• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Saturday, May 16, 2015

KNLA နှင့် ABSDF ရဲဘော်ဟောင်းများ ပိဋကတ် ၃ပုံ လှူဒါန်းခြင်း


 KNLA နှင့် ABSDF ရဲဘော်ဟောင်းများ ပိဋကတ် ၃ပုံ လှူဒါန်းအပြီး အမှတ်တရ

May 16, 2015
Saturday

KNLA နှင့် ABSDF ရဲဘော်ဟောင်းများ
ပိဋကတ် ၃ပုံ လှူဒါန်းခြင်း


ယနေ့ May 16, 2015 Saturday နေ့၌ မင်နီစိုးတားပြည်နယ် စိန့်ပေါမြို့တွင်နေထိုင်လျှက်ရှိကြသော ကရင်
အမျိုးသားလွတ်မြောက်ရေးတပ်မတော် နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများတပ်မတော်မှ ရဲဘော်
ဟောင်းများသည် ဓမ္မသုခဘုန်းတော်ကြီးကျောင်းသို့ ပိဋကတ် ၃ပုံများ သွားရောက်လှူဒါန်းခဲ့ကြကြောင်း သ
တင်းရရှိပါသည်။


တော်လှန်ရေးရဲဘော်ဟောင်းများနှင့် ဓမ္မမိတ်ဆွေများ တရားနာယူရန်ပြင်ဆင်နေကြစဉ်

ဦးစွာပထမ သံဃာတော်များအရှင်သူမြတ်များအား ဆွမ်းဆက်ကပ်လှူဒါန်းပြီး၊ တဆက်တည်း ပိဋကတ် ၃ပုံ
များကို ဆက်ကပ်လှူဒါန်းကြကြောင်း၊ ထို့နောက် ဓမ္မသုခကျောင်း၏ ကျောင်ထိုင်ဆရာတော်ဖြစ်သော ဆရာ
တော် အရှင် ဥတ္တမာ လင်္ကာရထံမှ ငါးပါးသီလကိုခံယူကြကြောင်း၊ ပိဋိကတ် ၃ပုံလှူဒါန်းရခြင်း၏အကျိုး တ
ရားတော်ကို ဆရာတော်ဘုရားထံမှ နာကြားကြပြီးနောက် လှူဘွယ်ဝတ္ထူများကိုဆက်ကပ်ကာ ရေစက်သွန်း
ချ အမျှပေးဝေခဲ့ကြကြောင်း သတင်းရရှိပါသည်။

အဆိုပါအလှူဒါနပြုသည့်ပွဲသို့ တရားနာရန်ရောက်လာကြသည့် တိုင်းရင်းသားညီအစ်ကို ဓမ္မမိတ်ဆွေများကို
တော်လှန်ရေးတပ်ဖွဲ့ဝင် ရဲဘော်ဟောင်းများက အုန်းနို့ခေါက်ဆွဲ၊ ဟာလ၀ါ၊ ရွှေရင်အေး၊ သစ်သီးဝလံများ၊ အ
ချိုရည်များဖြင့် အလျှံပယ်ဧည့်ခံကျွေးမွေးကြကြောင်း သိရှိရပါသည်။

ယခုကယ့်သို့ ပိဋကတ် ၃ပုံအလှူဒါနဖြစ်မြောက်ရေးတွင် ပါဝင်ကြိုးပမ်းအားထုတ်ကြသည့် အလှူရှင်များမှာ
KNLA ဗဟိုလ်မှ စိုင်းနိုင်လင်း နှင့် ABSDF ၀င်များဖြစ်ကြသည့် ရင်း ၂၀၆မှ ကိုဇော်ခ,နိုင်၊ ကိုအောင်ဝင်း
ကြည်၊ ကိုရဲဒင်။ ရင်း ၂၀၇မှ စောဂျိမ်း(ခ) လှထွေး။ ရင်း ၂၀၈မှ ကိုအောင်ခိုင်၊ ကိုသံလွင်စိုး။ ရင်း ၁၀၂မှ
ကိုမင်းမင်း တို့ ဖြစ်ကြကြောင်း သတင်းရရှိပါသည်။

ဖူ့ယောင်ဟက်
May 16, 2015

ပိဋကတ် ၃ပုံ လှူဒါန်းမှုအပေါ် အလှူရှင်တို့၏ သဘောထားအမြင်များကို အောက်ပါလိပ်စာတွင် သွားရောက်
ကြည့်ရှုနိုင်ပါသည်။

https://www.youtube.com/watch?v=QTtnL_QhMeo