• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Saturday, September 12, 2015

ကရင်ပြည်နယ် ဘားအံမြို့ တောင်ကလေးကျေးရွာ ဆရာတော် ဦးပညာသာမိ(တောမှီရဟန်း) ၏ ထေရုပ္ပတ္တိအကျဉ်း

September 12, 2015

ကရင်ပြည်နယ် ဘားအံမြို့ တောင်ကလေးကျေးရွာ ဖႜုံပညာ့တ်ုဝါန့်
 လောကီလောကုတ္တရာပညာသင်ကြားရေးဌာန နာယကချုပ် ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ
ဒေါက်တာ ဘဒ္ဒန္တ ပညာသာမိ(တောမှီရဟန်း) ၏ ထေရုပ္ပတ္တိအကျဉ်း

မွေးသက္ကရာဇ်
မြန်မာကောဇာသက္ကရာဇ် ၁၃၂၂ခု၊ ၀ါဆိုလပြည့်ကျော် (၇)ရက်၊ ကြာသာပတေးနေ့ ညနေ (၅း၁၅)နာရီ။
မွေးရာဇာတိ
ဘားအံမြို့နယ်၊ လှာကမြင်ကျေးရွာ။
ငယ်အမည်
ဖိုးသူ (ခ) မြိုင်အေးတင်။
ခမည်းတော်အမည်
ဦးအောင်တင်။
မယ်တော်အမည်
ဒေါ်နန်းစိန်လှခင်(သခင်မကြီး)
မောင်နှမ လေးယောက်အနက် အထွေးဆုံးသား။

ရှင်ပြုခြင်း
၁၃၂၉ခုနှစ် တပေါင်းလပြည့်ကျော် (၇)ရက်၊(၁၄-၁-၁၉၆၈)ကြာသာပတေးနေ့တွင် လှာကမြင်ကျောင်း ဆ
ရာတော် ဦးသူရိယကို ဥပဇ္ဈယ်ပြု၍ မိဘဘိုးဘွား ပစ္စယာနုဂ္ဂဟဖြင့် ရှင်သာမဏေပြုသည်။

ရဟန်းပြုခြင်း
၁၃၄၂ခုနှစ် တပေါင်းလပြည့်ကျော် (၁)ရက်၊(၂၁-၃-၁၉၈၁)စနေနေ့ညနေ(၄း၅၅)နာရီ အချိန်၊ ဘားအံမြို့၊ အ
မှတ်(၁)ရပ်ကွက် ဓမ္မပီယကျောင်း၊ မဟာဝိဇယရံသီသိမ်တော်ကြီးတွင် မိဘနှစ်ပါး၏ပစ္စယာနုဂ္ဂဟဖြင့် ဘား အံမြို့၊ ရွှေဘိုကျောင်းဆရာတော် ဦးသုဇာတကို ဥပဇ္ဈယ်ပြု၍ ရဟန်းဖြစ်တော်မူသည်။

ပရိယတ္တိပညာ သင်ယူလေ့လာခြင်း။ 
အခြေခံပညာအထက်တန်းစာမေးပွဲ၊ သာသနာရေးဦးစီးဌာနမှ ကျင်းပသော အဘိဓမ္မာစာမေးပွဲ(ပ၊ဒု၊တ)
ဆင့်။
ပါဠိပထမပြန်စာမေးပွဲ ပထမကြီးတန်း။
မော်လမြိုင် သုသမာစာရစာမေးပွဲ (အကြီးတန်း)။
သဒ္ဓမ္မပါလစာမေးပွဲ (ပ၊ဒု၊တ)ဆင့်။
သထုံမြို့ ပိဋကတ္တယ ပါရဂူ စာမေးပွဲ မဟာဝေယျာကရဏိကတန်း။
ဘာသာခြားကိုးကွယ်မှုဆိုင်ရာ စာမေးပွဲများ။
၁၉၈၉မှ ၁၉၉၀အထိ၊ အိန္ဒိယနိုင်ငံ၊ သင်္သကရိုက်(ဆန်စ်ကရစ်)တက္ကသိုလ်၊ ဗာရာဏသီတက္ကသိုလ်နှင့် နာ
လန္ဒာတက္ကသိုလ်တို့တွင် ရာဇာဂီရိဆရာတော် ဒေါက်တာဇာဂရ ထံ၌ သက္ကဋဘာသာအလွတ်တန်း၊ ပါဠိဘာ
သာအလွတ်တန်းကို လေ့လာသင်ယူခဲ့သည်။

စာပေပရိယတ္တိ ပြန်လည်ပို့ချတော်မူခြင်း။ 
ဇာတိရွာ လှာကမြင်ကျောင်း။
မော်လမြိုင်မြို့ မြောက်ကွင်းကျောင်း။
ဘားအံမြို့ ရတနာသိင်္ဂီကျောင်း။
တောင်ကလေးရွာ တောင်ကလေး ပရိယတ္တိစာသင်တိုက်။

ဘာသာရေး သာသနာရေး ဆောင်ရွက်ချက်များ။
၁၉၈၇ခုနှစ် မှစ၍ ဇာတိလှကမြင်ရွာအရှေ့ဘက် တမိုင်အကွာ၌တည်ရှိသော ဘားအံ-လှိုင်းဘွဲ့ ကားလမ်းမ
အရှေ့ဘက် ဒေးမယ် စော့(ခေါ်) ထမင်းဆုပ်တောင်ကုန်း၌ ချုံနွယ်ပိတ်ပေါင်းရှင်း၍ စေတီဟောင်းတဆူကို
အသစ်ပြုပြင်ကာ မြရတနာစေတီဟု ဘွဲ့တော် ပေးတော်မူသည်။

တောင်ပတ်ဝန်းကျင် မြေဧက(၃၁.၁၁)ကို သာသနာ့မြေအဖြစ်သတ်မှတ်ပြီး တောင်ကလေး ပရိယတ္တိစာ
သင်တိုက်၊ တောင်ကလေး ပရိယတ္တိအေးရိပ်သာ၊ လောကီလောကုတ္တရာ ပညာသင်ကြားရေးဌာန၊ ဘုန်း
တော်ကြီးသင် ပညာရေးကျောင်း။

၁၉၈၈ခုနှစ်မှ ၂၀၀၀ပြည့်နှစ်အထိ ကရင်ပြည်နယ်ဒေသ အစွန်အဖျား၌ စေတီဟောင်းအဆူ (၂၀)ကို ပြုပြင်
ထီးတင်တော်မူသည်။
သာသနာဖွံ့ဖြိုးမှုမရှိသေးသောဒေသ၌ လမ်းဖောက်ခြင်း၊ ဘုန်းတော်ကြီးကျောင်း (၁၀)ကျောင်းတည်ထောင်
ခြင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (၅)ကျောင်း တည်ထောင်ခြင်း၊ ယင်းကျောင်းများအား အခါအား
လျှော်စွာ ပစ္စည်းလေးပါးဖြင့် ထောက်ပံ့ခြင်း၊ တော်မှီရဟန်း ကလောင်အမည်ဖြင့် ကျမ်းစာအုပ်ပေါင်း (၆၀)
ကျော် ရေးသားခြင်း။

၁၉၈၆ခုနှစ်မှစ၍ မျက်မှောက်အချိန်အထိ မြရတနာစေတီ၏ ရင်ပြင်တော်၌ နှစ်စဉ်အခါကြီးရက်ကြီးများတွင် အနုသာသနီဝိပဿ နာနည်းဖြင့် (၁၀)ရက် တရားစခန်းဖွင့်၍ တရားပြတော်မူခြင်း၊ စသည့်သာသနာပြုလုပ်ငန်း
များကို ဆောင်ရွက်တော်မူသည်။

လေ့လာရေးခရီးကြွတော်မူခြင်း။
၁၉၉၄ ခုနှစ်တွင် အိန္ဒိယ၊ နီပေါ၊ သိရိလင်္ကာနိုင်ငံ။
၁၉၉၇ ခုနှစ်တွင် ထိုင်း၊ စင်္ကာပူနိုင်ငံ။
၁၉၉၈ ခုနှစ်တွင် ဂျပန်နိုင်ငံ။
၂၀၀၉ ခုနှစ်တွင် သြစတြေးလျနိုင်ငံ။

ဘွဲ့တံဆိပ်တော် ဆက်ကပ်ခံရခြင်း။
နိုင်ငံတော်အစိုးရ အမိန့်တော်ကြေငြာစာအမှတ် (၄၆-၉၁)အရ ၁၃၅၃ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း (၁၃)
ရက်၊(၂၀-၁၁-၁၉၉၁) (ဗုဒ္ဓဟူးနေ့) သဒ္ဓမ္မဇောတိကဘွဲ့၊ ဂျပန်နိုင်ငံမှချီးမြှင့်သော ဗုဒ္ဓစာပေဆု (၂၀၀၁)။
ယခုအခါ ဆရာတော် အရှင်ပညာသာမိ(တောမှီရဟန်း)သည် “ မဂ်၊ ချမ်းသာ၊ ပိုမိုမြင့်၊ ကဲချင့်၊ တောက်
ထွန်း ” ဟူသောပရအကျိုး ဦးတည်ချက်ဆောင်ပုဒ်ဖြင့် ၀ိပဿနာတရားပြတော်မူခြင်း၊ (ပဋိပတ္တိ)တာဝန်။ ကျမ်းစာများရေးသားပြုစုခြင်း၊ တပည့်ဒါယကာတို့အား စာသင်စာချတရားဓမ္မဟောကြားဆုံးမခြင်း(ပရိ
ယတ္တိ)တာဝန်များကို ဆောင်ရွက်ဆဲဖြစ်သည်။

လူသားအကျိုးပြု ဖွံ့ဖြိုးရေးဆောင်ရွက်တော်မူခြင်း။
ဆရာတော်အရှင်ပညာသာမိသည် ၁၉၉၄ ခုနှစ်မှစ၍ ကရင်ပြည်နယ်ငြိမ်းချမ်းရေးရရှိရေးအတွက် ငြိမ်းချမ်း
ရေးဦးဆောင်နာယကဆရာတော်တပါးအဖြစ် ဦးဆောင်ပါဝင်ခဲ့ပြီး Karen Peace Council (KPC)တွင်
လည်းပါဝင်ဆောင်ရွက်ခဲ့ပါသည်။
မြန်မာနိုင်ငံငြိမ်းချမ်းရေး မိဿဟာရ နာယကဆရာတော်တပါးအဖြစ်လည်း ဆောင်ရွက်ခဲ့ပါသည်။

၂၀၀၁ ခုနှစ်တွင် ကရင် ပညာဖွံ့ဖြိုးတိုးတက်ရေး ယူနစ်အဖွဲ့ Phlon Education Development Unit (PEDU)ကို စတင်ဖွဲ့စည်း တည်ထောင်ပြီး ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ တည်ထောင်ဖွင့်လှစ်
ခြင်း၊ ပညာရေးဖွံ့ဖြိုးရေးလုပ်ငန်းများ ကျန်းမာရေး ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအ
တွက် စွမ်းစွမ်းတမံ လမ်းညွှန်လုပ်ဆောင်တော်မူခဲ့ပါသည်။

ကျန်းမာရေးကဏ္ဍတွင်လည်း ကြက်ခြေနီအသင်းများ ဖွဲ့စည်းတည်ထောင်ပေးခြင်း၊ ကရင်ပြည်နယ်တွင် ခြေ
တု လက်တုဆိုင်ရာ ပြန်လည်သန်စွမ်းရေးဌာန ဖြစ်မြောက်ရေးအတွက် ကမကထပြုခြင်း၊ ကရင်ပြည်နယ်
ကျေးလက်ဒေသများတွင် ကျန်းမာရေးအမြင်ဖွင့် သင်တန်းများ၊ ရှေးဦးသူနာပြုစုနည်းနှင့် ကျန်းမာရေးစောင့်
ရှောက်မှုသင်တန်းများကို ဖွင့်လှစ်စေခြင်းတို့ကို ဆောင်ရွက်တော်မူခဲ့ပါသည်။

ကရင်ပြည်နယ်မှ ထူးချွန်ကျောင်းသား/သူများကို ပညာသင်စရိတ်ထောက်ပံ့ခြင်း၊ နတ်စေတမန်ပညာဒါနအ
ဖွဲ့ (အိန္ဒု)ကို တည်ထောင်တော်မူပြီး နွမ်းပါးသောကျောင်းသား/သူများကို ပညာဒါနပြုခဲ့ပါသည်။ ကရင်ကျောင်းသားများရိပ်သာ (Karen Student Center)၏ နာယကဆရာတော်အဖြစ်လည်း ဆောင်ရွက်
တော်မူခဲ့ပါသည်။

ကရင်ပြည်နယ်သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး သဘာဝသစ်တောများကို ထိန်းသိမ်းသောအားဖြင့်
ကြာအင်းတောင်အပါအ၀င် သစ်တောဧက ၅၀၀၀ကျော်ကို ထိန်းသိမ်းစောင့်ရှောက်ခဲ့ပြီး၊ သစ်ပင်ပျိုးပင်များ
နှင့် ရာဘာပျိုးပင် တသိန်းကျော်ကိုလည်း အခမဲ့ ဝေငှဒါနပြုခဲ့ပါသည်။
နှစ်စဉ် မိုးရာသီတွင် တပည့်များကို သစ်ပင်စိုက်ပွဲများကျင်းပစေပြီး သစ်ပင်သစ်တောများကို ထိန်းသိမ်းစေခဲ့
ပါသည်။

ကရင်အမျိုးသားစာပေကို ချစ်မြတ်နိုးသည့်အလျှောက် ကရင်စာပေကိုထိန်းသိမ်းစောင့်ရှောက်ခြင်း၊ သုတေ
သနပြုခြင်း၊ စာပေရေးသားခြင်း၊ စာစောင်များထုတ်ဝေခြင်းများအပြင် ကွန်ပျူတာစာလုံးဖြင့် Karen Font ရ
အောင် အားထုတ်တော်မူခဲ့ပါသည်။
အရှေ့ပိုးကရင်- မြန်မာ- အင်္ဂလိပ် အဘိဓာန်ကို ရေးသားစီယင်တော်မူခဲ့ပါသည်။
တိုင်းရင်းသားကရင်လူမျိုးများ၏ ယဉ်ကျေးမှု၊ ဓလေ့၊ စာပေနှင့်ပတ်သက်သော ကျမ်းတစောင်ကိုလည်း အိန္ဒိ
ယနိုင်ငံ ကာလကတ္တား တက္ကသိုလ်သို့ တင်သွင်းခဲ့ပြီး ဂုဏ်ထူးဆောင်ကျမ်းပြုပါရဂူဘွဲ့ကို ဆက်ကပ်ချီးမြှင့်
ခြင်း ခံခဲ့ရပါသည်။

ယခုအခါ ကရင်ပြည်နယ် ကရင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့၏ နာယကအဖြစ် ကရင်အမျိုးသားရေးတာဝန်ကို ထမ်းရွက်တော်မူလျှက်ရှိပါသည်။

၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းကျရောက်ခဲ့စဉ်က “ဒုက္ခရောက်သူ ၀ိုင်းဝန်းကူ ထိုသူချမ်းသာရောက်” ဟူသော
ဆောင်ပုဒ်ဖြင့် ကရင် ပြည်နယ်တ၀ှမ်းရှိ တပည့်ဒကာများကိုနှိုးဆော်ကာ မုန်တိုင်းဒါဏ်ခံစားခဲ့ရသော ဧရာဝ
တီတိုင်းဒေသရှိ မြို့ရွာများသို့ကိုယ်တိုင်သွားရောက်ကာ ကူညီပံ့ပိုးပေးခဲ့ပါသည်။

၂၀၀၉ ခုနှစ်တွင် သြစတြေးလျနိုင်ငံသို့ သာသနာပြုခရီး ကြွရောက်ခဲ့စဉ် သြစတြေးလျရောက် ကရင်တိုင်း
ရင်းသားများအတွက် Karen Melbourne Buddhist Associate (KMBA) သြစတြေးလျရောက် တပည့်ဒ
ကာများဖြင့် ဗုဒ္ဓစာပေများ၊ ကဗျာများ၊ နိုင်ငံ ရေး၊ လူမှုရေး အသိပညာပေးဆောင်းပါးများကိုလည်း ရေးသား
တော်မူဆဲဖြစ်သည်။

ဤသို့ နိုင်ငံ၊ လူမျိုး၊ ဘာသာ၊ သာသနာတော်အကျိုးအတွက် စွမ်းစွမ်းတမံဆောင်ရွက်တော်မူသော ကရင်
ရဟန်းတော်မထေရ်မြတ်တပါးဖြစ်တော်မူသည့် တောင်ကလေး ပရိယတ္တိစာသင်တိုက် လောကီလောကုတ္တ
ရာ ပညာသင်ကြားရေးဌာန၏ ပဓာန နာယကဆရာတော် Dr. အရှင်ပညာသာမိ(တောင်ကလေးဆရာ
တော်)အား လူမှုအကျိုးပြုဖွံ့ဖြိုးရေးလုပ်ငန်းကို ဘက်စုံထမ်းရွက် တော်မူသောကြောင့် “ ဘက်စုံဂုဏ်ထူး
ဆောင်ဆု ” ကို ချီးမြှင့်ပူဇော်ခြင်း ခံခဲ့ရပါသည်။

မှတ်ချက်။
ကရင့်သက္ကရာဇ်၂၇၅၃ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့တွင်ထုတ်ဝေသည့် ရွှေကိုက္ကိုလ် အထူးထုတ်စာ
စောင်မှ တိုက်ရိုက်ကူးယူဖေါ်ပြခြင်းဖြစ်ပါသည်။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)