• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Sunday, January 10, 2016

ကရင့်သက္ကရာဇ် ၂၇၅၅ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ စကားလက်ဆောင်


ကရင့်သက္ကရာဇ် ၂၇၅၅ ခုနှစ်
ကရင်အမျိုးသားနှစ်သစ်ကူးနေ့ စကားလက်ဆောင်

January 10, 2015
By မင်းစိုးစံ

ဗမာတွေခေါ်တဲ့ ဖုံးမကြည်နတ်နဲ့ အလားသဏ္ဍန်တူတဲ့ ကရင်တွေအခေါ် ဖီ့ဘီးယော် (ဗမာအသံထွက်) စ
ပါးစောင့်နတ်အတွက် တဲလေးဆောက်ပေးထားတာပါ။

ကျန်တာတွေကတော့ ကောက်သစ်စားနေကြတဲ့ပုံတွေရယ်၊ စပါးစောင့်နတ်တဲလေးနဲ့တွဲပြီး ဒုံးကဘို့ အ
လှည့်စောင့်နေတဲ့ (K C O M) က လူငယ်လေးတွေပုံရယ်၊ အခန်းအနားကိုကြွ ရောက်လာကြတဲ့ ဧည့်သည်
တော်တွေနဲ့ တဲအနီးတ၀ိုက်က အပြင်အဆင်တွေကို မြင်နေရ တာဖြစ်ပါတယ်။

ကျုပ်လည်း ကောက်သစ်စားပွဲအတွက် ထားထားတဲ့ ဒေါင်းလန်းထဲက ထမင်းကို စားမလို့ပဲ၊ ဒါပေမယ့် ဒီနှစ်
ခရုက ခါတိုင်းနှစ်က ခရုတွေလိုမဟုတ်ပဲ နည်းနည်းကြီးနေတော့ မစားတော့ပဲ ဓါတ်ပုံပဲရိုက်လိုက်တော့
တယ်။


































အဲဒီ စပါးစောင့်နတ်အတွက် သီးသန့်ထားပေးတဲ့ ထမင်းနဲ့ဟင်းက အရသာသိပ်ရှိတာဗျ။
အဲဒါထူးခြားမှုတခုပဲ။
မယုံရင် နောင်နှစ်ကျရင် ၀င်ပြီးစားကြည့်။
စွဲသွားလိမ့်မယ်။
အရမ်းကို အရသာရှိတာ။
ဒေါင်းလန်းထဲမှာ ထမင်းကော ဟင်းကောရောထည့်ပြီး အတူစားကြတာ။
ခင်ဗျား ကရင်ကိုချစ်ရင် အခုလို လက်ရည်တပြင်စီး စားရဲရမယ်။
ခင်ဗျားဟာ ပညာတတ်လား၊ သန်းကြွယ်သူဌေးလား၊ သမ္မတလား၊ လယ်သမားလား၊ တံငါသည်လား၊
မုဆိုးလား၊ မခွဲခြားပဲ အတူစားရဲရတယ်။
အဲဒါလို စားရဲသွားပြီဆိုရင် ခင်ဗျားရဲ့ရင်ထဲက မာန်မာနတွေကို ခ၀ါချပြီးသား ဖြစ်သွားမှာပါ။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)