• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Sunday, January 10, 2016

ကရင့်သက္ကရာဇ် ၂၇၅၅ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ စကားလက်ဆောင်


ကရင့်သက္ကရာဇ် ၂၇၅၅ ခုနှစ်
ကရင်အမျိုးသားနှစ်သစ်ကူးနေ့ စကားလက်ဆောင်

January 10. 2016
By မင်းစိုးစံ

ဒီပုံတွေက စတုဒီသာ ထမင်းကို ခင်းကျင်းနေတဲ့ပုံတွေနဲ့ သုံးဆောင်ဘို့ စနစ်တကျ တန်းစီနေတဲ့ပုံတွေပါ။
ခင်ဗျားဟာ ဒုံးဆရာလား။
တီးဝိုင်းခေါင်းဆာင်လား။
အခန်းအနားရဲ့ သဘာပတိလား။
အခန်းအနားမှူးလား။
ယဉ်ကျေးမှု အဓိပတိလား။
အခုလို အတူတူတန်းစီပြီးစားရဲတဲ့ အဆင့်ကိုရောက်အောင် ကြိုးးစားကြည့်ပါ။









ခင်ဗျားရင်ထဲက နှလုံးသားထဲကို ကိုယ့်အမျိုးကိုချစ်တဲ့စိတ်နဲ့အတူ အမျိုးအတွက် စွန့်လွှတ်အနစ်နာခံချင်တဲ့
စိတ်တွေ အလိုလိုနေရင်း နေရာယူလာပါလိမ့်မယ်။
မယုံရင် နောင်နှစ်ကျရင် တန်းစီကြည့်လိုက်ပါလား။
နှာခေါင်းရှုံ့မနေနဲ့။
စည်းလုံးချင်တယ်၊ ညီညွတ်ချင်တယ်လို့ ပြောနေရုံနဲ့ မရဘူးလေ။
သိတယ်ဟုတ်။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)