Monday
ကဆုန်မိုးပြေး မြက်သားမွေး
By မင်းစိုးစံ
သူငယ်ချင်းရေ တန်ခိုးမည်မှတ်၊ ဖက်ဆွတ်ရေတိုး သင်္ကြန်မိုး၊ ကဆုန်အတွင်း မြေသင်းပျံ့ပျံ့ မိုးနှံ့နှံ့၊ နယုန်မိုး
သေး မြက်သားမွေး၊ လို့ ဆိုရိုးရှိပေမယ့် ရာသီဥတုတွေက ဖေါက်ပြန်လာတော့ ကဆုန်လမှာတောင် ရေ
ဖေါင်ဖေါင်ဖြစ်လိုဖြစ် ၀ါဆိုဝါခေါင် နွေခေါင်ခေါင်ဖြစ်လိုဖြစ် ဖြစ်နေပြီမဟုတ်လား။
ငါတို့ငယ်ငယ်တုန်းကတော့ ကဆုန်အတွင်း မြေသင်းပျံ့ပျံ့ မိုးနှံ့နှံ့ ဆိုတဲ့အတိုင်း ခြစ်ခြစ်တောက်ပူနေတဲ့မြေ
ကြီးပေါ် မိုးလေးတဖွဲဖွဲရွာချအပြီး လေပြေနဲ့အတူ ပါလာတဲ့မြေငွေ့ရဲ့အနံ့က တမျိုးလေးပဲ။
သေခြာတာတခုက စောစောကပြောခဲ့တဲ့ မိုးဖွဲလေးတွေရွာချအပြီး လယ်ကွင်းတွေထဲကနေ ဖြတ်ျပြးလာတဲ့
လေပြေနဲ့အတူပါလာတဲ့ ရိုးပြတ်တောရဲ့အနံ့က ဒီနေ့ဒီအချိန်အထိ စွဲစွဲလန်းလန်းနဲ့ လွမ်းတသသ အမှတ်ရ
မိနေတုန်းပဲကွ။ သိလား။
ဒီမှာကျတော့ ကတ္တရာလမ်းပေါ် ဖြတ်တိုက်လာတဲ့လေပြေနဲ့အတူ ပါလာတဲ့ကတ္တရာသင်းနံ့ကတော့ လွမ်း
လောက်စရာ မရှိပါဘူးကွာ။
ဒါပေမယ့် ကဆုန်လမှာ အခုလိုမိုးလေးရွာပြီဟေ့ဆိုတာနဲ့ ဆောင်းတွင်းတုန်းက နှင်းခဲတွေအောက်မှာကြက်
ပျောက်ငှက်ပျောက် ပျောက်နေတဲ့ မြက်ပင်တွေကတော့ သူ့ထက်ငါအပြိုင်မြေကြီးပေါ် ထိုးတက်လာကြတာ
ဆိုတော့ တမျိုးလေးလှတယ်လို့ပြောချင်တာပဲ။
ပြီးတော့ ပန်းတွေကလည်း အစီအရီပွင့်လိုက်ကြတာများ အရွက်တောင်မမြင်ရတော့ဘူး။
အရိုးပေါ်အရွက်ဖုံးတာမျိုးမဟုတ်တော့ပဲ အရွက်ပေါ်အပွင့်ဖုံး လို့ ပြောရမလိုတောင်ဖြစ်နေတယ်။
ကဆုန်လဆိုတာ ဗုဒ္ဓဘာသာဝင်တွေအတွက် အင်မတန်မြင့်မြတ်တဲ့လလို့ သတ်မှတ်ကြတယ်မဟုတ်လား။
ကဆုန်လမှာပဲ အလောင်းတော် သုမေဓာရှင်ရသေ့ ဒီပင်္ကရာမြတ်စွာဘုရား စီကနေ နိယတဗျာဒိတ်ခံယူ
တယ်။
အလောင်းတော် သိဒ္ဓတ္ထမင်းသား ဖွားမြင်တော်မူတဲ့လဖြစ်တယ်။
သစ္စာလေးပါးနှင့်တကွ ဘုရားအဖြစ်ကို ရယူတဲ့လ ဖြစ်ပြီး ဗုဒ္ဓ၀င်အကျဉ်းကိုဟောခဲ့တဲ့လဟာလည်း ကဆုန်
လ ပဲလေ။
ပရိနိဗ္ဗာန် စံဝင်တော်မူတဲ့ လဟာလည်း ကဆုန်လ။
ဒါကြောင့်မို့ ကဆုန်လပြည့် ဗုဒ္ဓနေ့ဆိုတဲ့အတိုင်း ကဆုန်ညောင်ရေသွန်းပွဲတော်အတွက် သီတဂူ ဗုဒ္ဓစင်တာ
က ဘိတ်စာပေါ်မှာ ဖွါး၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံ မှတ်ရန် လကဆုန် ဆိုတာလေးရေးထားတာတွေ့ရတယ်။
ဘလော့ဂ် တခုမှာတော့ အောက်ကအတိုင်း ရေးထားတာဘတ်ရတယ်။
(၁) ဗျာဒိတ်ခံယူသည့်နေ့ = လေး သင်္ချေကမ္ဘာတစ်သိန်း အစ ကဆုန်လပြည့်နေ့။
(၂) ဘုရားမွေးသည့်နေ့ = မဟာသက္ကရာဇ် (၆၈)ခု၊ ကဆုန်လပြည့် (သောကြာနေ့)။ (ဘီစီ ၆၂၃)
(၃) ဘုရားဖြစ်သည့်နေ့ = မဟာသက္ကရာဇ် (၁၀၃)ခု၊ ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)။ (ဘီစီ ၅၈၈)
(၄) ဗုဒ္ဓ၀င်အကျဉ်းဟောသည့်နေ့ = မဟာသက္ကရာဇ် (၁၀၄)ခု၊ ကဆုန်လပြည့်နေ့။ (ဘီစီ ၅၈၇)
(၅) ပရိနိဗ္ဗာန်စံသည့်နေ့ = မဟာသက္ကရာဇ် (၁၄၈)ခု၊ ကဆုန်လပြည့် (အင်္ဂါနေ့)။ (ဘီစီ ၅၄၃)
ဘာကြောင့် အခုလို ကဆုန်လပြည့်နေ့အကြောင်းရေးနေရသလဲဆိုတော့ ငါတို့စီမှာလည်း ကဆုန်လပြည့်
နေ့မှာ ညောင်ရေသွန်းပွဲလုပ်တယ်လေကွာ။
အဲဒီမှာ မျိုးဆက်သစ်လူငယ်လေးတွေကို စင်တင်တဲ့သဘောနဲ့ ဗုဒ္ဓနေ့အကြောင်း ကိုယ့်နည်ကိုယ့်ဟန်နဲ့ရှာ
ပြီး လူတွေရှေ့မှာ ပြောဘို့စီစဉ်ထားတဲ့အတိုင်း လုပ်ဖြစ်တယ်။
အတွေ့အကြုံမ ရှိတာကိုတော့ နားလည်ပေးလို့ရပါတယ်။
ခက်တာက လူငယ်လေးတွေဟာ အွန်လိုင်းပေါ်ကနေတိုက်ရိုက်ကူးချတဲ့အပြင် အဲဒီမှာရေးထားတဲ့အတိုင်း
ခေါင်းကြီးကိုငုံ့ပြီးဘတ်နေတော့ ဓါတ်ပုံရိုက်ရတာ တော်တော်ကသိကအောင့်နိုင်တယ်ကွာ။
စောဖိုးခွါးကြီးမှ ကဆုန်လပြည့် ဗုဒ္ဓနေ့အကြောင်း စကောကရင်ဘာသာဖြင့် ပြောကြားနေစဉ်
နန်းလဲ့လဲ့ဝင်းမှ ကဆုန်လပြည့် ဗုဒ္ဓနေ့အကြောင်း အင်္ဂလိပ်ဘာသာဖြင့် ဘတ်ပြနေစဉ်
ကောင်းမယ်ထင်တာပဲ။
အဲဒါမှ တွေးခေါ်တတ်မှာ။
အင်္ဂလိပ်ဘာသာနဲ့ ၂ယောက်၊ စကောကရင်ဘာသာနဲ့ ၁ယောက်၊ ပိုးကရင်ဘာသာနဲ့ ၁ယောက် စုစုပေါင်း
၎ယောက်။
အစကတည်းက သူတို့ကိုမှာထားတယ်။
အွန်လိုင်းပေါ်မှာရှာဘတ်ပါ၊ ပြီးတော့ ကိုယ်သိနားလည်သလို ပြောပါ။
အခုတော့ ကိုယ်ဖြစ်စေချင်တာက တမျိုး၊ ဖြစ်နေတာက တခြား။
ဘယ်လိုပဲဖြစ်ဖြစ် အခုလိုလူငယ်လေးတွေ တက်တက်ကြွကြွနဲ့ စိတ်ဝင်တစား ဗုဒ္ဓနေ့မှာ ဗုဒ္ဓအဆုံးအမတွေ
ကို ရှာဖွေပြောပြသွားတာကိုက ဘာသာရေးနဲ့ပတ်သက်ပြီး မျှော်လင့်ချက်လေး ထားလို့ရနိုင်မယ့် အခြေအ
နေတခု ဖန်တည်းရာရောက်လာကောင်း ရောက်လာနိုင်လေမလား ဆိုတဲ့ မျှော်လင့်ချက်လေး ရချင်နေတာ
ပါ။
အခုလို ကဆုန် ညောင်ရေသွန်းပွဲကို ဦးစီးဦးဆောင် ကျင်းပတာက ဓမ္မသုခကျောင်း က ဆရာတော် ရှင်ဥတ္တ
မာ လင်္ကာရ ဖြစ်ပါတယ်။
ငါကတော့ ဒီပွဲမှာ ကောက်ညှင်းထုပ်တွေ လုပ်တယ်။
ကောက်ညှင်းဆယ်ပေါင်ကို ကောက်ညှင်းထုပ်ပေါင်း ၄၀၀ ရတယ်။
ကောက်ညှင်းထုပ် ၄၀၀အတွက် ၀ါးဖက် ၁ထုပ်ကျော်ကုန်တယ်။
အုန်းသီးက သုံးလုံး။
ဝါးရွက်ထုပ် ၁ ထုပ်မှာ ၀ါးရွက်ပေါင်း ၃၆၄ရွက်ရှိတယ်။ သူ့အလေးချိန်က ၁၂အောင်စ။
ဘာကြောင့် ငါ့အနေနဲ့ မင်းကိုအခုလို အတိအကျရေးပြနေရသလဲဆိုတာ မင်းသိချင်လား။
သိချင်သည်ဖြစ်စေ မသိချင်သည်ဖြစ်စေ၊ ငါရေးပြရတဲ့အကြောင်းရင်းက လာမယ့် ကရင့်နှစ် ၂၇၅၄ခုနှစ် က
ရင့်ရိုးရာခြည်ဖြူဖွဲ့ပွဲမှာ ကောက်ညှင်းထုပ်ပေါင်း ၂၇၅၄ထုပ်၊ ထုပ်ဘို့ ဆုံးဖြတ်ထားလို့ပဲ။
ကောက်ညှင်းထုပ်ပေါင်း ၂၇၅၄ထုပ်အတွက် ၀ါးရွက် ၇ထုပ်ကုန်မယ်။
ကောက်ညှင်းဆန် ၆၉ပေါင်ကုန်မယ်။
အုန်းသီးက အလုံးပေါင်း ၂၆လုံးကုန်မယ်။
အလှူပွဲရဲ့ စားပွဲပေါ်က မေ၀်အါင်ထံင်(ကောက်ညှင်းထုပ်)
မင်းလည်း အဲဒီနေ့မှာ ကောက်ညှင်းထုပ်ပေါင်း ၂၇၅၄ထုပ် ထုပ်ချင်တယ်ဆိုလျင် ငွေဘယ်လောက်ကုန်မ
လဲဆိုတာ တွက်လို့ရသွားတာပေါ့။
ဟန်မကျဘူးလား။
ငါတင်လိုက်တဲ့ခေါင်းစီးက တခြား ငါရေးနေတာက တမျိုးဖြစ်နေပြီလို့ ပြောမလို့လား။
ကဆုန်မိုးပြေး မြက်သား မွေးဆိုတာ တကယ်ကို မွေးတာပါ။
မင်းကြည့်ပါလား မြက်ပင်လေးတွေဆိုတာ စိမ်းနေတာပဲ။
အဲဒီလိုမိုးရွာတော့ မြက်ပင်စိမ်းစိမ်းတွေကြားကနေ တီကောင်လေးတွေ ထွက်လာပြန်တယ်။
တချို့က လူသွားလမ်းကို အလျားလိုက် ဖြတ်ကူးသွားကြသလို တချို့ကျ ထောင်(ဒေါင်)လိုက် ဖြတ်ကူးသွားကြ
တယ်။
လူသွားလမ်းပေါ်က တီကောင်
လူတွေကိုမင်းကြည့်လိုက် အသိဉာဏ်ရှိတဲ့လူတွေကျတော့ တဦးနဲ့ တဦး ထိပ်တိုက်မတိုးအောင် စည်းမျဉ်း
စည်းကမ်းတွေထုတ်၊ စာတွေသင်၊ ဘာသာရေးတွေနဲ့ ထိန်းကွပ်ထားပေသော်လည်းပဲ ပြဿနာတွေက နေ့
တိုင်းလိုလိုဖြစ်နေတာပဲမဟုတ်လား။
တခြားမကြည့်နဲ့ လူတွေကိုယ်တိုင်လုပ် ထားတဲ့ ကားနဲ့၊ ကားလမ်းကိုကြည့်။
ကားလမ်းကို အသွားလမ်း အပြန်လမ်း ဆိုပြီးမျဉ်းတွေသားထားကြတယ်။
မီးပွိုင့်တွေထားတယ်။
လုံခြုံရေးကင်မရာတွေ ထားတယ်။ ကားလမ်းကို ထောင်(ဒေါင်)လိုက်မောင်းဘို့နေရာ လေးတောင်မရှိဘူး။
ဒါလည်းတိုက်မိကြသေးတယ်။
အလျားလိုက်မောင်းရတဲ့ ကားလမ်းပေါ်က ကားတွေတောင် တိုက်ကြတယ်ဆိုကတည်းက မင်းတို့ငါတို့
တတွေ တီကောင်တွေလို သွားချင်သလိုသွား၊ စားချင်သလို စား၊ သောက်ချင်သလို သောက်၊ နေချင်သလို
နေ၊ပြောချင်သလို ပြော၊ လုပ်ချင်သလို လုပ်နေတဲ့လူတွေ တယောက်နဲ့တယောက် မတိုက်မိ မခိုက်မိ ပြဿနာမ
ရှိပဲနေပါ့မလား။
အဲဒီလို လူ့ကျင့်ဝတ်တွေ ဖေါက်ဖျက်လာတော့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်လာတယ်။
ဒီတော့ ၀ါဆိုဝါခေါင် နွေခေါင်ခေါင် ဆိုတာမျိုးတွေ ဖြစ်လာရောမဟုတ်လား။
အော် သူငယ်ချင်းရေ လက်ချောင်းလေးတွေရှိလို့ စာရေးနေတာနော်၊ ဘတ်ချင်မှဘတ်။
ရေးချင်တာရေးတဲ့စာနော် ဘတ်ချင်မှဘတ်ပါ။
ပညာတွေ မျှဝေပေးနိုင်တဲ့ အရေးအသားမျိုးမဟုတ်တဲ့အတွက် မဘတ်ချင်ဘူးဆိုလည်း မင်းသဘောပါ။
”ငါ့မီးအိမ်ကို ငါ ထွန်းပါရစေ… အမှောင်ကို ဖယ်ရှားနိုင်စွမ်း ရှိ မရှိကို အငြင်းအခုန်မလုပ်ကြပါနှင့်” ဟု ကြယ်ပွင့်က ပြောသည်။
(တဂိုး )
ကျန်းမာချမ်းသာကြပါစေ။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)