• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Sunday, April 12, 2015

ရိုးရာသင်္ကြန်ပွဲနှင့် သက်ကြီးပူဇော်ပွဲ ကျင်းပပြုလုပ်ခြင်း

အဘိုးအဘွားတို့ နေ့လည်စာ သုံးဆောင်နေကြစဉ်
ဓါတ်ပုံ (ဖူ့ ယောင်ဟက်)


ရိုးရာသင်္ကြန်ပွဲနှင့် သက်ကြီးပူဇော်ပွဲ

ကျင်းပပြုလုပ်ခြင်း

April 12, 2015
Sunday
By ဖူ့ယောင်ဟက်

မြန်မာ့သက္ကရာဇ် ၁၃၇၆ခု တန်ခူးလဆုတ် ၉ရက် (ခရစ်နှစ် ၂၀၁၅ခု ဧပြီလ ၁၂ရက်)တနင်္ဂနွေနေ့တွင် မင်
ဏီဆိုးတားပြည်နယ် စိန့်ပေါမြို့၌ (Karen Buddhist Association) မှ ဦးစီးဦးဆောင်ပြီး ရိုးရာသင်္ကြန်ပွဲနှင့်
သက်ကြီးပူဇော်ပွဲတရပ် ကျင်းပပြုလုပ်ခဲ့ကြောင်းသတင်းရရှိပါသည်။
ဦးစွာပထမ သံဃာတော်အရှင်သူမြတ်တို့အား ဆွမ်းကပ်လှူပြီးနောက် ပူဇော်ခံသက်ကြီးဝါကြီး အဘွား ၇ဦး
နှင့် အဘိုး ၉ဦး (စုစုပေါင်း ၁၆ဦး) တို့အား နေ့လည်စာဖြင့်တည်ခင်းဧည့်ခံကျွေးမွေးကြောင်း သိရှိရပါသည်။
အဘွား ၇ဦးတို့၏ အမည်နှင့် အသက်များမှာ
(၁) ဖီ့ မိချို အသက် ၆၅နှစ်။
(၂) ဖီ့ မခင် အသက် ၆၈နှစ်။
(၃) ဖီ့ မညွန့် အသက် ၈၅နှစ်။
(၄) ဖီ့ မပု အသက် ၆၇နှစ်။
(၅) ဖီ့ မခင် (ဒေါ်မြင့်ဌေး၏ မိခင်) အသက် ၈၀။
(၆) ဖီ့ လေးဒေး အသက် ၉၃နှစ်။
(၇) ဖီ့ ဒေါ်နှင်းဆီမိုး အသက် ၈၃ နှစ်။ တို့ဖြစ်ကြပြီး
အဘိုး ၉ဦးတို့၏ အမည် နှင့်အသက်များမှာ
(၁) ဖူ့ တာတိုး နီ အသက် ၆၉နှစ်။
(၂) ဖူ့ အောင်နီ အသက် ၆၇နှစ်။
(၃) ဖူ့ နွဲ့ယဉ် အသက် ၆၇နှစ်။
(၄) ဖူ့ စိန်သောင်း ၆၇နှစ်။
(၅) ဖူ့ အောင်မြတ် ၇၁နှစ်။
(၆) ဖူ့ ၀င်းနိုင် အသက် ၆၇နှစ်။
(၇) ဖူ့ တာတိုး အသက် ၆၆နှစ်။
(၈) ဖူ့ နယ်ရှား (ဖူ့ ချစ်မောင်) အသက် ၇၈နှစ်။
(၉) ဖူ့ ၀င်းကြည် အသက် ၆၉နှစ်။
တို့ဖြစ်ကြောင်း သိရပါသည်။

အခန်းအနားသို့ကြွရောက်လာကြသည့် ဧည့်ပရိဿတ်များအား မာန်စ၀်လကျဝ်နှင့် ဟှာမူးလူ တို့မှ ရိုးရာသင်္ကြန်
ထမင်းဖြင့် လှူဒါန်းကျွေးမွေးကြောင်း သိရှိရပါသည်။
အဘိုးအဘွားများ နေ့လည်စာစားသောက်ပြီးသည့်နောက် ဦးစွာပထမ သြကာသကန်တော့ချိုးဖြင့် ရှိခိုးပူ
ဇော်ကန်တော့ကြပြီး နံ့သာရည်များဖြင့် လက်ဆေးပေးခြင်း၊ လှူဘွယ်ဝတ္ထုပစ္စည်းများဖြင့် ပူဇော်ကန်တော့ကြ
လျှက် ငါးပါးသီလခံယူကြကြောင်း၊ ထို့နောက် ယနေ့ယခု ပြုလုပ်အပ်သော ကုသိုလ်ကောင်းမှုအစုစုတို့ကို
ရေစက်သွန်းချ အမျှပေးဝေကြကြောင်းအပြင် သင်္ကြန်ယိမ်းအကများဖြင့် တင်ဆက်ကပြကာ အခန်းအနားကို
မွန်းလွဲ ၂း၀၀နာရီတွင် ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိပါသည်။

ရိုးရာသင်္ကြန်ထမင်း အလှူရှင် မန်းလှကျော် နှင့် ဟှာမူးလူ

ယနေ့တနေ့တည်း သက်ကြီးပူဇော်ပွဲအခန်းအနားတရပ်ကို (Karen Buddhist Society of Minnesota) မှ
လည်း ကျင်းပပြုလုပ်ကြောင်း သတင်းရရှိပါသည်။
ထို့အတူ လာမည့်ဧပြီလ ၁၉ရက် တနင်္ဂနွေနေ့တွင် သီတဂူဓမ္မ၀ိဟာရ ဗုဒ္ဓစင်တာမှ ရိုးရာသင်္ကြန်ပွဲနှင့် သက်
ကြီးပူဇော်ပွဲ ပြုလုပ်ရန်ရှိကြောင်းလည်း သိရှိရပါသည်။





သင်္ကြန်ယိမ်းသမလေးများ

ဖူ့ယောင်ဟက်
April 12, 2015