• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Wednesday, September 9, 2015

မစင်စွန့်တတ်ကြရဲ့လား

Source photo from http://www.google.com/images

မစင်စွန့်တတ်ကြရဲ့လား

September 09, 2015
Wednesday

By မင်းစိုးစံ

မစင်စွန့်တတ်ရဲ့လားလို့ မေးလိုက်တဲ့အတွက် အောင့်သက်သက်ကြီးဖြစ်သွားကြမလားမသိဘူး။ မဖြစ်လိုက်ကြပါနဲ့။
ကရင်လို လူကြီးတွေပြောဘူးတာရှိတယ်၊ စားတတ်ရင် မစင်စွန့်တတ်ရမယ် တဲ့။
ကရင်စာလုံးနဲ့ ရေးပြဘို့ Font အခက်အခဲရှိလို့ ရေးမပြတော့ပါဘူး။ ကလေးတွေလို ဗျည်းစာလုံးအမှားတွေနဲ့ ရေးတာမျိုး အားမပေးချင်တာလည်း ပါပါတယ်။

ကျုပ်တို့ငယ်ငယ်တုန်းက ပြောကြဆိုကြတာရှိခဲ့ပါတယ်။
မင်းတို့ ဘယ်လောက်ပဲချောချော ဘယ်လောက်ပဲလှလှ ဘယ်လောက်ပဲချမ်းသာချမ်းသာ အိမ်သာထဲရောက်လျင်တော့ အားလုံးဖင်လှန်ကြရတာပဲ ဆိုတာ။

ဒီလိုပါ။
ကလေးသူငယ်တွေကို စာသင်ပေးဘို့၊ ဒုံးအက သင်ပေးဘို့၊ သီချင်းသင်ပေးဘို့၊ ဗုဒ္ဓယဉ်ကျေးမှုလေး သင်
ပေးကြစို့ဆိုပြီး ကလေးအမေတွေနဲ့ စကားပြောအပြီးဟိုပြောဒီပြော တောပြောတောင်ပြော ပြောကြတော့
အစားအသောက်ဘက်ရောက်သွားတယ်။
ကြက်သွန်ဖြူတွေအကြီးကြီးအကြောင်း၊ ကြက်သွန်နီ တွေအကြီးကြီးအကြောင်း၊ သံပုရာသီး၊ ရွှေဖယုံသီး
အသီးအနှံတွေအကြောင်းကနေ အသားတွေဟာ အချိန်တိုအတွင်းစားနိုင်တယ်ဆိုတဲ့ဘက်ကနေတဆင့်
စားသောက်တဲ့အခါမှာ ကိုယ့်မြေကိုယ့်ရေ ကိုယ့်ပြေ(ပြည်)က အ သီးအနှံအသားငါးတွေနဲ့ အခုလက်ရှိ စား
နေ သောက်နေရတဲ့ အစားအစာတွေရဲ့အရသာ ကွာခြားပုံဘက်ကို ပြောကြရင်း၊ အဲဒီကနေတဆင့် ပြည်
ထောင်စုသမ္မတ ဗမာနိုင်ငံတော်ကြီးဟာ အင်မတန်ရေခံမြေခံကောင်းတာကြောင့် အစားအစာတွေဟာ တ
ခြားနိုင်ငံက သား ငါး သီးနှံတွေထက် အရသာပိုမိုထူးကဲတယ်ဆိုတာပြောရာကနေ ဓါတ်မြေသြဇာ သဘာ
ဝမြေသြဇာဘက်ရောက်သွားပြီးတော့ ရာသီဥတုဖေါက်ပြန်လာတဲ့ဘက်ကနေ နောက်ဆုံးမစင်စွန့်တဲ့စီကို
ရောက်လာပါလေရော။

ကလေးအမေတယောက်က မစင်စွန့်တဲ့အခါ ထိုင်ပြီးမစင်စွန့်ရတာထက် ဆောင့်ကြောင့်ထိုင်ပြီးမစင်စွန့်ရ တာကပိုပြီးသက်သက်သာသာရှိတယ်၊ မစင်တွေအကုန်လုံးဆင်းတယ်ဆိုတာကနေ စ,လိုက်တာ၊ဆောင့်
ကြောင့်ထိုင်ပြီးမစင်စွန့်ရင်း မူးလဲပြီးအသက်ဆုံရှုံးရတာတွေရှိတယ်ဆိုတာနဲ့ ထိုင်အိမ်သာဖြစ်ပေါ်လာတဲ့
အကြောင်းတွေ ပြောဖြစ်တယ်။

ကျုပ်လည်း စဉ်းစားကြည့်တယ်၊ ဘိုထိုင်အိမ်သာတွေကို လူတွေကအထင်ကြီးပြီး ဆောင့်ကြောင့်ထိုင်တဲ့ အ
ကျင့်ကိုပြောင်းလဲပစ်လိုက်တာများလားပေါ့လေ။
နောက်တစ်ခုက ကျုပ်လို ၀,ဖိုင့်ဖိုင့်လိုလူတွေ ဘယ်လိုလုပ်ပြီးဆောင့်ကြောင့်ထိုင် မလဲပေါ့နော်။
အရင့်အရင်အခါ တွေတုန်းကတော့ လူကလည်း ပိန်ပိန်သွယ်သွယ်လေး၊ ပေါ့ပေါ့ပါးပါးလေး၊ ရွာမှာက အိမ်
သာလည်းမရှိ။
တခါတလေများဆို ဗမာစစ်တပ်တွေရွာထဲဝင်လာပြီဟေ့ဆိုတာနဲ့ မစင်စွန့်ရင်းတန်းလန်းနဲ့ ခွေးပြေးဝက်ပြေး
ပြေးရတာမျိုးတွေ ခဏခဏဆိုတော့လေ၊ ကိုယ့်ကိုယ်ကို ငါဟာဘ၀မေ့နေတဲ့ လူတယောက်လို့များ ပြောကြ
မလားဆိုပြီး ဘိုထိုင်အိမ်သာက ဆောင့်ကြောင့်ထိုင်ရတဲ့အိမ်သာထက် ပိုကောင်းတယ်ဆိုတာ ၀င်မပြောချင်
မပြောဝံ့တာနဲ့ ငြိမ်ငြိမ်လေးနေပြီး သူတို့ပြောတာတွေနားထောင်နေလိုက်တယ်။

အမှန်အတိုင်းပြောရမယ်ဆိုလျင် ဘိုထိုင်အိမ်သာကို သုံးလာတာ ၁၀နှစ်ကျော်လာပြီဖြစ်တဲ့အပြင် ကိုယ်ခန္ဓာ
က အဆမတန် ၀,အိနေတာကြောင့် ဆောင့်ကြောင့်ထိုင်ရမှာ ပိုပြီးခက်လာသလိုပဲ။
အဲဒါတွေကြောင့် ဘိုထိုင်အိမ်သာကို ထောက်ခံချင်နေတာပါ။

ဆောင်းပါးတခုမှာ ဘိုထိုင်အိမ်သာကိုသုံးမယ့်အစား၊ ဗမာအိမ်သာကိုသုံးပါဆိုတဲ့စာကို ဆရာဝန်တယောက်
ရေးပြသွားတာဘတ်ရသလို၊ အမျိုးသမီးတယောက်ကဆိုလျင် အများသုံးတဲ့ ဘိုထိုင်အိမ်သာကို သုံးတဲ့အခါ
တိုင်း ထိုင်တဲ့နေရာပေါ်မှာ Tissue စက္ကူတွေခင်းပြီးသုံးတယ် ဆိုတာပြောသွားတာဘတ်ရပြန်တယ်။
အများသုံး ဘိုထိုင်အိမ်သာကနေ ရနိုင်တဲ့ ရောဂါတွေကိုလည်း Face book ထဲမှာဘတ်ရတဲ့အပြင် လူတ
ယောက်က ဘိုထိုင်အိမ်သာပေါ်မှာ ဆောင့်ကြောင့်ထိုင်ပြီး မစင်စွန့်တယ်…… တဲ့။
ဒါကြောင့်မို့ ကျုပ်ရဲ့အတွေးထဲမှာ ကျုပ်နားလည်တဲ့ အသုံးအနှုံးနဲ့ပြောချင်တာက ဗမာအိမ်သာနဲ့ ဘိုအိမ်သာ ဘယ်သင်းကောင်းသလဲ ဆိုတာတွေးနေမိတာအတော်ကြာခဲ့ပါတယ်။

Source photo from http://www.google.com/images

ဖြစ်ချင်တော့ ဒီနေ့ Face book ကိုကြည့်လိုက်တော့ အလိုလေးလေး ဗမာအိမ်သာကော၊ ဘိုအိမ်သာကော မ ကောင်းဘူးတဲ့။
ဒါကြောင့် ကျုပ်က မစင်စွန့်တတ်ကြရဲ့လား ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး လူတတ်ကြီးအယောင်ဆောင်လိုက်တာ။ အဲဒီတော့ မစင်စွန့်ရာမှာ စိတ်အေးလက်အေးဖြစ်အောင်ရည်ရွယ်ပြီး မစင်စွန့်တဲ့အခါမှာ ဘယ်နည်းဘယ်ပုံ စွန့်ရမယ်ဆိုတာကို ရုပ်သံနဲ့နည်းပေးလမ်းညွှန်ထားတာလေး ကြည့်လိုက်ကြပါ။
အများသုံး ဘိုထိုင်အိမ်သာကိုသုံးစွဲကြသူတိုင်း ကျုပ်ရေးခဲ့တဲ့ အမျိုးသမီးပြောပြတဲ့ စက္ကူခင်းပြီးသုံးတဲ့နည်းကို
လည်း သုံးဘို့မမေ့နဲ့ပေါ့နော်။

Source photo from http://www.google.com/images

ရုပ်သံထဲကနည်းအတိုင်း သုံးကြမယ်ဆိုလျင် လိပ်ခေါင်းရောဂါကို ကာကွယ်ရာလည်း ရောက်ပါလိမ့်မယ်။


ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)