• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Thursday, December 3, 2009

ဘီလ်ထဲမှာ

ဘီလ်ထဲမှာ(Bill)
(ချစ်တိုးနွယ်)

သေချာတာက
ကျသလောက်ရှင်းရ,မှာ
ငါလည်း မငြင်းသာဘူး။

ဝမ်းမီးကို ယာယီငြိမ်းသတ်ဘို့
အရေပြားကို အကာအကွယ်ပြုဘို့
လဲလျောင်းနားနေ အိပ်စက်ဘို့။

အခု
မှာထားတဲ့ငါးကင်ကို
ခက်ရင်းနဲ့ထိုးလှန်ကြည့်
ငါရှိနေတဲ့ အောက်ဘက်ခြမ်းမှာလည်း
ဘဝ,က သုံးချက်မွှန်းပြီးသား
စားသောက်ခန်းပါတဲ့ ၃၁ အစုန်ရထားမှာ
နံပါတ်ပါရင်ပြီးရော
တိတ်ကပ်ထားတဲ့ သဘောတရားတွေ
ကုလားဖဲခင်းအတူတူ
ငါ့ကုလားက စားပါတယ်ဆိုပြီး
ရင့်စား စားနေတဲ့ ဇယားတွေ
ရှုခင်းဘက် လှည့်ထိုင်တော့
မေတ္တာတရားက
တိုင်ခြေမှာ စရွေးပြုတ်နေပြီ


မင်းပြောပုံက
တချို့ကျတော့
အဝီစိရောက်တာတောင်
ထောင့်ကွက်လေးနဲ့ အိမ်ပိုင်လေးနဲ့
ဒီက ငရဲက ပိုပူနေသလိုမျိုး
ငါသိသလောက်
သိကြားမင်းရဲ့
လူ့ပြည်ရောက် နောက်ဆက်တွဲစာရင်း
ကိုယ်မှာသလောက် ကိုယ်ရှင်းရ,မှာ
အဲဒါ
ဟုတ်တယ်၊ မဟုတ်ဘူးလား?

ချစ်တိုးနွယ်
ပေဖူးလွှာ ရသ,စုံမဂ္ဂဇင်း