် တကယ်တန်းမှာကျတော့ သင်တန်းသားက သင်ပေးလိုက်တဲ့ရည်ရွယ်ချက်နဲ့ သွေဖီပြီး ကိုယ်လုံးတီးပုံတွေရိုက် အညှီအဟောက်စာအုပ်ထုတ်တာမျိုးကို
လုပ်တယ်လေကွာ။

အခုလည်း ဗမာ့ရဲတပ်ဖွဲ့ဆိုတဲ့အဖွဲ့အစည်းကို EU သမဂ္ဂအနေနဲ့ ကိုယ့်တိုင်းသူပြည်သားကို အနိုင်ကျင့်ဘို့
တမင်သက်သက်သင်ပေးတာမျိုးတော့ မဟုတ်ဘူးထင်တာပဲ။ နိုင်ငံရပ်ခြားက ၀င်လာနိုင်တဲ့ အကြမ်းဖက်
သမားတွေကို နှိမ်နင်းတတ်အောင်လို့ ရည်ရွယ်ပြီးသင်တန်းပေးတာလို့ ထင်ပါတယ်။
EU အနေနဲ့ဗမာ့ရဲတပ်ဖွဲ့ကို အတတ်ပညာတော့ပေးလိုက်ပါရဲ့၊ အတွေးအခေါ်က ရစရာမရှိအောင်စုတ်ပြတ်
သတ်နေတဲ့ ရဲတပ်ဖွဲ့ခမျာ မှန်မှန်ကန်ကန်အသုံးမချတတ်ကြရှာဘူး။
အဲဒီတော့ ခေါက်ရိုးကျိုးနေတဲ့ (ခွေးမြီးကောက်) အတွေးအခေါ်တွေကို EU ကပေးလိုက်တဲ့သင်တန်းနဲ့လျော
မွှေပြီး လုပ်နေကျအတိုင်း ပြဿနာကိုဖြေရှင်းလိုက်တာပေါ့ကွာ။
လူတယောက်ဟာ အခြားလူတယောက်ရဲ့အပြစ်ကို ပြောဘို့လွယ်ကူသလောက်၊ ၀န်မလေးသလောက်၊ အဲ
ဒီလူရဲ့ လုပ်ရပ်ကောင်းကို ချီးကျူးပြောဆိုဘို့ရာကျတော့ အင်မတန်ဖင့်နှေးတတ်ကြတယ် တဲ့။
အေး ငါလည်း လူထဲကလူတယောက်ပါ။
ဗမာစစ်အစိုးရလုပ်ရပ်ကို မကောင်တာချည်းပဲပြောပြောနေရတာ တခါတလေ ငါတော့ အကုသိုလ်လုပ်မိနေ
ပြီဆိုပြီး ကိုယ့်ကိုယ်ကို ပြန်ကြောက်နေမိတာ အမှန်ပဲ။
စစ်အစိုးရရဲ့ ကောင်းကွက်ကလေးတွေ ရှိလိုရှိညား ကြံဖန်ပြီးလိုက်ရှာကြည့်တယ်။
ဗမာစစ်အစိုးရအနေနဲ့ လုပ်ရပ်ကောင်းတွေ မရှိမှာတော့မဟုတ်ဘူး ရှိကိုရှိရမှာပါ။
ခက်တာက မစင်တွေနဲ့ပြည့်လျှံနေတဲ့ မစင်အိုးထဲကို နံ့သာရည်တစက်လောက်ချလိုက်ရုံလေးနဲ့ မစင်အနံ့
မပျောက်နိုင်သလို သူတို့တွေရဲ့ စေတနာကောင်းနဲ့ လုပ်ရပ်ကောင်းတွေဆိုတာ ရှာရဖွေရ မရှိသလောက်ရှား
ပါးနေလေတော့ အမွှမ်းတင်ဘို့အရေး မလွယ်တာအမှန်ပဲ။

ဗမာပြည်သူလူထုအပေါ် ဗမာစစ်အစိုးရထားတဲ့ စေတနာကောင်းနဲ့ လုပ်ရပ်ကောင်းတွေကို ငါရေးချင်လိုက် တာကွာ။ ငါ မျှော်လင့်ချင်လိုက်စမ်းပါဘိ။


ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)