• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Saturday, April 25, 2015

မော့မလား ငုံ့မလား ဖယ်မလား ရှောင်မလား

April 14

မော့မလား ငုံ့မလား ဖယ်မလား ရှောင်မလား

April 24, 2015
Friday

by မင်းစိုးစံ

သူငယ်ချင်းရေ သင်္ကြန်ပြီးသွားပြီ။ ကဆုန် ညောင်ရေသွန်းပွဲရောက်တော့မယ်။
သက်ကြီးပူဇော်ပွဲမှာ ငါနည်းနည်းပွါးလိုက်တယ်။ ဘယ်သူမှ ဂရုမစိုက်ဘူး။
စိတ်ဝင်စားလိုက်တာများ စင်ပေါ်ကနေ ဆင်းပြေးချင်စိတ်ပေါက်သွားတယ်။
နောက်ဆုံးတော့ ညဘက်မှာ မိုးရွာအပြီး မနက်စောစောလမ်းထွက်လျှောက်သလို ဖြစ်နေပါလားဆိုတဲ့ အ
တွေးနဲ့ စိတ်ကိုဖြေရတယ်။
ညဘက်မိုးရွာတော့ သစ်ခက်ကလေးတွေက လူသွားလမ်းပေါ်မှာ ဟိုတစ၊ သည်တစ ကျနေတတ်သလို တီ
ကောင်တွေကလည်း ဟိုတစ်ကောင် သည်တစ်ကောင်နဲ့ လူသွားလမ်းပေါ်မှာ ကန့်လန့်တချို့ ဘေးတိုက်တချို့
တွားသွားနေတတ်တာဆိုတော့ လမ်းလျှောက်တဲ့အခါ သစ်ကိုင်းမှန်းမသိ တီကောင်မှန်းမသိ နင်းပစ်မိတာ
မျိုး ဖြစ်တတ်တယ်။

April 15

April 18


April 18

သစ်ရွက်ကလေးတွေ ဘယ်လိုကြီးထွားလာသလဲ ဆိုတာထက် မမြဲတဲ့သဘာဝတရားတွေကို အသိစွဲနေ
အောင်ဆိုပြီး ဓါတ်ပုံလေးတွေရိုက်ဘို့လုပ်နေတုန်း သစ်ကိုင်းလေး ဘ၀ပျက်သွားတာကြောင့် သစ်ပင်တစ်
ပင်ရဲ့ အရွက်တွေ အသီးတွေ စည်ဝေနေတဲ့အထိ ကြားကာလမှာ ဘယ်လိုအခက်အခဲတွေနဲ့ ဘယ်လိုပေး
ဆပ်မှုတွေနဲ့ ကြုံရတယ်ဆိုတာ ပိုပြီးသိလာတယ်သူငယ်ချင်း။
April 16 ရက်နဲ့ April 17 ရက်နေ့မှာ ဘုန်းကြီးကျောင်းသွားပြီး ညအိပ်ညနေ သံဃာ့ဝေယျာဝစ္စတွေကို လုပ်
ပေးပြီး ပြန်လာတော့ မင်းအခုမြင်ရတဲ့ ပုံတွေအတိုင်း အပြောင်းအလဲတွေက သိပ်မြန်တယ်သူငယ်ချင်း။

အဲဒီတော့ တီကောင်တွေကို နင်းမိမှာစိုးလို့ ငုံ့ပြီးလမ်းလျှောက်မလား။
ရှောင်ပြီးလျှောက်မလား။
ဖယ်ပြီးလျှောက်မလား။
ဒါမှမဟုတ် တီကောင်လေးတွေကို နင်းမိလိုက်လျင် တွန့်လိန်စုတ်ပြတ်သွားတာကို မကြည့်ရက်လို့ မော့ပြီး
လျှောက်မလား။

သစ်ကိုင်းကျမှာစိုးပြီး သစ်ကိုင်းလေးတွေ ကျတဲ့အပင်ကိုမော့ကြည့်ရင်း လျှောက်မလား။
သစ်ကိုင်းကို နင်းမိလိုက်လို့ ချော်လဲသွားမှာစိုးပြီး ခြေရင်းကို ငုံ့ကြည့်ရင်းလျှာက်မလား။
ဖယ်ပြီး လျှောက်မလား။
ရှောင်ရင်း လျှောက်မလား။

တီကောင်ကို ဖယ်ပြီးလျှောက်တာထက် ရှောင်ပြီးလျှောက်တာ ပိုသင့်တော်မလား။
ခေါင်းငုံ့ထားတဲ့အတွက် လမ်းလျှောက်လျင် ဘာဖြစ်နိုင်သလဲ။
မကြည့်ရက်လို့ ခေါင်းမော့ပြီးလျှောက်မယ်ဆိုလျင် ဘာတွေဖြစ်ကုန်မယ်ထင်သလဲ။
ကိုယ်လျှောက်နေတဲ့ခရီး အချိန်မီရောက်ဘို့အတွက် ဖြစ်ချင်ရာဖြစ် တည့်တည့်ကြည့်ပြီး ပုံမှန်လှမ်းမယ်ဆို
လျင် အကျိုးနဲ့အပြစ် ဘယ်သင်းပိုများမယ်ထင်သလဲ။

တကယ်တော့ သူငယ်ချင်းရေ
အားလုံးဟာ ကိုယ့်စိတ်ကြိုက် ကိုယ့်သဘော ကိုယ့်ဆန္ဒ ကိုယ့်စေတနာ အပေါ်မှာပဲ အဓိကကျတာပါ။
မော့ပဲမော့မော့၊ ငုံ့ပဲငုံ့ငုံ့၊ ဖယ်ပဲဖယ်ဖယ်၊ ရှောင်ပဲရှောင်ရှောင် တနေ့နေ့တချိန်ချိန်မှာ အနင်းခံရတဲ့တီကောင်
ပဲဖြစ်စေ နင်းတဲ့လူပဲဖြစ်စေ လမ်းပဲဖြစ်စေ သစ်ကိုင်းပဲဖြစ်စေ အားလုံးဟာ ဒီကမ္ဘာမြေကြီးပေါ်ကနေ ပျောက်
ကွယ်သွားကြရမှာချည်းပဲ ဆိုတော့ ကိုယ်လိုရာခရီးရောက်ဘို့လိုသလို သူတပါးကိုမထိခိုက်မနစ်နာဘို့လိုတဲ့
အတွက် ကိုယ့်စည်းနဲ့ကိုယ် သွားလာလှုပ်ရှား ရုန်းကန်တတ်ဘို့ လိုတယ်လို့ ထင်တာပါပဲ။

ကျန်းမာချမ်းသာပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)