• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Thursday, December 3, 2009

ကလောင်ကိုင်လက်ကို ရိုက်ချိုးချင်စိတ်

ကလောင်ကိုင်လက်ကို ရိုက်ချိုးချင်စိတ်
(မင်းစိုးစံ)

ပန်းများကို ပွင့်စေသူ” ထဲက
ဂလဲ့စားခြေတဲ့ ဇာတ်လိုက် “ထင်ပေါ်” ကို
စာဖတ်သူတွေအတော်ကြိုက်တဲ့ပြန်စာ
စာရေးဆရာမ,ကြီး “ဒေါ်ခင်နှင်းယု
စိုးရိမ်မှုကြီးမားစွာနဲ့
လက်ခံခဲ့ရ,ရှာသတဲ့။

ငိုစရာရှိလည်း…..ငို
စိတ်ပူစရာရှိတာ….ပူပန်
ကြောက်စရာရှိတာလည်း….ကြောက်
ပြီးတော့…
လုပ်စရာရှိတာ….လုပ်” ဆိုတဲ့
အမှာစကားလေး
စာရေးဆရာမ,ကြီး “ဒေါ်ခင်မျိုးချစ်” က
တခုတ်တရ,ပြောပြသွားသတဲ့။

ကျုပ်အဖြစ်က
သစ်နဲ့ဝါးကို တွဲခင်းထားတဲ့
ခနိုးခနဲ့တံတားပေါ်လျှောက်ရင်း
မျှော်လင့်ခြင်းကြီးမားစွာနဲ့
သာယာတဲ့အသံကြားရ,ဘို့အရေး
ကြေးစည်ကို စကော(ဆန်ကော)နဲ့
ယပ်ခတ်ပေးနေတာဆိုတော့
စာဖတ်သူတွေကို
ဘာဆိုဘာမျှ
မရေးပြနိုင်
မပြောပြနိုင်ခဲ့တဲ့နောက်။

ကျုပ်လေ….
ကလောင်ကိုင်နေတဲ့လက်ကို
ရိုက်ချိုးပစ်ချင်တဲ့စိတ်တွေ
ပေါက်နေတယ်။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)