• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Wednesday, April 8, 2015

ပူဇော်ခံထိုက် မခံထိုက်

မီတာ ၁၅၀၀ Freestyle ကို ၁ နာရီ၊ ၁၅ မိနစ်၊ ၅၄ စက္ကန့်ဖြင့် ပန်းဝင်အောင်ကူးနိုင်ခဲ့သူ
 အသက် ၁၀၀ ဖွားဖွား Mieko Nagaoka
Source photo from http://www.google.com/images

ပူဇော်ခံထိုက် မခံထိုက်


April 07, 2015
Tuesday

By မင်းစိုးစံ

သူငယ်ချင်းရေ ဟိုလိုဒီလိုလိုနဲ့ သက်ကြီးပူဇော်ပွဲတောင်ရောက်တော့မယ်နော် ဒီပွဲကို မင်းလာလိမ့်မယ်လို့
ငါထင်ပါတယ်။ အပြည်ပြည်ဆိုင်ရာ သက်ကြီးပူဇော်ပွဲနေ့ ရှိမှန်း အခုမှငါသိတယ်ကွာ။
ငါတို့ငယ်ငယ်တုန်းကတော့ သင်္ကြန်ကျပြီး နှစ်ဆန်း(၁)ရက်နေ့မှာ လူကြီးတွေကို ရေချိုးပေးတယ်။
ခေါင်းလျှော်ပေးတယ်။
သူတို့ရဲ့ ရေစိုလုံချည်တွေကို လျှော်ဖွပ်ပေးတယ်။ ခြေသည်းလက်သည်းတွေ ညှပ်ပေးတယ်။
ပြီးတော့ စားဘွယ်သောက်ဘွယ်တွေနဲ့ ပြင်ဆင်ခင်းကျင်းပြီး ရိုရိုသေသေကျွေးမွေးခဲ့ကြတယ်။

နှစ်တိုင်းအဲဒီလိုလုပ်ခဲ့တာတွေကိုပြန်တွေးမိရင်း ငါတို့တတွေ ပူဇော်ကန်တော့ခံရမယ့်အလှည့် ရောက်လာခဲ့
ပါပေါ့လားဆိုတာ တွေးလိုက်မိတော့ ရှက်သလိုလိုပဲ သူငယ်ချင်း။ ပြီးတော့စိတ်မကောင်းလည်း ဖြစ်မိတယ်
ကွာ။
ခုံမြင့်ကြီးပေါ်ထိုင်နေပြီး လူငယ်လေးတွေကန်တော့တာကို ခံရမှာဆိုတော့ သူတို့လေးတွေနဲ့ရှက်မိတယ်။
ကိုယ်တို့ထက် ဒီလူငယ်လေးတွေက အသိပညာအတတ်ပညာ ပိုပြီးကြွယ်ဝကြသလို အတွေးအခေါ်တွေက
ပိုပြီး မြင့်ကြသူတွေဖြစ်တယ်။ အဲဒီလိုအသိပညာကြွယ်ပြီး အတွေးအခေါ်မြင့်သူတွေရဲ့ ကန်တော့တာကိုခံရ
တဲ့အတွက် ကိုယ့်လိပ်ပြာ ကိုယ်မလုံသလိုလိုဖြစ်မိတာမို့ ရှက်သလိုလိုဖြစ်နေတာလားမသိဘူး။
ငါက ဒီလိုရေးတဲ့အတွက် တချိန်တုန်းက ကန်တော့ခံခဲ့တဲ့လူကြီးတွေကို ငါတို့လောက်အတွေးအခေါ်မရှိဘူး၊
ပညာမတတ်ဘူးဆို တဲ့အတွေးမျိုး တွေးခဲ့လို့နေမှာပေါ့လို့ ထင်စရာဖြစ်နေတယ်။
အဲဒီလိုမဟုတ်ပါဘူးကွာ၊ တကယ်က ငါတို့တတွေအခုလို လူနေမှုစနစ်မျိုးနဲ့ နေထိုင်စားသောက်နိုင်အောင်
ဒီလူကြီးတွေဖန်တည်းလမ်းပြခဲ့လို့၊ သူတို့တတွေရဲ့ အမျှော်မြင်ရှိရှိ ကြိုးစားအားထုတ် တည်ဆောက်ပေးခဲ့ကြ
လို့ ဖြစ်တယ်ဆိုတဲ့အသိစိတ်နဲ့ ကျေးဇူးတရားကို ဦးထိပ်ထားပြီးရှစ်ခိုးဦးတင်ရင်း တတ်နိုင်သလောက်စင်
ကြယ်သန့်ရှင်းတဲ့စေတနာနဲ့ ကျွေးမွးပြုစုခဲ့တာပါ။
ဒီတော့ ဘာကြောင့်ရှက်ရသလဲဆိုတာအသေအခြာပြန်တွေးမိတော့ ငါတို့ကို ငါတို့တတွေထက် သက်ကြီးဝါ
ကြီးတဲ့ ပုဂ္ဂိုလ်တွေဟာ ငါတို့အပေါ်တာဝန်ကျေခဲ့ကြတယ်။ အခု ငါတို့ကျတော့ ငါတို့မျိုးဆက်သစ်တွေအပေါ်
တာဝန် မကျေခဲ့ရုံမက တာဝန်မဲ့ရာကျနေပြီလား ဆိုတာတွေးမိပြီးရှက်မိတာပါ။

ဘယ်လိုတာဝန်မကျေတာလဲလို့ မေးလျင်ဖြေစရာတွေက များလွန်းလို့ ဘယ်ဘိုဖြေရမှန်းတောင် မသိတော့
ဘူး။ အဓိကကတော့ကွာ လာကန်တော့ကြတဲ့လူငယ်လေးတွေခမျာ မိခင်တိုင်းပြည်ကို မပိုင်ကြရတော့ဘူး။
သူတို့မှာ တိုင်းပြည်မရှိကြတော့ဘူး။
သူတပါးတိုင်းပြည်မှာ ငါတို့က မိမိ၏ဘ၀ရပ်တည်နိုင်ရေးနှင့် ဆက်လက်အသက်ရှင်သန်ရပ်တည်နိုင်ရေး
အတွက် ဆိုပြီးဒုက္ခသည်အနေနဲ့ ရောက်လာကြရာကနေ သူတပါးတိုင်းပြည်ရဲ့ နိုင်ငံသားအဖြစ်ခံယူလိုက်
ကြတဲ့နောက် သူတို့အားလုံး ငါတို့ကြောင့် လက်ရှိငါတို့နေထိုင်နေတဲ့ နိုင်ငံသားအဖြစ် ရချင်သည်ဖြစ်စေ၊ မ
ရချင်သည်ဖြစ်စေ ဖြစ်နေကြရတယ်။ ရနေကြရတယ်။
ဒါဟာ ငါတို့ အနေနဲ့ သူတို့လေးတွေအပေါ် တာဝန်မကျေရာကျနေပြီလို့ ယူဆပြီး ရှက်နေတာဖြစ်သလို အ
သက်ကြီးတာကလွဲပြီး ဘာဂုဏ်မှမရှိတာကြောင့်လည်း ရှက်မိတာအမှန်ပဲ။

စိတ်မကောင်းဖြစ်မိတာကတော့ သက်ကြီးပူဇော်ပွဲကို နှစ်တိုင်းလုပ်ခဲ့ ပူဇော်ကန်တော့ခဲ့ပေမယ့် ဘာကြောင့်
အသက်ကြီးသူတွေကို ကန်တော့ရသလဲ။ ဘာအကျိုးရလဲ။ ဘယ်လို ပူဇော်ကန်တော့ရလဲ။ ဆိုတာ မသိခဲ့တဲ့
အတွက် စိတ်မကောင်းဖြစ်မိတယ် သူငယ်ချင်း။
အဲဒီလိုအကျိုးအကြောင်းတွေကို မသိပဲလုပ်ရတာထက် သိပြီးလုပ်ရတာက ပိုပြီးအကျိုးပိုများတဲ့အကြောင်း
နောက်မှနားလည်လာရလို့ပါ။

ဒါကြောင့် ကိုယ်လုပ်နေတဲ့ အလုပ်၊ ကိုယ်ပြောနေတဲ့ စကား၊ ကိုယ်စိတ်ထဲကဖြစ်လာတဲ့ စိတ်ကူး၊ တွေက
ဖြင့် ဒီလိုလုပ်လျင် ဒီလိုအကျိုးကျေးဇူးရမယ်၊ ဒီလိုပြောလျင် ဒီလိုအကျိုးရှိတယ်။ ဒီလိုတွေးလျင် ဒီအကျိုးကိုခံ
စားရမယ် ဆိုတာမသိပဲနဲ့လုပ်ခဲ့တဲ့ အလုပ်တွေ၊ ပြောခဲ့တဲ့ စကားတွေ၊ တွေးတောခဲ့တဲ့ အကြံအစည်တွေ
ကြောင့် သူတပါးအတွက် အများကြီးထိခိုက်နစ်နာသွားရတာကို ပြန်တွေးမိတိုင်း စိတ်မကောင်းဖြစ်မိတယ်
သူငယ်ချင်း။
တကယ်လို့များ တကိုယ်ကောင်းဆန်တဲ့စိတ်နဲ့ ကိုယ့်မိသားစုကောင်းစားဘို့ကိုသာအဓိကထားတဲ့စိတ်တွေ
မရှိခဲ့ဘူး(နည်းခဲ့မယ်)ဆိုလျင် ဒီနေ့ဒီအချိန်မျိုး ဒီလိုအသက်အရွယ်မျိုးမှာ ဘာအကြောင်းကြောင့်နဲ့မျှ စိတ်မ
ကောင်းဖြစ်ဘို့ရာ ဘာအကြောင်းမျှမရှိနိုင်ဘူး။
အခုတော့ နောင်တလိုလို အစွဲအလန်းလိုလို ခြောက်ခြားသလိုလို ဖြစ်နေရပြီသူငယ်ချင်း။
နောင်လာနောက်သားတွေ ငါ့လိုအဖြစ်မျိုးမဖြစ်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အရာရာတိုင်းကို အရွယ်မလွန်
ခင် အသိတရားနဲ့ယှဉ်ပြီးလုပ်ကိုင်ဆောင်ရွက်ကြဘို့ တိုက်တွန်းချင်တယ်သူငယ်ချင်း။

တဆက်တည်း ငါတို့ကိုကန်တော့ကြမယ့် လူငယ်လေးတွေအနေနဲ့ သက်ကြီးပူဇော်ပွဲကို ဘာကြောင့်လုပ်ရ
တယ်။ ဘယ်တုန်းက စခဲ့တယ်။ ဘာအကျိုး ရတယ်။ ဘယ်လို ပူဇော်ကန်တော့ရတယ်။ ဆိုတာတွေ သိထား
ကြဘို့လိုမယ်လို့ ထင်တဲ့အတွက် အသက်ကြီးတဲ့သူကို ကန်တော့တဲ့အခါ ၀မ်းသာပီတိတွေဖြစ်ပြီး စိတ်နှလုံး
ချမ်းမြေ့မှုတွေ ရနိုင်ဘို့ရည်ရွယ်ပြီး ငါသိသလောက် လူငယ်လေးတွေကို ဝေမျှပေးချင်တယ်သူငယ်ချင်း။

တကယ်တော့ သက်ကြီးပူဇော်ပွဲကို International Day of Older Persons ဆိုပြီးလွန်ခဲ့တဲ့ ၁၉၉၁ခုနှစ်
အောက်တိုဘာလ ၁ရက်နေ့မှာ ပထမဦးဆုံးအကြိမ်အဖြစ် တကမ္ဘာလုံးက အသိအမှတ်ပြုကျင်းပလာကြ
တာဖြစ်ပေမယ့် ဒီအစဉ်အလာကို မြတ်စွာဘုရားသက်တော်ထင်ရှားရှိကတည်းက အဝေးရောက်ရဟန်း
တော်တွေသီတင်းဝါလကျွတ်တဲ့အခါ မြတ်စွာဘုရားသီတင်းသုံးတဲ့ ကျောင်းတော်ကိုရောက်လာကြပြီး မြတ်
စွာဘုရားကို ပူဇော်ကန်တော့ရာကနေ စခဲ့တာလို့သိရတယ်။

သက်ကြီးသူတွေကိုပူဇော်တဲ့နည်းတွေက တစ်ကျောင်း တစ်ဂါတာ တစ်ရွာ တစ်ပုဒ်ဆန်း ဆိုသလို ပူဇော်ပုံ
တွေစုံနေပေမယ့် ဗုဒ္ဓကျမ်းဂန်လာ အရပူဇော်နည်းကတော့ လှူမယ့်ပစ္စည်းကို အပူဇော်ခံပုဂ္ဂိုလ်ရဲ့လက်ထဲ
ကိုယ်ထိလက်ရောက် လက်နှစ်ဘက်ဖြင့် ရိုရိုသေသေပေးရမယ်။
လှူမယ့်ပစ္စည်းကို မလှူခင်မှာ ငါးပါးသီလစောင့်ရမယ်။ ပထမဦးဆုံးဘုရားရှင်ရဲ့ဂုဏ်တော်ကိုရည်ရွယ်ပြီး ဦး
သုံးကြိမ်ချရမယ်။
နိမ့်တဲ့နေရာကနေ အပူဇော်ခံပုဂ္ဂိုလ်ရဲ့ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်၊ အသက်သိက္ခာ ကြီးမားခြင်း
ဂုဏ်တွေကို အာရုံပြုပြီး ဦးသုံးကြိမ်ချ ရမယ်။ ကန်တော့တဲ့အခါ သြကာသ ကန်တော့ချိုးနဲ့ ကန်တော့ကြရ
တာဖြစ်ပေမယ့် ဘုရား၊တရား၊သံဃာရတနာ မြတ်သုံးပါနှင့်တကွ အသက် သိက္ခာ ဂုဏ်ဝါကြီးမား အဘိုး၊အ
ဘွား၊မိဘနှစ်ပါး ၊ဆရာသမား၊ ဦးလေး၊ဦးကြီး ဒေါ် ကြီး၊ဒေါ်လေး တို့အား အရိုအသေအလေးအမြတ် လက်
အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ပါ၏ ဆိုတာကို ထည့်ပြီးရှိခိုးကန်တော့ရမယ်။

အသက်သိက္ခာ ဂုဏ်ဝါကြီးသူတွေကို ကန့်တော့တဲ့အကျိုးကျေးဇူးကတော့ အများကြီးပဲ မင်းတို့၊ငါတို့ဆိုတာ
ပုထုဇဉ်တွေအလျှောက် မသိတတ်ခင်အချိန်အခါက ကျေးဇူးရှင် မိဘ၊ဆရာသမား၊ အသက်သိက္ခာကြီးတဲ့သူ
တွေကို ပြစ်မှားမိတာတွေ ရှိကောင်းရှိနိုင်တယ်။
ဒီအပြစ်တွေကို ဝန်ချတောင်းပန်ကန်တော့လိုက်လျင် ပျောက်ကင်းနိုင်တယ်လို့ မြတ်စွာဘုရားဟောထားခဲ့
တယ်။ အနည်းဆုံးရမယ့်အကျိုးကျေးဇူးက လူကြီးတွေကို ပြောမှား ဆိုမှားအထင်မှားခဲ့တဲ့အပြစ်တွေကို ပြေ
ပျောက်စေတယ်ပေါ့ကွာ။
ငါတို့တတွေ လူကြီးတွေကို သွားကန်တော့တဲ့အခါတိုင်း တောင်းပန်တိုင်း လူကြီးတွေက မျက်ရည်လေးတ
လည်လည်နဲ့ ခွင့်လွှတ်ပါတယ်ကွယ်လို့ ရင်ထဲကနေတုန်နေတဲ့အသံကို ကြားရလို့ဖြစ်လာတဲ့ပီတိကို မင်းခံ
စားခဲ့ဘူးမှာပါ။

အေး လူငယ်တွေကမှားလို့ လူကြီးတွေကိုကန်တော့ပြီး ကာယကံ ၀စီကံ မနောကံ တို့နဲ့ပြုလုပ်ခဲ့သမျှ ခွင့်
လွှတ်ပါခင်ဗျားလို့ ကလေးတွေကတောင်းပန်လို့ အပြစ်ကင်းနိုင်ပေမယ့် လူကြီးတွေက ကလေးတွေအပေါ်
အပြစ်တစုံတခုလုပ်မိတယ်ဆိုလျင် ဘယ်လိုတောင်းပန်မလဲ။
အပြစ်တကယ် ကင်းနိုင်ပါ့မလား။
ခွင့်လွှတ်နိုင်စရာအကြောင်းကော ရှိနိုင်ပါ့မလား။
လူငယ်တွေက မသိလို့မှားမိတယ်။
လူကြီးတွေကျ ဘာကြောင့် မှားလဲ။ အဲဒါစဉ်းစားစရာသိပ်ကောင်းတယ်။
လူကြီးတွေဟာ ငါလူကြီးပဲဆိုပြီး ကလေးတွေအပေါ် အမှားမလုပ်မိတဲ့လူ ဘယ်သူမျှမရှိဘူး။
နည်းတာနဲ့ များတာပဲရှိမယ်။ အဲဒီအမှားတွေ အပြစ်တွေကင်းဘို့ ဘယ်ပုံဘယ်နည်းပြန်တောင်းပန်မလဲ။
မင်းမှာနည်းရှိလျင် ငါ့ကိုပေးစမ်းပါ။ ကလေးတွေကိုတောင်းပန်ချင်လွန်းလို့ပါ။

 အသက် ၁၀၀ဖွားဖွား Mieko Nagaoka
 Source photo from http://www.google.com/images

ကရင်စကားပုံရှိတယ် ယှာ.သိင်းယှာ.၀း ဆိုတာ။
ဆိုလိုချင်တာက အသက်သာကြီးလာတယ်၊ ဘာကောင်းကျိုးမှ မပေးခဲ့တဲ့လူ တဲ့။
မင်းတို့ငါတို့တတွေ ကမ္ဘာကျော် နိုင်ငံရေးခေါင်းဆောင်၊ ဘာသာရေးခေါင်းဆောင်၊ လူမှုပတ်ဝန်းကျင် အကျိုး
ပြုခေါင်းဆောင်၊ လျှမ်းလျှမ်းတောက် စီးပွါးရေးပညာရှင်၊ အကျော်အမော်သိပ္ပံပညာရှင် မဖြစ်ခဲ့ကြရပေမယ့်
ဖြစ်နိုင်ခွင့်မရှိခဲ့ကြရပေမယ့် သစ်ပင်တပင် ၀ါးပင်တပင်လောက်တော့ လောကကောင်းကျိုးအတွက် တခုခု
လုပ်ခဲ့ဘို့ မလိုဘူးလားသူငယ်ချင်း။

သက်ကြီးဝါကြီးသူပဲဖြစ်ဖြစ် သက်ငယ်ဝါငယ်သူပဲဖြစ်ဖြစ် ပြုမိပြောမိသမျှကို တောင်းပန်လျင် အပြစ်လွတ်
တယ်ဆိုပြီး အပြစ်ဖြစ်ချင်ဖြစ်ပါစေ ပြောချင်တာပြော လုပ်ချင်တာလုပ်ပြီး ပြန်တောင်းပန်မယ်ဆိုတာမျိုးကို
တော့ မလုပ်လိုက်ကြပါနဲ့။
ဆေးလိပ်မီးပွါးကျလို့ ပေါက်ပြဲသွားတဲ့ ကိုယ်ပေါ်ကအ၀တ်ကို အပ်ကလေးနဲ့ အပ်ခြည်ကိုသီပြီး ဖါထေးလို့အ
ဆင်ပြေကောင်းပြေပေမယ့် ဖါရာတွေဗလပွနဲ့အ၀တ်မျိုးကိုတော့ ကြည့်မကောင်းတာအမှန်ပါ။
ဒါကြောင့်မပြောခင် မပြုခင်မှာ အပြန်ပြန်အလှန်လှန် စဉ်းစားပြောဆိုပြုမူကြဘို့ မျိုးဆက်သစ်လေးတွေကို သ
တိပေးချင်ပါတယ်သူငယ်ချင်း။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး) 
ဆောင်းပါးရေးဖြစ်စေရန်အတွက် အစဖေါ်ပေးသည့် ဓမ္မသုခကျောင်းတိုက်မှ
ဆရာတော် ဦးဥတ္တမာ လင်္ကာရ အား အထူးကျေးဇူးတင်ရှိပါသည်။

အောက်ဖေါ်ပြပါ နေရာများမှ ဘတ်ရှုပြီး ထုတ်နုတ်တင်ပြသည်။


http://www.thuriya.org/