• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Thursday, May 7, 2015

၆နှစ်မြောက် အထိမ်းအမှတ်


၆နှစ်မြောက် အထိမ်းအမှတ်

May 07, 2015
Thursday

သူငယ်ချင်း

မင်းရဲ့ဘယ်ဘက်မျက်လုံးကို ခွဲစိပ်ကုသလိုက်ရတယ်ဆိုတာ သိရလို့ စိတ်မကောင်းပါဘူး။
ဗမာစစ်တပ်က မင်းကို သေနတ်ဒင်နဲ့ဆောင့်ခဲ့တဲ့ဒါဏ်ရာဟောင်းက အခုလိုအသက်အရွယ်ရလာတော့ ပြန်
ဖြစ်လာတယ်လို့ ပြောလို့ရသလို အရက်ကြောင့်လည်း ဖြစ်နိုင်တာပေါ့ကွာ။
မင်းပေးတဲ့စာ ရောက်နေတာကြာပြီဖြစ်ပေမယ့် ငါလည်းဘလော့ဂ်ရေးတဲ့ဘက်မလှည့်နိုင်သေးတာနဲ့ အခုမှ
တင်ပေးလိုက်နိုင်တဲ့အတွက် ခွင့်လွှတ်ဘို့ တောင်းပန်ပါတယ်။
နောက်တခုက မင်းလည်းအခုလောလောလတ်လတ် စာဘတ်နိုင်တဲ့အခြေအနေ မရောက်နိုင်သေးတာနဲ့
ဆိုတော့ အတော်ပဲလို့ ထင်ပါတယ်။
မင်းပြောထားတဲ့အတိုင်း မင်းရဲ့ အီးမေးလ် ကိုမထည့်ပါဘူး။
ဘလော့ဂ် ရေးတဲ့ဘက်မလှည့်နိုင်တာက ဘာသာရေးနဲ့ဆိုင်တဲ့အလုပ်တွေ လုပ်နေသလို အိမ်နောက်ဖြေး
ဈေးဆိုင်တည် ဆိုတဲ့အတိုင်း ခရမ်းခါးပင်နဲ့ တခြားဟင်းစားပင်တွေ စိုက်နေလို့ပါ။
ဘာသာရေးအလုပ်ဆိုလို့ တရားထိုင်တာ၊ တရားကျင့်တာ၊ တရားနာတာတော့ မဟုတ်ပါဘူး။
ပိုးကရင်လို ဘုရားကန်တော့တာရှိသလို စကောကရင်လို ဘုရားကန်တော့တာကိုပါ လိုက်ရှာနေတာပါ။

ရပါပြီ။
စာကတော့ အခုခေတ်လူငယ်လေးတွေ နားလည်သဘောပေါက်လွယ်တဲ့(ယူဆတာပါ) စကောကရင်စာနဲ့
ရေးထားတာတွေ့ရတယ်။
၂၀၁၁ခုနှစ်တုန်းက ထုတ်ထားတာပါ။
စာအုပ်ရဲ့ တချို့စာမျက်နှာပေါ်က စာလုံးတွေမထင် မရှားဖြစ်နေတာကို ပြင်ရဦးမှာဆိုတော့ အားလုံးအဆင်
သင့်ဖြစ်ပြီဆိုတာနဲ့ ငါ့ဘလော့ဂ်ပေါ် တင်လိုက်ပါ့မယ်။
အဲဒီအချိန်ဆိုလျင် မင်း စာကောင်းကောင်းဘတ်နိုင်လောက်ပြီလို့ ထင်တယ်။

မင်းရဲ့ အကြံပေးချက်အပေါ် ကျေးဇူးအများကြီးတင်ပါတယ်။
မင်းရဲ့မျက်လုံး ခွဲပြီးလို့ စာဘတ်နိုင်ပြီဆိုလျင် ငါရေး တဲ့စာတွေကို ဆက်ပြီးအားပေးဘို့ အခုလိုပဲအကြံပေး
ဘို့ ဝေဘန်ပေးဘို့ မေတ္တာရပ်ခံပါတယ်။
မင်းရေးထားတဲ့အတိုင်း ငါ့ရဲ့ဘလော့ဂ် ၆နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ တင်ပေးလိုက်ပါပြီ။
နောက်ကျတာသွားတာကိုတော့ နားလည်ခွင့်လွှတ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

မင်းစိုးစံ (သို့မဟုတ်) လုံးပု သို့ ပေးစာ

မင်းကိုယ်မင်း မင်းစိုးစံလို့ နာမည်တပ်ပြီး တရားသမားလိုလို၊ ကဗျာသမားလိုလို၊ နိုင်ငံရေးသမားလိုလို၊ သ
ဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားလို၊ သတင်းသမားလိုလို ယောင်ချူးလုပ်နေတာတွေ ရပ်ဘို့လိုပြီလို့
ထင်တယ်။
အကျိုးဆော့ အကန်းမော့ ဆိုသလို မင်းမှာဘာအတွေးအခေါ်မှ မရှိပဲနဲ့၊ ဘလော့ဂ်ပေါ်မှာ ပေါက်တတ်ကရ
တွေရေးပြီး လူတွေကိုဒုက္ခပေးနေတာတွေ လွန်လွန်းလို့ပါ။

ပြောမှ သိ၊ ထိမှ နာ၊ သာမှ ပေါင်း၊ သေမှ ခင် အစားထဲ မှာ မင်းမပါသင့်ဘူးလို့ ငါထင်တယ်။
ငါက အရက်သာသောက်တာ ဘယ်သူ့ကိုမှ မစော်ကားဘူး။
သူငယ်ချင်း ဆိုတဲ့သံယောဇဉ်လေး မကုန်တတ်သေးလို့ မင်းကို ငါပြောတာပါ။
တခြားလူဆို ငါမပြောဘူး။
အရက်သောက်ပျက်တယ်။
မင်းသတင်းတွေရေးတာကို ငါအပြစ်မပြောပါဘူး။
တကယ်ရေးရမှာက မင်းတို့ငါတို့ အနီးပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတာတွေကို ရေးဘို့လိုတယ်။

သတင်းသုံးသပ်တယ် ဆိုတာလည်း ဒီအတိုင်းပဲ။
ဗမာပြည်မှာ ဖြစ်နေတဲ့အခြေအနေမျိုးကို သုံးသပ်ပြနေတာထက် ငါတို့ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့ လူမှု
ရေး၊ အမျိုးသားရေး၊ ယဉ်ကျေးမှု၊ ကျန်းမာရေး ပညာရေး စတာတွေကို ရေးသင့်တယ်။
အဲဒီကနေ မင်းဘလော့ဂ်ကိုလာလည်တဲ့ လူတွေအတွက် အကျိုးဖြစ်စေမယ့်အကြောင်းအရာတွေ ထည့်နိုင်
ရမယ်။
ဒါမှ ဘလော့ဂ်ကောင်းတခုမဖြစ်ဘူးဆိုလျင်တောင် အခုလိုအူလည်လည်နိုင်တဲ့ သလော့တခုမဖြစ်နိုင်ဘူး။
အူလည်လည်နိုင်တာထက် မင်းဘလော့ဂ် ကိုအလည်လာတဲ့လူတွေကို စော်ကားသလို ဖြစ်နေတာကို ငါ
သည်းမခံနိုင်ဘူး။
မင်းစိတ်ဆိုးလို့ ငါရေးတဲ့အတိုင်း တင်ချင်တင် မတင်ချင်နေ။
ကိစ္စမရှိဘူး။
အေး မင်းရေးသင့်တာဘာလဲ ဆိုတာကိုတော့ ငါနည်းနည်းလေး ရေးပြမယ်။

တနှစ်ကို အထက်တန်းအောင်တဲ့ ကရင်လူငယ်မောင်မယ်လေးတွေထဲက ထူးချွန်တဲ့ကလေးတွေအ
ကြောင်း။
ကရင်အမျိုးသမီး ကိုယ်ဝန်ဆောင်မိခင်တဦး ကလေး ၃ယောက်မွေးတဲ့အကြောင်း။
လုပ်ငန်းခွင်မှာ ထိခိုက်ဒါဏ်ရာရတဲ့ ကရင်တွေအကြောင်း။
အိမ်ထောင်ရေးအဆင်မပြေလို့ ကိုယ့်ကိုယ်ကို လည်ပင်းကြိုးဆွဲချပြီး သတ်သေကြတဲ့အကြောင်း။
မူးယဇ်ဆေးဆွဲနေတဲ့ ကရင်လူငယ်လေးတွေအကြောင်း။
အိမ်ဘေးက သစ်ပင်တွေကြားထဲ လွတ်လွတ်လပ်လပ် အေးအေးချမ်းချမ်းပြေး လွှားပျော်မြူးနေတဲ့ ရှဉ့်လေး
တွေကို ထောင်ဘမ်းပြီး စားလို့ အရေးယူခံရတဲ့ကရင်တွေ။
အရက်မူးပြီးအချိန်မတော် လမ်းသလားလို့ တကိုယ်လုံးအချွတ်ခံရပြီး အောက်ခံဘောင်းဘီတထည်တည်းနဲ့
ပုလိပ်အိမ်ပြန်ပို့ခံရတဲ့အကြောင်း။
သတင်းအချက်အလက် အစုံအလင် မင်းရေးပြနိုင်ရမယ်။
ရေးသင့်တယ်။
အဲဒီအချက်အလက်ပေါ် အခြေခံပြီးတော့မှ ဘယ်လိုအချက်တွေကိုဖြင့် ရှောင်သင့်ပြီး ဘယ်လိုအချက်လက်
ကိုတော့ ဆောင်ရမယ်ဆိုတာကို လူတွေမြင်နိုင်အောင် ရေးဘို့လိုတယ်။
အဲဒါတွေရေးပါလား။
အဲဒါဆိုလျင် စိတ်ဝင်စားဘို့ ကောင်းသလို အထိုက်အလျှောက် ပညာရနိုင်တာပေါ့။
အခုတော့ မင်းဟာက မဆိုင်တာတွေလျှောက်ရေးနေတာ။
မင်းမို့လို့မရှက်တယ်။

မြန်မာအစိုးရမကောင်းကြောင်းရေးလို့ ဘာအကျိုးရှိမှာလဲ။
လူတိုင်းသိနေတဲ့ ဥစ္စာ။
မင်းရေးလို့ သူတို့ကဂရုမစိုက်ဘူးဆိုတာ မင်းအသိ။
ဒါလည်း မင်းကရေးနေတာပဲ။
အလကား အချိန်ကုန်တယ်။
မင်းကွာ ခွေးလှေးခုန်လို့ ဖုံမထဘူး
မြန်မာအစိုးရ မကောင်းကြောင်းရေးမယ့်အစား မင်းနေနေတဲ့ ပတ်ဝန်းကျင်က ကရင်တွေ ဖြစ်ချင်တိုင်းဖြစ်
နေတာကိုရေးစမ်းပါ။
ပြောမယ့်သာပြောရတာ ကရင်ဆိုတဲ့လူမျိုးကလည်း စာဖတ်တတ်တဲ့အကျင့်ကမရှိတော့ ရေးလည်း ကျွဲပါး 
စောင်းတီး ဖြစ်နေမှာပဲ။
မင်းကိုကြည့်ရတာ စာမရေးလျင်မနေနိုင် မနေတတ်တဲ့လူများလား မသိ။
မင်းကို နောက်ဆုံးအကြံပေးတိုက်တွန်းချင်တာကတော့ စာမရေးခင် စာများများဘတ်။
ဘာကြောင့် အဲလိုပြောလဲသိလား။
မင်းရဲ့အရေးအသားတွေက ခြောက်နှစ်သားသာဆိုတယ် ခြောက်လသားလောက်တောင် မရှိဘူး။
ဒါပဲ။

မင်းရဲ့သူငယ်ချင်း။
ဘီကျောင်ကိုင်း
(ရွဲသာ)

ကျန်းမာချမ်းသာပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)